Professional Authors

“၂၀၁၂ (Poetry International Web)မှာ ရွေးချယ်ဖေါ်ပြခံရတဲ့မြန်မာကဗျာဆရာ ၆ ဦးရဲ့ကဗျာများ”

ဒီဆောင်းပါး PIW မှာပါလာပြီး သိပ်မကြာခင်မှာ ကျွန်တော်ဖတ်ရပါတယ်။ဆရာဇေယျာလင်း ၀ပ်ဆိုက် မှာလည်းဖော်ပြထားပါတယ်။ကျွန်တော်လည်း ပြန်ထားပြီးဒီအတိုင်းထားထားတာ ခုဆို သက်တမ်းဟာ (၁) လကျော်ကျော် နှစ်လရှိသွားပါပြီ။ ခုတော့ ပြန်ဖတ်မိတာနဲ့ ဖတ်စရာလေး ရစေချင်တဲ့ သဘောနဲ့တင်လိုက်တာပါ။ ဗီယက်နမ်ကဗျာဆရာရဲ့အပိုင်းကိုတော့ချန်ခဲ့ပါတယ်။ ကဗျာတွေကိုတော့  အကုန်းလုံးမဖော်ပြနိုင်တဲ့အတွက် ဖတ်ချင်ရင် PIW ၀ပ်ဆိုက်မှာ သွားဖတ်လို့ရပါတယ်။ ဆရာ ဇေယျာလင်းရဲ့ ကဗျာကိုပဲဖော်ပြလိုက်ပါတယ်။ သူတို့ပြန်ထားတဲ့မူရင်းအတိုင်းဖော်ပြလိုက်တာပါ။

 

ဒီနှစ် ၂၀၁၂ နှစ်သစ်အကူးမှာ နိုင်ငံတကာကဗျာကွန်ယက်(Poetry International Web)ရဲ့ ပရိတ်သတ်ကို ပျော်ရွင်သောနှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း။ ကဗျာအထူးကဏ္ဍတစ်ရပ်ကို မြန်မာ(Burma) နိုင်ငံမှကဗျာဆရာခြောက်ဦး ရဲ့ကဗျာနဲ့ဗီယက်နမ်နွယ်ဖွားအော်စတြီးရမ်းသား ကဗျာဆရာ ငူရင်းတီယမ်ဟွန်း (Nguyễn Tiên Hoàng)ရဲ့လက်ရာတွေနဲ့အတူ နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။

 

မြန်မာနိုင်ငံဟာ  ကမ္ဘာနဲ့အဆက်သွယ်ပျက်ပြီး စစ်အုပ်ချုပ်ရေးအောက်မှာ အထီးကျန်စွာနဲ့ ဆယ်စုနှစ်ငါးစုစာ လောက်နေထိုင်ခဲ့ရပါတယ်။ကုန်ခဲ့တဲ့နှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရာကနေ နိုင်ငံတကာ အာရုံ စိုက်မူကိုရလာပြီး။ နိုင်ငံခြားရေးဝန်ကြီးဟစ်လရီကလင်တန်လည်း လာရောက်လည်  ပတ်သွားပါ တယ်။ ဒါဟာ မြန်မာနိုင်ငံဟာ အနောက်နဲ့ ဆက်ဆံရေးကိုအသစ် တဖန်ပြန်လည်ဆန်းသစ်စေ မူလည်းဖြစ်တယ် လို့ဆိုရပါမယ်။နောက်ပြီး ၂၀၁၁ နိုဝင်ဘာမှာလည်း ရောဘတ်လီဘားမန်းရဲ့ အကောင်းဆုံးမှတ်တမ်းတင် ရုပ်ကား တစ်ကားဖြစ်တဲ့ “သူတို့က အဒါကို မြန်မာနိုင်ငံလို့ခေါ်ကြတယ်”(They call it Myanmar)ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်ဟာ နိုင်ငံတကာမှတ်တမ်း တင်ရုပ်ရှင်ပွဲတော်မှာအကောင်းဆုံးရုပ်ရှင်စာရင်းဝင်ခဲ့ပါတယ်။ အဒီရုပ်ရှင်က လက်ရှိ ခေတ်ပြိုင်မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ပညာရေး၊နိုင်ငံရေး၊ဖွံ့ဖြိုးရေးနဲ့ သရုပ်သကန်  (identity)လိုစတဲ့နယ်ပယ် တွေမှာရုန်းကန်နေရပြီး၊ ဆင်းရဲတွင်းနက်နေတဲ့ စိတ်ဝင်စားစရာအကောင်းဆုံးသော ပုံရိပ်တွေကို ဆေးပန်း ချီခြယ် မူန်းသွားပါတယ်။

မြန်မာနိုင်ငံအပေါ်ကမ္ဘာကအာရုံစိုက်လာမူနဲ့အတူ ဒီနှစ်နောက်ပိုင်းမှာထုတ်ဝေမဲ့ “အရိုးများက အော်ခေါ် နေကြသည်” (Bones Will Crow)ကဗျာစာအုပ်ကို အယ်ဒီတာ ကိုကိုသက်နဲ့ ဂျိန်း(စ်)ဘိုင်နေတို့ကဦးစီးပြီး မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာပြန်ဆိုထားပါတယ်။ဒါဟာ အချိန်သင့်အခါသင့်လို့လည်းဆိုရပါလိမ့်မယ်။ စာဖတ်သူတွေ ကြုံတွေ့ရမှာက ကမ္ဘာနဲ့အဆက်ဖြတ်ခံရပြီး၊ဆင်ဆာတွေအထပ်ထပ်ဖြတ်တောက်နေမူကြားက မြန်မာကဗျာ ဆရာတွေရဲ့ Avant-gardeဆိုတဲ့ ရှေးဦးတပ်ဦးနဲ့ပို့(စ်)မော်ဒန်ဖန်းတီးမူအရေးသားတွေကို တအံ့တသြတွေ ရမှာဖြစ်ပါတယ်။ မြန်မာကဗျာဆရာတွေဟာ ပို့(စ်)မော်ဒန်အရေးအသားတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစု ကျော်ကျော်လောက်ကရေးသားလာခဲ့ကြပါတယ်။ဒါကြောင့် ဒီကဏ္ဍမှာ ခေတ်ပြိုင်မြန်မာ ကဗျာဆရာ ခြောက်ဦးရဲ့ကဗျာတွေကို အထူးကဏ္ဍအနေနဲ့ဖောပြထားပါတယ်။အဒီ့ခြောက်ဦးကတော့၁၉၇၀ ဝန်းကျင် မိုးဝေလူပ်ရှားမူရဲ့ ဦးစီးဦးဆောင်တွေဖြစ်တဲ့ အောင်ချိမ့်၊မောင်ချောနွယ်၊မအိ၊ မောင်ပြည်မင်း၊ မောင်ယုပိုင် နှင့် ဇေယျာလင်းတို့ပဲဖြစ်ပါ တယ်။ကိုကိုသက်က ဇေယျာလင်းကို ချား(လ်)ဘန်စတိုင်းကို အဖြေပေးသူဟလို့ဆိုပါတယ်။( မောင်ယုပိုင်က ၁၉၈၁ဖွားဖြစ်၍ မိုးဝေလူပ်ရှားမူတွင်ထည့်လိုမရဟုထင်ပါသည်။ စာရေးသူ)။

 

 

” ၄၅ သန်းတန်ယုံကြည်မူ”

 

 ဘုရားသခင်ရဲ့ ကွန်မြူနစ်တိုင်းပြည်မှာ

 လယ်သမားတွေ ခရစ်တော်ကို

 ပြန်လည်တပ်ဆင်နေကြတယ်

 

လယ်သမားသုံးယောက် အင်္ကျီကျွတ်တွေနဲ့

လံကွတ်တီပဲထားတဲ့ ခရစ်တော်

ရုပ်တုဟာ ဒူးညွှတ်ကွေးပြီး တစ်ယောက်ကိုမှီ

တစ်ယောက်ဟာ ဘယ်ဘက်ပခုံးငုတ်ထဲ

ဘယ်ဘယ်လက်တံကို လူလိုထိုးသွင်း

 

တတိယလူဟာ တိုက်အိုထဲက ထွက်လာတယ်

ခရစ်တော်ရဲ့ ညာဘက်လက်တစ်ဖက်လုံး

ပခုံးမှာ မြင့်မြတ်စွာထမ်းလို့

ယနေ့တရုတ်ပြည်တွင် ခရစ်ယာန်ဘာသာဝင်

၄၅သန်းထက်မနည်းရှိကြောင်း သတင်းထိုပြန်

Newsweek မေ၊၁၆၊၂၀၀၄-

တုင်းပြည်စီးပွားရေး ဦးမော့လာတာနဲ့အမျှ

ဒီအနောက်တိုင်း ဘုရားသခင်ဝါဒ

(ဥရောပကို ခြောက်လှန့်ခဲ့တဲ့ တစ္ဆေကြီး)

မြေအောက်ဝတ်ပြုကျောင်းတွေထဲက

နေ့အလင်းရောင်ထဲ စမ်းသပ်ထွက်ခွင့်ရ

 

ရာစုနှစ်များစွာ သွေးစွန်းဆူးခက်သရဖူနဲ့

ဘုရားဝိညာဉ်ပူးသားတော်ဟာ လူဖြစ်မူဝေဒနာနဲ့

ဦးခေါင်းညာဘက် လည်လိပ်ဇက်ကျိုးလို့

အလုပ်ကြမ်းနဲ့ ပညာပေးစခန်းကများ

ပြန်ရောက်လာသလား အောက်မေ့ရ

(အောက့်မေ့ဖွယ်ခန်းမမှာ

လက်ဝါးကပ်တိုင် ပေါ်ပြန်တင်ဖို့)

သိုးမည်းတွေရှာဖွေဖို့

ဝိညာဉ်တွေကယ်တင်ဖို့

ဘုရားသခင်ရဲ့ အာဏာနီ

နူတ်ထွက်စကား ကမ္ဘာအနှံ့ဖြန့်ဖို့

 

အဖဘုရားသခင်

ယုံကြည်သူများရဲ့ ကယ်တင်ရှင်

 

တနင်္ဂနွေဟာ အရှင့်အတွက်

ကျန်ခြောက်ရက်ဟာ ပြည်သူနဲ့ ပါတီအတွက်

ဘုရားသခင်ရဲ့ လက်ဝါးကပ်တိုင်းပြည်

ရှေ့ထက်လှမ်းကြ ခရစ်ယာန်စစ်သည်

ပြည်သူ့တရုတ်ပြည်ရဲ့ ပစ္စည်းမဲ့ရောင်နီ

 

 

“A Faith Worthy of 45 Million”

 

 

In the communist country of God

The peasants are reinstating Jesus Christ

 

Three peasants, half-naked

Jesus in a loincloth

 

His statue on bent knees, leaning against a peasant

The second peasant, inserting His left arm

Into the left arm hole, as if He were a man

 

The third one popping out of an old building

Righteously shouldering His whole right arm

 

There are at least 45 million Christians in China today

Claims Newsweek, May 16, 2004

 

As the country’s economy takes off

This occidental Godism

(The spectre that has haunted Europe)

Has emerged from the underground chapels

It has waded through the daylight

The Son of God in human pain

In bloody crown of thorns for centuries

His neck broken, His head tilted to the right

As if He has just come back from a forced labour camp.

(Shall we put Him back on the cross in the hall of fame.)

 

To shepherd black sheep

To save souls

To spread God’s utterance, God’s red dogma

All over the world.

 

Holy Father

The Saviour of the faithful

Sunday is for you

The other six days are for the people

For the party

 

The country of God’s crucifix

Onward you march Christian mercenaries

The proletarian red of people’s China.

In: ဆောင်းပါး Posted By: Date: Feb 5, 2012
Comment #1

Thanks for sharing.

commentinfo By: May kha at Feb 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment