Professional Authors

Valentine ကို တိတ်တဆိတ်ဖြတ်သန်းခြင်း

Valentine Day ခေါ် ချစ်သူများနေ့ဆိုတာ အနောက်နိုင်ငံတွေကနေ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့နေ့တစ်နေ့ဖြစ်ပေမယ့် ယဉ်ကျေးမှုတွေ ကူးလူးဖလှယ်လာတဲ့ ဒီနေ့ခေတ်ကြီးထဲမှာတော့ 14 ရက်နေ့မတိုင်ခင် ဖေဖော်ဝါရီလစကတည်းက social network တွေဖြစ်တဲ့ facebook , gtakl, gmail အစရှိတဲ့ site တွေထဲမှာ အဲဒီနေ့ကျင်းပမည့် Hip Hop Show ပွဲတော်ကစလို့ comment တွေရေး၊ ပို့စ်တွေတင်၊  ဆွေးနွေးငြင်းခုံလာကြတာ ဒီနေ့အထိပါပဲ။ ဘယ်သူတွေ ဘာတွေပဲပြောနေနေ ချစ်သူရှိတဲ့သူတွေအဖို့ကတော့ Valentine Day ဆိုတာ သူတို့ရဲ့ အမှတ်တရနေ့တွေထဲက တရားဝင်အမှတ်တရအဖြစ်ဆုံးနေ့တစ်နေ့ပဲဖြစ်မှာပါ။
ဒါဖြင့် ကျွန်မအတွက်ရော ….
ကျွန်မအတွက်လည်း မနေ့မနက်ကအထိ ဒီနေ့ကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည်နူးနေဆဲပါ။
ဒါပေမယ့် ဒီနေ့မှာတော့ ……….
အခြေအနေတွေဟာအမြဲတမ်း ပြောင်းလဲနေတယ်အချစ်ရယ်ဆိုတဲ့သီချင်းလေးအတိုင်း မနက်နဲ့ည ပြောင်းလဲသွားတဲ့ အခြေအနေတွေကို အံ့သြစွာဖြင့် ကျွန်မလက်ခံလိုက်ရပါတော့တယ်။
မတတ်နိုင် …. ဖူးစာရေးနတ်သားလေးက ကျွန်မကို ဒီနှစ်တစ်ယောက်တည်းကြေကွဲစွာဖြတ်သန်းပေရော့ဆိုပြီး ကျီစယ်လိုက်လေသည်။
ဒီတော့လည်း … တက်စရာရှိတဲ့ ရုံးကိုတက်၊ လုပ်စရာရှိတဲ့အလုပ်တွေကိုလုပ်ရင်း၊ ၀တ်စုံဆင်တူဝတ်ကာ ပျော်ရွှင်နေကြသောစုံတွဲများ၊ V-Day အထိမ်းအမှတ် အသည်းပုံကြီးများဖြင့် လှပစွာတန်ဆာဆင်ထားသော Shopping Centre ကြီးများကိုကြည့်ကာ စိတ်လက်မသာမယာဖြင့် ကျော်လွှားရပေတော့မည်။
စိတ်ထဲမှာတော့ …
မ…ဖြစ်….ခဲ့…ရင် ဆိုသည့်စကားလေးကို ကြေကွဲစွာရေရွတ်နေမိသည်။
နှစ်ဦးသားတွေ့ဆုံရန်ချိန်းဆိုထားသည့်နေ့က တနင်္လာနေ့မဖြစ်ခဲ့ရင် …
သူ၏အရေးကြီးသော appointment တစ်ခုလုပ်ဆောင်ခဲ့ပြီး သူ့အခင်ဆုံးမိတ်ဆွေများနှင့်တွေ့ဆုံကာ မသောက်ဖြစ်ခဲ့ကြရင် …
သူမနှင့်ချိန်းဆိုထားသည်ကို သူ မေ့သွားကာသတိရတော့မှ ကားငှားကာထွက်လာခဲ့ပြီး
ငှားသည့်ကားက လမ်းမှာပျက်မသွားခဲ့လျှင် …
သူမအနေနှင့်လည်း …
ညလယ်ရာက်သည်အထိ အိပ်ပျက်ခံကာ သူ့အတွက်ကဗျာမရေးဖြစ်ခဲ့လျှင် …
သူအံ့သြသွားအောင် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ကဗျာနှင့် ကိုယ်တိုင်ဒီဇိုင်းလုပ်ထားသည့် Post Card လေးကို သူ့အတွက်မတင်ဖြစ်ခဲ့ရင်
ကားမှတ်တိုင်မှာ 45 မိနစ်တိတိစောင့်လိုက်ရသောကြောင့် အလွန်အမင်းဒေါသမထွက်ခဲ့ဘူးဆိုလျှင် …
သူမတို့ဒီလိုအဆင်မပြေမှုတွေ ဖြစ်ခဲ့ကြမှာမဟုတ်ဘူး။

နောက်ဆုံးမှာတော့ ….
နှစ်စဉ်နှစ်တိုင်း V-Day နေ့မနက်စောစော သူလာပို့သည့် ချောကလက်နှင့်ပန်းစည်းတို့ကို မေ့နိုင်အောင်ကြိုးစားရင်း …
စိတ်ဖြေသည့်အနေဖြင့် မနှစ်ကဆင်တူဝယ်ထားသည့်တီရှပ်အဖြူလေးကိုဝတ်ရင်း …
လုပ်ဖော်ကိုင်ဖက်ညီမလေးများ၏ အမ ဒီနေ့ဘာအစီစဉ်ရှိလဲဆိုသည့်အမေးစကားလေးများကို မချိပြုံးလေးဖြင့် ခေါင်းခါပြရင်း …
တစ်ကိုယ်တော် တိတ်တဆိတ် ဖြတ်သန်းရပေတော့မည်။

greenlady

In: ဆောင်းပါး Posted By: Date: Feb 14, 2012
Comment #1

နှစ်စဉ်နှစ်တိုင်း V-Day နေ့မနက်စောစော သူလာပို့သည့် ချောကလက်နှင့်ပန်းစည်းတို့ကို မေ့နိုင်အောင်ကြိုးစားရင်း …
စိတ်ဖြေသည့်အနေဖြင့် မနှစ်ကဆင်တူဝယ်ထားသည့်တီရှပ်အဖြူလေးကိုဝတ်ရင်း …
လုပ်ဖော်ကိုင်ဖက်ညီမလေးများ၏ အမ ဒီနေ့ဘာအစီစဉ်ရှိလဲဆိုသည့်အမေးစကားလေးများကို မချိပြုံးလေးဖြင့် ခေါင်းခါပြရင်း …
တစ်ကိုယ်တော် တိတ်တဆိတ် ဖြတ်သန်းရပေတော့မည်။

commentinfo By: kantkawmg at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment