Professional Authors

အချိန်ဖြုန်းကြမယ်..။

အချိန်ဖြုန်းကြမယ်..။

             လောကကြီးက ပုံမှန်အတိုင်းလည်ပါတ်မယ်…..တိုင်းပြည်အစိုးရ တည်ငြိမ်ပြီး  နိုင်ငံရေး အပြောင်းအလဲ မရှိဘူး ၊ ကိုယ်၌ က လည်းခန္ဓာကိုယ် ကျန်းမာ၍ စိတ်လွတ်လပ်သူ ဖြစ်နေပါလျှင်……. ကျွန်တော်တို့မှာ  အချိန်တွေ သိပ်ပေါများပါတယ်…။ သုံးမကုန်တဲ့ အချိန်တွေကို ကိုယ့်စိတ်ဆန္ဒရှိသလောက် ဖြုန်းလို့ရနေပါတယ်…။

            အချိန်ဖြုန်းရတာဟာ ပိုက်ဆံဖြုန်းရတာထက် ပိုလို့လွယ်ပါတယ်..။ ဘယ်လိုကြောင့်လဲ ဆိုရင်  ငွေဆိုတာ အချိန်လို မပေါများ တဲ့အတွက် ဖြုန်းချင်တိုင်းဖြုန်းမရပါဘူး..။ ရှိမှ ပေါများမှ ဖြုန်းလို့ရနိုင်တာပါ..။ အချိန်ကတော့ လူရယ်လို့ ဖြစ်လာရင် ကိုယ်လုပ်ချင် သလောက်လုပ်နိုင်ဖို့ အချိန်ကို  အမိဝမ်းက ကျွတ်ကတည်းက “အော်တိုမစ်တစ်” ပိုင်ဆိုင်ခဲ့ပြီးသားမို့လို့  ဖြုန်းချင်ရင် စဉ်းစားစရာ ထဲ့ တွက်စရာမလိုပါဘူး..။ စိတ်ရှိသလို ဖြုန်းထဲ့လိုက်ရုံပါဘဲ… အဲ့တော့   နေ့(၁၂) နာရီ နဲ့ ည(၁၂)နာရီ ပေါင်းတစ်နေ့တာ (၂၄) နာရီ ဆို တဲ့ တစ် ရက်ကို ခွဲပဲဖြုန်းဖြုန်း … တပေါင်းတည်းပဲ ဖြုန်းဖြုန်း…  ကြိုက်သလိုသာ ဖြုန်း… ဖြုန်းလို့မ၀သေးရင် နောက် တစ်ရက် ဆိုတာ  လာဦးမည်   ..။ အဲ့မှာ ဆက်ဖြုန်းဒီလိုမှ မ၀သေးဘူး ဆို၇င် လတွေ ၊ နှစ်တွေ ကျန်းမာနေစဉ် ကာလ တစ်လျှောက်လုံးသာ အ၀ဖြုန်း…. ဘယ်သူမှ မဟန့်တားပါဘူး..။

        ဒါပေမယ့်  ဖြုန်းပုံဖြုန်းနည်းကတော့  အလွန် လိုအပ်ပါတယ်..။ ကိုယ်ဖြုန်းမယ့် အချိန်ကို  ကိုယ့်သွားမယ့် ဘ၀လမ်းခရီးအတွက်
အကျိုးရှိရာတွေမှာ ဖြုန်းတတ်ဖို့ လိုပါတယ်…။ ခုခေတ်လူငယ် အတော်များများ ဖြုန်းကြသလို P-2 ဂိမ်းဆိုင်၊ အင်တာနက်ဆိုင် ၊နက်ဝေါ့ခ်
ဂိမ်းဆိုင် ၊တစ်နေကုန် လဘက်ရည်ဆိုင် ထိုင်နဲ့ ဘိလိယက်ထိုး အစရှိသဖြင့်သော အလုပ်တွေနဲ့ ဖြုန်းကြမယ်ဆိုရင် အကျိုးရှိနိုင်စရာ ကိုယ်ပိုင်အချိန်ကို  ဖြုန်းတီးမှုလား  ဆိုတာ သေသေချာချာ ဂဃနဏ စဉ်းစားသင့်ကြပါတယ်..။

       ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…။ ဥပမာ p-2 တို့ နက်ဝေါ့ခ် ဂိမ်းတွေကို ဆော့ရင်းနဲ့  ကိုယ့်ဘ၀ကို ဂိမ်းကစားပွဲ တစ်ခုလိုသဘော ထားပြီး ဂိမ်းကစားကွက်တွေကနေ  သင်ယူနေတယ် ဆိုရင် ပေါ့…။

      ထို့အတူပဲ…။
      (infml the net.)ဆိုတဲ့ (internet.) လို့ ခေါ်တဲ့ “နိုင်ငံတကာ ကွန်ပြူတာ ကွန်ရက်” ကို ၀င်ရောက်သုံးစွဲရင်းနဲ့ “MIRC” “G- talk” ပေါက်တတ်ကရ  “Chat Room” တွေထဲမှာ  တကယ့်ကိုယ့်အတွက်  ဘ၀တိုးတက်ရာ မိတ်ဆွေရှာတာ ၊ “web page” တွေမှာ ကိုယ့်ဝါသနာနဲ့ အပ်စပ်ရာ ” data “တွေ “information” နဲ့”informally” တွေကို ရှာဖွေ ဖတ်ရှု့တာ  ဆည်းပူးတာ  ဆိုရင်ပေါ့..။

      ဒီလိုပဲ လဘက်ရည်ဆိုင် ထိုင်တာနဲ့  ဘိလိယက် ကစားခြင်းတွေဟာလည်း  ထိုနည်းလည်းကောင်းပါဘဲ…။

      ဒါပေမယ့်  ခုတော့ တွေ့နေ မြင်နေရသမျှသော ခေတ်လူငယ်တွေရဲ့ ပြယုဂ်တွေဟာ အထက်က ပြောသလိုတွေ…. ဘာမှ မပါ ပါဘူး
ဘာရည်ရွယ်ချက်မှ မရှိပါဘူး ။ တစ်နေ့ တစ်နေ့ လူငယ်တွေ ပေါပေါရတဲ့ အချိန်တွေကို ဖြုန်းလိုက်သမျှ ဖြုန်းနည်းတွေဟာ.. အံ့မခန်း
နိုင်အောင် များပြားလှပြီး ရည်ရွယ်ချက်မဲ့ကို ဖြုန်းနေကြတာပါဘဲ..။

      တချို့ဆို နေမြင့်မွှန်းလွဲမှ ထ မိဘဆီကနေ  ကိုယ်သုံးဖို့ ၅၀၀.. ၁၀၀၀ လက်ဖြန့်  ပြီးရင် တစ်နေကုန် သွားချင်ရာ သွား ၊ခြေဦးတည့်
ရာ ရှောက်သွား ၊စားချိန်ကြ အချိန်မှန် အိမ်ပေါ်တက် ထမင်းစား ၊ ညအချိန်မတော်မှ ပြန်လာ ကိုယ့်အိမ်ကို ကိုယ်  သူခိုးလို ပြန်ဝင် အိပ် ..
ဒါနဲ့ပဲ တန်ဖိုးဖြတ်မရတဲ့ တစ်နေတာ အချိန်ကို ကုန်ကြပါတယ်…။ ဒါဟာ သာမန်လူတန်းစားထက် အနည်းငယ်မြင့်တဲ့ လူလတ်တန်းစား
အဆင့်က လူငယ်တွေ ရဲ့ အချိန်ဖြုန်းနည်း လို့ ဆိုမယ် ဆို ဆိုလို့ရပါတယ်..။

     ဒီလိုမျိုးပဲ ချမ်းသာတဲ့ လူတန်းစားက လူငယ်တွေ ကြပြန်တော့လည်း …ငွေကြေးဥစ္စာ ပေါများတဲ့  ဘ၀မှာ လူလာဖြစ်ရတဲ့ ဘ၀ပေး
အခြေအနေအလျောက်. နေ့နေ့ ညည ကားတစ်စီးနဲ့ သွားချင်ရာကို သွား ၊ လုပ်ချင်ရာကို လုပ် ၊ ဒါကိုမှ ရိုးသွားပြီဆိုရင် ပြည်ပ သွားဈေး ၀ယ်….ပြည်တွင်း ပြည်ပက ” day club ” “night club” တွေတက်ပြီး စိတ်ထင်သလို မူးကြ ၊ ရူးကြ ၊ ပျှော်ကြပါးကြနဲ့  ဆန္ဒရှိသလို မိဘငွေကြေးကို သုံးစွဲ ဖြုန်းတီးပြီး အချိန်ကို ဖြုန်းကြပါတယ်..။

      ဒီအထဲကမှ  အခြေခံလူတန်းစားတွေ ဖြစ်တဲ့  လူငယ်တွေကြတော့… အထက်က လူတန်းစား နှစ်ရပ်နဲ့ အနည်းငယ် အချိန်ဖြုန်းပုံ
ခြားနားပါတယ်..။ ဘယ်လိုပုံ ခြားနားသလဲ ဆိုရင်…သူတို့မှာ တစ်ခြားသူများလို အချိန်ဖြုန်းနိုင်ဖို့ လိုအပ်ချက်ရှိပါတယ်.. ဒီလိုအပ်ချက်
ဟာ ဘာလဲ ဆိုတော့   ပိုက်ဆံပါ..။ ဒီအတွက် သူတို့ဟာ  သူတို့ပိုင် အချိန်တွေကို ဆန္ဒရှိသလို ဖြုန်းနိုင်ဖို့ရာ ငွေရှာရ ကြပါတယ်..။ သူ
တို့ ဘယ် လိုပုံ ငွေရှာကြရသလဲ ဆိုရလျှင်..
      
           ယေဘုယျ သာမန်လူတန်းစား ရပ်ကွက် တစ်ခုအတွင်းက လူငယ်တွေ ငွေရှာဖွေပုံရှာဖွေနည်းကို  သိသလောက်မြင်သလောက်    ရေးသားပြရသည် ရှိသော်…. ဆင်းရဲသည့် မိဘများ၏ ပညာရေးပံ့ပိုးမှု အားနည်းလျော့ပါးသည့် ဘ၀ပိုင်ရှင်များ ဖြစ်သည့် အတွက်  သူတို့ဟာ ကိုယ်ကာယကို ရင်းနှီးပြီး တစ်နေ့တာ လုပ်အားခ ငွေကြေးကို လဲလှယ်ယူရတဲ့နေ့စား ဆောက်လုပ်ရေး အလုပ်သမားဘ၀ကို   မိုးရွာမရှောင် နေပူမရှောင် ရယူကြရပါတယ်..။

ပန်းရံ ၊ လက်သမား ၊ ဆေးသုတ် အစရှိသဖြင့်သော  အလုပ်ကြမ်းတွေကို  နောက်လိုက်လုပ်သား အဖြစ်ရယူကြပြီး… တစ်နေ့တာ ကုန် ဆုံးလို့ ညနေ အလုပ်အပြန်ခရီးမှာ.. သူတို့ရဲ့ လက်ကျန် အချိန်ခရီးကို ဆန္ဒရှိသလို မိမိတို့ လက်တွင်းမှ ငွေကြေးပိုင်ဆိုင်မှု အတိုင်းအ တား အလိုက် ဖြုန်းကြပါတော့တယ်..။

     ကိုယ်ပင်ပင်ပန်းပန်း ရှာလာတဲ့ ငွေကို နှမျောတွန့်တိုမှု တစ်စုံတစ်ရာ မရှိပဲ  အရက်ဆိုင်ထိုင်ကြ ၊ လဘက်ရည်ဆိုင်မှာ သန်းခေါင် သန်းလွှဲထိုင်ပြီး  တောင်စဉ်ရေမရတွေ ထိုင်ပြောကြ ၊ ရပ်ကွက်ထဲ အသုဘရှိလျှင် ဖဲဝင်ရိုက်ကြ နဲ့ ဖြုန်းတီးကြပါတယ်..။ ဒီကြား ထဲကမှ ဆန်းဆန်းပြားပြား ခံစားမှုလေးနဲ့ အချိန်ဖြုန်းချင်တဲ့ လူငယ်တွေကြပြန်တော့ “marijuana ” (ဆေးခြောက် ) ယခုခေတ်ဆေး ဆိုင်တွေမှာ နားလည် မှု နဲ့ ပေါပေါများများ ၀ယ်လို့ရတဲ့ “heroin” အနွယ်ဝင် “tablet” တွေ သုံးစွဲ ကြပြီး ကိုယ့်ကျန်းမာရေးနဲ့ ဘ၀ ကိုယ်ဖျက်ပြီး အချိန်ဖြုန်းကြပါတော့တယ်..။  ကိုယ့်သွေးနဲ့ ချွေးနဲ့ ရင်းပြီးရလာတဲ့ လုပ်အားခကို မိဘကို ပြန်ပေးရကောင်းမှန်းလဲ မ သိကြပါဘူး..။ ပေးခဲ့သည် ဆိုလျှင်လည်း သုံးချင်ရာ သုံးပြီးမှ  ကျန်သည့် ငွေလေး တစ်ပဲခြောက်ပြားလောက် ပါပဲ..။

           ဤကဲ့သို့ လူတန်းစားမျိုးစုံက လူငယ်တွေ ဘယ်လိုပုံ ဘယ်လို နည်းလမ်းနဲ့ အချိန်ကို ဖြုန်းဖြုန်း…အချိန်တွေကတော့ လူ
ကျန်းမာနေစဉ် ဘ၀တစ်လျှောက် ဖြုန်းမကုန်အောင် ရှိ နေကြပါတယ်..။

          ဒါပေမယ့် ဒီလူငယ်တွေ ပေါပေါရလို့ ဖြုန်းခဲ့တဲ့ အချိန်တွေဟာ ပေါပေါနဲ့ ပြန်ဝယ်မရမှန်း အဲဒီအချိန်မှာ  သူတို့ မေ့နေကြပါ တယ်..။  ဒီလိုမေ့နေတဲ့ အမေ့ဟာ ဘယ်အချိန်မှာ မှ သူတို့ ပြန်သတိရလာကြသလဲ ဆိုရင်တော့….သူတို့ နှလုံးသားနဲ့ဘ၀ကို နာကျင်
စို့နင့်ထိခိုက်လာစေတဲ့ အချိန်မျိုးကို တွေ့မှပဲ ဖြစ်ပါတယ်..။ ဒီအချိန်မှာ သူတို့ ဖြုန်းခွင့်ရှိလို့ လွဲမှားစွာ ဖြုန်းခဲ့တဲ့ အချိန်တွေဟာ….
သူတို့ ဖြုန်းခဲ့ပုံ ဖြုန်းခဲ့နည်း အလိုက်.. သူတို့စိတ်နဲ့ ခန္ဓာကိုယ်ကို  လှလှပပကြီး ပြန်ဒဏ်ခတ်ပါတော့တယ်..။
         ဒီအချိန်ကြမှ  မှားမှန်းသိကြပါတယ် ။ ငိုကြပါတယ် ။ ကြေကွဲကြ ပါတယ်။ နာကျင်ကြ ပါတယ် ။ နောင်တတွေ တစ်လှေကြီးနဲ့ကျန်
နေတဲ့ အနည်းငယ်သော ဘ၀ အချိန်တွေကို ခရီးဆက်ကြရပါတော့တယ်…။

      ဒီနေရာမှာ တချို့ကလည်း ဖြုန်းပုံ ဖြုန်းနည်းလေး အနည်းငယ်မဆိုးရွားလေတော့  ကျန်ရှိနေတဲ့ သူတို့ အချိန်လက်ကျန်ကို  ကိုယ့်
ဘ၀အတွက် ကောင်းသော အချိန်ဖြုန်းနည်းလေးဘက်ကို  ပြောင်းလဲ ဖြုန်းတီးခွင့် ၇ကြပါတယ်..။ ဒါပေမယ့် ရည်ရွယ်ရာကို အဆုံးတိုင်
ရောက်သည် အထိတော့  သူတို့အတွက်  ဖြစ်မလာနိုင်တော့ပါဘူး..။

      ဒီထက်ဆိုးအောင် ဖြုန်းခဲ့ သူတွေကတော့  သူတို့ရဲ့ ကျန်နေတဲ့ ဆက်ဖြုန်းခွင့် အချိန်တွေကို  အသည်းတွေ ကြွေပျက်လို့ သွေး
တွေ ပါးစပ်က အန်ပြီး တစ်ဖုံ ၊ သံခြေကျင်း အခတ်ခံပြီး ကျောက်မိုင်းခွဲ ထုနေရတဲ့ ရဲဘက်လုပ်သား ဘ၀က တစ်မျိုး ၊ မူမှန် လူတစ်   ယောက်ရဲ့ ပကတိစိတ် ပျောက်ပြီး အရူးထောင် သံတိုင်ကြားမှာ နေနေရတဲ့ ဘ၀ပုံနဲ့ တစ်သွယ်.၊ သူငယ်ချင်း အပေါင်းအသင်းတွေ
ဆီမှာ အငြိုငြင်ခံပြီး လက်ဖြန့်ခံ အကူအညီယူ ဘ၀နဲ့တစ်နည်း ကုန်လွန်ကြရပါတော့တယ်…. တချို့ဆို ဒီထက်ဆိုးပြီး ပညာလေး တစ်ပိုင်းတစ်စနဲ့  ဘ၀အကြောင်းဘာမှ နားမလည်သေးတဲ့ အရွယ်မှာ စိတ်အလို လိုက်ခဲ့မိတဲ့ ဒဏ်ကြောင့် ကလေးတွေ ကုဋေကုဋာနဲ့ စုတ်ပြတ်သတ်နေတဲ့ အိမ်လေးတစ်လုံးထဲက မပြည့်စုံမှုပေါင်းများစွာ ၀ိုင်းပါတ်ခံထား၇တဲ့ မိသားစု ဘ၀နဲ့ စိတ်ဆင်းရဲစရာ အကောင်း ဆုံး နဲ့  လူ့လောက လက်ကျန် အချိန်တွေကို အားအင်ချိနဲ့စွာ ဖြုန်းကြရပါတယ်….။

          ဒါဟာ…. အချုပ်အနေနဲ့ သုံးသပ်ကြည့်မယ်ဆိုရင် ဖြုန်းလို့ရတဲ့ အချိန်ကို  မမှန်ကန်တဲ့နည်းတွေနဲ့ ကိုယ့်ဘ၀တိုးတက်မှုကို
ဖီဆန်ပြီး ပေါ့ပေါ့တွေး ပေါ့ပေါ့နေပြီး ကိုယ့်ဘ၀အချိန်တွေကိုရည်ရွယ်ရာမဲ့ အလဟဿ ဖြုန်းခဲ့မိကြလို့ပါပဲ..။

     အမှန်တကယ်ဆိုရင်  ကိုယ့်ရဲ့ ဖြတ်သန်းရာ ဘ၀ခရီးအတွက် အကျိုးအမြတ် ဖြစ်စေနိုင်မယ့် အကျိုးပြုလုပ်ငန်းဆောင်တာတွေ ပြု
လုပ်ရင်း ပေါလှတဲ့ အချိန်တွေကို ဖြုန်းသင့်ကြပါတယ်..။ ထိုကဲ့သို့ပဲ  အချိန်ဆိုတာ ပြန်ဝယ်ယူလို့၇နိုင်မယ့်  အရာတစ်ခု မဟုတ်ဘူးဆို
တာ ထိုစဉ်ကတည်းက သိသင့်ပါတယ်..။ ကိုယ်ငယ်ရွယ်စဉ်မှာ အချိန်ဖြုန်းနိုင်အောင် ဖြုန်းခွင့်ပြုတဲ့ ကိုယ့်ရဲ့မိဘတွေဟာလဲ…ခိုင်မာတဲ့
ဒြပ်ဝတ္တု ပစ္စည်းတွေ မဟုတ်ဘဲ  ဖြစ်လွယ် ပျက်လွယ်တဲ့  ရုပ်နာမ်ခန္ဓာနဲ့ တည်ဆောက်ထားတဲ့ သေမျိုးဖြစ်ပြီး အချိန်မရွေး ကိုယ့်ဘေး
နားက ထွက်ခွာသွားနိုင်တယ် ဆိုတာ သိထားသင့်ပါတယ်..။

   ကိုယ့်ရဲ့ (objective.) ဦးတည်ချက်မရှိပဲ ဖြုန်းခဲ့တဲ့ အချိန်ကို ( Ideal word.) အစစ်အမှန်တည်ရှိနေသော လောကရဲ့ (Being.) ရှိမှု၊
( knowing.) သိမှု တွေနဲ့ ထိတွေ့ကြုံတွေ့လာရတဲ့ ကာလမှာ ကိုယ်ကိုတိုင်ပဲ အဆိုးအကောင်းမှန်သမျှ  ပြန်ခံစားရမယ်ဆိုတာကို  သိထားသင့်ပါတယ်..။

       တကယ်တော့ စိတ်ခံစားမှု အရ ရှေ့လာမယ့်ဘ၀ကို မတွေးတောတတ်ဘဲ ကြိုတင်မပြင်ဆင်တဲ့ အချိန်ဖြုန်းနေခြင်းဟာ..(meaning
fulness.) အဓိပ္ပါယ် တိကျသေချာမှု မရှိတဲ့ (empiricist.) အာရုံသိ ပဓာန၀ါဒီ ဆိုတဲ့ ၀ါဒကို  (existentialist.)ဖြစ်တည်မှုပဓာန ၀ါဒီနဲ့
 ပေါင်းစပ်နေခြင်းပဲ ဖြစ်ပါတယ်..။ ဒီပေါင်းစပ်မှုဟာ ဘယ်တော့မှ ဆုံဆည်းခြင်းမရှိနိုင်မယ့် လောကနဲ့ ဆန္ဒကြားမှာရှိတဲ့ အကြီးမား ဆုံး   သော(gap.) အဟ… ဟနေသော ပေါင်းစပ်မှုသာ ဖြစ်ပါတယ်..။

      လူငယ်ဆိုတာ တန်ဖိုးဖြတ်မရသေးတဲ့ တွင်းထွက်စ ကျောက်ရိုင်းတုံး ဖြစ်ပါတယ်..။ ကိုယ့်ကိုကိုယ်သာ မှန်ကန်တဲ့ အကျိုးရှိတဲ့ အ
ချိန်ဖြုန်းနည်းနဲ့ ပွတ်တိုက်လိုက်မယ်ဆိုရင် သိန်းကျောက်ကနေ  ပြည်တန်ကျောက်ဘ၀ အထိ ပြောင်းလဲသွားနိုင်တဲ့ ဘ၀မျိုးကို ရရှိသွား
နိုင်သည်မှာ ဧကန်မလွဲ ဖြစ်ပါတယ်..။ နိုင်ငံနဲ့ လူမျိုးအတွက်  တန်ဖိုးဖြတ်မရတဲ့ လူသားတွေ ဖြစ်လာနိုင်ပါတယ်..။ဒါကြောင့်  ဒီဆောင်း
ပါးကို ဖတ်ပြီး မိမိတို့ရဲ့ ပေါလှတဲ့ အချိန်တွေကို မှန်ကန်သော မိမိဘ၀အကျိုးပြု လုပ်ငန်းတွေမှာ ယခုကစလို့ လက်တွေ့ကျကျ ဖြုန်းတီး
နိုင်ကြပါစေ…။

                                     ကကြီး။(၁၇.၁.၂၀၁၂)

                                http://kagyi13.blogspot.com/

In: ဆောင်းပါး Posted By: Date: Jan 17, 2013
Comment #1

thx so much.
get lots of kniwledges,

commentinfo By: ei lay at Jan 23, 2013
Comment #2

thz xo much
get lots of knowledges,

commentinfo By: ei lay at Jan 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment