Professional Authors

ကျေးဇူးတရား။

ကျေးဇူးတရား…။

   ဗုဒ္ဓဘာသာတို့တွင်… ဦးစားပေး စောင့်ထိမ်းရမည့် အကြောင်းအရာ များစွာထဲတွင်  သူကျေးဇူးသိတတ်ရခြင်း သည်လည်း  ပါဝင်လေ၏..။ ဗုဒ္ဓဘာသာဝင်တို့ မဖြစ်မနေသိထားရန်လည်းလိုပါသည်..။  “” ကျေးဇူးတရား ဆိုသည်မှာ….. သူတစ် ထူး မှ  မိမိအားကောင်းသော တစ်စုံတစ်ခု အကျိုးပြုပေးခြင်းကို ဆိုလိုပါသည် “”..။ .

    ထိုသို့သော ကျေးဇူးပြုပေးသူသည် ကျေးဇူးအပြုခံရသူအတွက်  ကျေးဇူးရှင်မည်ထိုက်ပါသည်…။ ခင်ပွန်းကြီး
(၁၀)ပါးတွင်လည်း ကျေးဇူးရှင်ကို ထည့်သွင်းထားပါသည်…။ ပြစ်မှားလျှင်လဲ အကျိုးအပြစ်များစွာပေးနိုင်ကြောင်း
ဆိုထားပါသည်…။

    လူတိုင်းတွင် ဘ၀တစ်ကွေ့ တစ်သံသရာ၌မိမိအပေါ် ကျေးဇူးပြုပေးခဲ့သူ.. တစ်ဦးမရှိတစ်ဦးရှိနိုင်ပေသည်..။ မိမိသိသာမြင်သာ ပြုသောသူ ၊ မိမိဂရုမပြုမိလောက်သည့် အရေးကိစ္စ မျိုးပြုပေးခဲ့သူ စသဖြင့် ကျေးဇူးပြုပေး သူများစွာ မိမိတို့တွင်  ရှိဖူးခဲ့ကြလေပြီ..။

  ကျေးဇူးဆိုသည်မှာ တင်တတ်သူအတွက်အရာရာသည်  ကိုယ့်ကျေးဇူးရှင်များ ဖြစ်ကြပါသည်..။ ဖွဲ့စည်းမှု ဓါတ်ကြီးလေးပါးပင်လျှင်  မြင်တတ်လျှင် ကိုယ်၏ ကျေးဇူးရှင်မည်ပါသည်..။ မြေ.. ၄င်းမြေကြီးရှိ၍ မိမိတို့  သွားလာခွင့်ရသည် ၊ ရေ… ၄င်းရေရှိ၍သာ မိမိ သောက်သုံး အသက်ရှင်ခွင့်ရသည် ၊ လေ …. ၄င်းလေ ရှိ၍သာ မိမိတို့ ရှုရှိုက်လန်းဆန်း အသက်ရှင်ခွင့်ရသည်၊ မီး….. ၄င်းမီးရှိ၍သာ မိမိတို့ ချက်ပြုတ်စားသောက်ခွင့် နှင့် ညအခါ အမှောင်ပယ် အလင်းဆောင်ခွင့် ၇ရှိကြသည်…။ 

   ထို့အတူပဲ  သက်ရှိ ဖြစ်ကြသော မိမိတို့ ပါတ်ဝန်းကျင်ရှိ  မိဘ၊ ညီအစ်ကိုမောင်ဘွား ၊မိတ်ဆွေ အပေါင်းအသင်း၊
ယုတ်စွှအဆုံး တိရိစ္ဆာန် သတ္တ၀ါများသည်ပင် မိမိအပေါ် တစ်စုံတစ်ခုသော ဘေး၇န်ကာဆီးခြင်း၊ တစ်စုံတစ်ခုသော
အကျိုးဖြစ်စေခြင်း များ ပြုပေးခဲ့နိုင်ပါသည်… ထိုကြောင့် လောကတွင် ရှင်သန်နေသမျှ  အကောင်းမြင်ဝါဒ၊ ဗုဒ္ဓ၀ါဒရှိသော သူတိုင်းသည် ကျေးဇူးတရားကို သိကြရပါမည်…။ သိသင့်ကြပါသည်။ သိရန်လိုအပ်လှပါသည်။

      မိမိအပေါ်တင်ရှိနေသော ထိုကျေးဇူးတရားကို မပေးမဆပ်နိုင်သည် ရှိသော်… အပြစ်မဖြစ်ပါ…. သို့သော် သူ့ကျေးဇူးကို မိမိစိတ်သန္ဓေတွင် အမြဲမြင်ယောင်အောင့်မေ့ဆင်ခြင်နှလုံးသွင်းထားအပ်ပါသည်..။ သူ့ကျေးဇူးကို မမေ့မလျော့သော အသိနှင့် အသက်ရှင်နေထိုင်သောသူသည် ဗုဒ္ဓဘာသာစစ်… အကောင်းမြင်ဝါဒ သမား စစ်   ဖြစ်ပါသည်..။

   မဃဒေ၀လင်္ကာကျမ်း တွင် မန်လည်ဆရာတော် ဘုရားကြီးက ဤသို့ကျေးဇူးတရားနှင့်ပါတ်သတ်၍ ဆုံးမ မိန့်ဆိုထားပါသည်..။

      “” သ၀ိ ဥာဏက၊ မဟုတ်စွသေး၊ ရုက္ခသာယာ၊ သစ်ရပ်သာ၌ ၊ရံခါတစ်စိုက် ၊ကြုံကြိုက်နေနား ၊ ခိုမိငြားက ၊
ပြစ်မှားလိုလျက် တရားဖျက်၍ ၊ အခက်ကိုမျှ မချိုးရဘူး “”

  ဟူ၍  လောကလူသားတို့ မမိုက်မှားမိရန် သတိပြုဆင်ခြင်နိုင်ရန် ဆိုဆုံးမထားပါသည်….။သဘောမှာ မိမိအတွက်
တစ်ရံတစ်ခါ၌ တစ်စုံတစ်ရာသည်၊ တစ်စုံတစ်ခုသည် နားခိုရာ  အားကိုးအားထားရာ အမိုး၊အကာ၊နေရာ၊   ဖြစ်ခဲ့ သည်ရှိသော သက်မဲ့ပင်ဖြစ်လင့်ကစာ… ကျေးဇူးမသိတတ်သော သဘောနှင့်  တစ်ဖဲ့သော်မျှ ချိုဖဲ့ခြင်း မပြုရန် မြစ်တားခြင်း ဖြစ်ပါသည်..။

    ထိုအတူပဲ ကျေးဇူးတရားကို မသိတတ်… စော်ကားသောဗုဒ္ဓဘာသာဝင်များအတွက်လည်း ဤသို့ အပြစ်ရနိုင်
ကြောင်း စာပေကျမ်းဂန်များ၌ ဆိုထားပါသေး၏ ။ ဤသည်ကို “” ဗြဟ္မဒဏ် “” တစ်နည်း (ဒဏ် ၁၀ ပါး) ဟုဆိုပါသည်..။ ထိုဒဏ်များမှာ..

၁။ ဖရုသံ ၊
  ကြမ်းတမ်းခက်ထန်သော ဝေဒနာကိုဖြစ်စေနိုင်ပြီးသွေးထွက်သံယိုခြင်းများကိုပါ ခံစားရတတ်၏ ။

၂။ဇာနိံ၊
  ဥစ္စာပစ္စည်း ၊ရာထူးဂုဏ်သိန်တို့ ပျက်ဆီးဆုတ်ယုတ်တတ်ပြီး လုပ်ခွင်ရေးရာများ လွဲချော်တတ်၏ ။

၃။ သရီရာသ၀သေဒနံ ၊
   ခန္ဓာကိုယ်အင်္ဂါများ ပျက်စီးချို့ယွင်းတတ်၏ ။

၎။ဂရုသံဝါပိ အာဗာဓံ ၊
  ကြီးလေးသော ၊ ပျောက်ခဲသော အနာရောဂါများကို ဖြစ်စေ၏ ။

၅။စိတ္တက္ခေဖံစပါပုဏေ ၊
  စိတ်ချို့ယွင်းသူ ၊စိတ်မနှံ့ရူးသွပ်သူ ဖြစ်တတ်၏ ။

၆။ရာဇတောဝါဥပသဂ္ဂံ ၊
  မင်းဘေး ၊မင်းဒဏ်သင့်တတ်၏  ။

၇။အဗ္ဘက္ခာနံ ဒေါရုနံ ၊
  ကြမ်းတမ်းသော စွပ်စွဲမှုကို ခံရတတ်၏ ။

၈။ပရိက္ခယံဝဥာတိနံ ၊
  အားကိုးအားထားဆွေမျိုးများ ပျက်ဆီးတတ်၏ ။

၉။ဘောဂါနံ ၀ဃာဂုင်္ရံ ၊
  ရရှိပြီးသော စည်းစိမ်ဥစ္စာများ ပျက်ဆီးစေတတ်၏ ။

၁၀။အဂါရာနိ အဂ္ဂဍအတိပါဝကော ၊
  မှီခိုနေထိုင်ရာ အဆောက်အဦးများ မီးလောင်ပျက်စီးတတ်၏ ။

    ထိုသည် မိမိကို ကျေးဇူးတစ်စုံတစ်ရာကို ပြုပေးသော အရာ၊လူ၊ ပုဂ္ဂိုလ်ကို  ကျေးစွပ်စော်ကားမိလျှင်၇ရှိသော
အကျိုးအပြစ်များဖြစ်ပါသည်…။
   “” ကျေးဇူးတရာဆိုသည်မှာ နည်းသည် ၊ များသည် ဟူလို့ မရှိပါ.. ရေတစ်ငုံသည်လည်း ပြုခံရသူမိမိအတွက်
ကျေးဇူးတင်ထိုက်သော အရာဖြစ်၍… ရွှေတစ်ပိဿာသည်လည်း ပြုခံရသူမိမိအတွက်ကျေးဇူးတင်ထိုက်သော      အရာဖြစ် ပါသည်.””..။
   ကျေးဇူးတရားဟူသည်  သိတတ်လျှင်  သိတတ်သောသူကို အကျိုးပေးသန်သလောက်… မသိတတ်လျှင်..စော်
ကားမိလျှင်  စော်ကားမိသောသူကို အပြစ်ဖြစ်ရန် အားကြီးလှပါသည်…။

   ထို့ကြောင့် မိမိတို့၏ ဘ၀တွင် မိမိတို့အား အကျိုးကျေးဇူးပြုပေးခဲ့သော… တစ်စုံတရာ ၊ တစ်စုံတစ်ဦးကို..
သိ၍ဖြစ်စေ… မသိ၍ဖြစ်စေ  မပြစ်မှား မစော်ကားမိစေရန်… စေတနာရှေ့ထား၍ ယနေ့ (၀ါဆိုလပြည့်နေ့) တွင်
ကျွန်တော်စာဖတ်ပရိတ်သတ်ထံ ဤဆောင်းပါးလေးကို သိသလောက်တင်ပြရေးသားခဲ့ပါသည်…။

ကကြီး။
http://kagyi13.blogspot.com/
http://kyagee13.blog.com/.
http://kagyi.wordpress.com/
http://kyagee13.multiply.com/

In: ဆောင်းပါး Posted By: Date: Aug 2, 2012
Comment #1

Phat shu arr pay twar par de

commentinfo By: ei lay at Oct 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment