Professional Authors

မိသားစု….

“ရထားဥသြ သံလေးများကြားရင် အိမ်ပြန်ချင် တဲ့ စိတ်ကလေးတားမရဘူး”
သီချင်း ရင်မှာ ညဉ်းရင်း
လမ်းမတွေထက် တယောက်ထဲရပ်လို့
ငယ်စဉ်အခါက ပျော်ခဲ့ရသော
မိသားစုဘ၀ တမ်းတမိတိုင်း
မျက်ရည်ဝိုင်းသည်…………………..

နေခြည်မိုးသောက် အာရုဏ်ရောက်သော်
ညီအစ်ကို မောင်နှမ မိဘစုံစွာ
နံနက်စာစား အပြုံးများနှင့်
မိသားစုဘ၀ ပြန်တမ်းတတိုင်း
မျက်ရည်ဝိုင်းသည် …………..

နေခြည်ချုပ်ငြိမ်း လရောင်သိမ်းသော်
မိဘရင်ခွင် တိုးဝှေ့ဝင်ကာ
အိပ်ပျော်ခဲ့ရ ထိုညများလဲ
တမ်းတမိတိုင်း မျက်ရည်ဝိုင်းသည် ……………..

ငြိမ်းချမ်း အေးမြ အပြစ်ကင်းလှသည့်
မိသားစုဘ၀ ပြန်ရချင်လဲ
အခုချိန်ခါ အဝေးမှသာ
တမ်းတ မှန်းဆ ငါလွမ်းရသည် ……………..

ဘယ်သောခါမှ ထိုထို ဘဝ
ပြန်ရတော့မည် ငါမသိ ……………………..

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

တူတူပဲ ..တူတူပဲ… 🙁

commentinfo By: သဲ at May 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment