Professional Authors

ရယ်(ရီ)နေကြပါသည်……..။

ရယ်(ရီ)နေကြပါသည်……..။

 

 

 

                                              ကကြီးတို့တွေ လူဖြစ်လို့  အသိညဏ် စရှိလာတဲ့ အရွယ်က စပြီး  ရယ်မောတတ် ကြပါတယ်… .ရုပ်ရှင်၊ဂီတ၊ စာပေ စတဲ့  ဖျော်ဖျေရေး အနုပညာတွေက တွေ့သမျှ  မြင်သမျှ  ရယ်စရာ မောစရာတွေ ကို  ရယ်မောလာလိုက်ကြတာ……တွေးကြည့်ရင်  အခါပေါင်း မနည်းတော့ ပါဘူး…..

                               ဒါပေမယ့်  ကကြီး တို့တွေ  ဘယ်လောက် ရယ်မောစရာကောင်းတဲ့  ပျှော်ရွှင်ရယ်မော မှု့ကိုမှ  အရှည်…အကြာတည်   အောင်  ရယ်မော ခဲ့ရဖူးတယ် ဆိုတာ မရှိခဲ့ပါဘူး….။ အသစ် အသစ်သော  ရယ်စရာတွေနဲ့ ကကြီး တို့ ဆက်လက်ပြောင်းလဲ ရယ်မောနေ ကြ ပါ တယ်…။

ဒါဟာ ဘာကို ပြသလဲ ဆိုလျှင်   ကကြီးတို့ ရဲ့ ရယ်မောမှု့တွေဟာ  မူသေ မရှိခြင်း….အမြဲမတည်တံ့ ခြင်း… မှန်ရာ ရယ်မောခြင်း မဟုတ် ဖူး ဆိုတာ  ပြတာပါဘဲ…

             ဒါပေမယ့်  …အမြဲတမ်းလောက ကမ္ဘာမြေပေါ် မှာ နိစ္စထာဝရ တည်တံ့နေတဲ့  ရယ်မောခြင်း( ၃ ) ခုကတော့ ရှိနေပါ တယ်…..။

 

                   ဒီရယ်မောခြင်းတွေဟာ ဘာတွေလဲ ဟု ဆိုရလျှင်…….

 

 

                  အလင်္ကာကျမ်းက  ရယ်မောခြင်း (၆) မျိုး—ရှိသည်ဟု ပြ၏..၊ သို့သော်လည်း  ယခု ခေတ်တွင်အများအပြား ပြောနေတတ်ကြ

သည်မှာ ရယ်ခြင်း (၃)— မျိုး ရှိ၏ တဲ့  ၊  ဤ (၃) မျိုးက  ရယ်နေကြသည် တဲ့…….။

 

(၁)။ မြေပြင်ကြီးက ရယ်ခြင်း ၊

(၂)။ကျောင်းကြီးက  ရယ်ခြင်း ၊

(၃)။ စိန်ရွှေရတနာ တွေက  ရယ်ခြင်း တို့ ဖြစ်ကြပါ သတတ်….။

 

 

 

          (၁)။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သော  ရှင်ဘုရင်ကို ဂုဏ်တင်သောအား ဖြင့် “”ရေမြေ့သေဋ်နင်း၊ ပြည့်ရှင်မင်း”” “”ရေမြေကို အစိုး

ရတော်မူသော  အရှင်မင်းမြတ်ကြီး”” ဟူ၍ အမတ်တို့က လျှောက်တင်တတ်ကြသည်၊ ထိုအခါ ရေပြင်…..မြေပြင် တို့က——-

 

“”အလို…..အိုဘေး၊နာဘေး၊သေဘေး၊မွဲဘေး၊ကွဲဘေး…..အစရှိတဲ့  ဘေးတွေထဲကနေပြီး  ဒီကောင်လေးက ငါတို့လို တကယ်အစိုးရတယ် လို့  များ  ထင်နေရော့ လား””…..

 

           ဟု  ပြော၍  လက်ခုပ် လက်ဝါး တီးပြီး၊ တဟီး ဟီး တဟားဟား နှင့် ရယ်မောနေတတ်ကြသတဲ့…..အလားတူပဲ  လယ်မြေ ယာမြေ

တွေ များစွာကို  ပိုင်ဆိုင်သော တောသူဌေးတို့ကို   “” လယ်ပိုင်ရှင်ကြီး”” “”မြေပိုင်ရှင်ကြီး”” ဟု  ဂုဏ်ပြုခေါ်ဝေါ်သော အခါတွင်လည်း…..

လယ်မြေ….ယာမြေ တို့က  ရယ်မောကြသတဲ့…..

 

       ၂)။ တစ်ဖန် ဘုန်းတော်ကြီး တို့ကလည်း…“”ဒါဟာ….ငါ့ကျောင်း…ဟဲ့၊ ငါ့ကန်……ဟဲ့၊ငါ့သပိတ်..၊ငါ့ ပရိက္ခရာ…ဟဲ့၊ ငါပိုင်  ငါစိုး…….

ငါ့ကျောင်းနား မသီကြနဲ့  ဟဲ့ “” ဟူ၍ မိန့်ကြသော အခါ  ကျောင်းကန် သပိတ် ပရိက္ခရာ  တို့က တစ်ယောက်နဲ့ တစ်ယောက် လက်တို့

ပြီး ရယ်မောကြသတဲ့…….

 

“”အမယ်လေး……တို့ကိုသူက ပိုင်သတဲ့  ၊ သူကဖြင့် မကြာခင် ပျံလွန်တော်မူတော့မှာ ၊ ဒီတော့တို့တတွေ ဟာ ထိုက်ရာဘုန်းကြီးလက် ထဲ    ရောက်ကြရမယ် ဆိုတာ သူ မစဉ်းစား မိဘူး တဲ့လား….””

 

         ဟု ပြောရင်း တသောသော နဲ့  ရယ်မောနေတတ်ကြသတဲ့…….

 

       (၃)။ ထို့ အတူ လူတွေကလည်း “”ငါ့ အိုး ၊ ငါ့ အိမ် ၊ငါ့ငွေ  ငါ့ဥစ္စာ၊ ငါ့ ရတနာ တွေ”” လို့ ဆိုကြတဲ့ အခါ စိန်ရွှေ ရတနာတို့က  ရယ်

ကြပြန်တာပဲ တဲ့…….

 

“”အလိုလေး…..တို့ကတော့ဖြင့်  ဟိုလူ့ အသုံးအဆောင် ဖြစ်လိုက်ရ ၊ ဒီလူ့ အသုံးအဆောင် ဖြစ်လိုက်ရ နဲ့ နားရတယ်လို့ကို မရှိဘူး ၊

အိုးအိမ်ခြံမြေ စိန်ရွှေရတနာ ဆိုတာ  အဆင့်ဆင့် လက်တွေ  ပြောင်းလဲနေတာပဲ ၊ ကံကောင်းတဲ့ သူထံမှာသာ  နားကြရတာ မဟုတ်လား ၊

ဒါကိုများ တို့ကို  ပိုင်စိုးကြသတဲ့….ဟဲ ဟဲ ဟဲ….””

 

      ဟူ၍  သရော်ကာ ဟက်ဟက်ပက်ပက်  ရယ်မောနေ ကြသတတ် ၊ ဤသို့လျှင် ငါပိုင်…ငါစိုး…ငါ့တန်ခိုး ဟု မာနတွေနဲ့ လွှမ်းမိုး၊တဏှာ   တွေနဲ့  ရစ်ပတ် ဒိဌိတွေနဲ့  သိမ်းပိုက်ထားရင်းပင် ပစ္စည်းဥစ္စာ ရတနာတို့က ထိုသူကို  စွန့်ခွာသွားကြမြဲ ဖြစ်သတည်း…….။

 

                  ဟု  မိုးကုတ်ဆရာတော်ဘုရားကြီး၏ “”တစ်ဘ၀တစ်သာသနာ””(စာ–၃၇၂) တွင် ရေးသားထားလေသည်….။

 

 

           သည် အတွက် ကြောင့် ကကြီးတို့တွေ ရယ်မောသာ ရယ်မောနေကြသည်….သို့ပေမယ့် ကကြီး တို့ ရယ်မောမှု့တွေ ဟာ  အထက်ပါ  ဆရာတော် ဘုရားကြီး    ရေးသားပြောဆိုဟောကြားထားသော  ရယ်မော မှု့လောက်  မလေးနက် အကြာမတည် ပါ…။ ဌင်းတို့ သည်  ကကြီး  တို့ အား မွေးသည် မှ စ၍  သေသော အချိန်ထိ ရယ်မောနေကြတာ ဖြစ်ပါသည်… ကမ္ဘာ စသည်မှ  ကမ္ဘာပျက်သည့်အချိန်ထိ လည်း တည်ရှိနေပါလိမ့်ဦးမည်…။

        သို့ဆိုလျှင် ကကြီးတို့ ရယ်မောသည့် အခါတိုင်း ငါတို့သည်လည်း နေ့စဉ်နှင့် အမျှ ပြန်ရယ်မော ခံနေရသည် ကို  တွေးမိနိုင်လောက် ကြ….သိထားသင့်လောက်ကြပေ ပြီ….

        ကကြီးတို့၏ ရယ်မောခြင်းများ သည် တဒင်္ဂ ရယ်မောခြင်းများသာ  ဖြစ်၍ အထက်ပါ ရယ်မောခြင်း (၃)မျိုး က သာလျှင်  ထာဝရ ဖြစ်

နေသည်ကို သိကြ၍ …….. ကိုယ့်၏  တခဏ ရယ်မောမှု့ နှင့်ကိုယ် ရယ်မောမိလိုက်ချိန်တိုင်း အချိန်တိုင်းမှာ   အထက်ပါရယ်မောခြင်း (၃) မျိုးကို အမှတ်ရ နေသင့်ကြပါသည်..။

      ထို့မှ သာလျှင်…..သံဝေဂသတိ များ မိမိတို့ ရင်တွင်း ကိန်းနေမည် ဖြစ်ပြီး…..အရယ်မောခံရခြင်း ဘေးနှင့်  မသိမှု့ အ၀ိဇ္ဇာ အမိုက်မှောင်

သံသရာဝဋ်အတွင်း မှ အနည်းငယ် လွတ်မြောက်သော လူတစ်ယောက် ဖြစ်ကြပါလိမ့်မည်…။

 

 

 

 

 

                                                                                      ကကြီး။(16.10.11)[email protected]

 

 

 

 

 

 

 

 

In: ဆောင်းပါး Posted By: Date: Oct 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment