Professional Authors

ဝေဖန်မှုဆီသို့

(၁)

 

 

 

ခေါင်းစဉ်က ဝေဖန်မှုဆီသို့ ဆိုတော့

 

ဝေဖန်ရေးနဲ့ ပတ်သတ်မှုလေးတွေဖြစ်မယ်ဆိုတာကို ထွေထွေ နဲ့ ထူးထူး ရှင်းပြဖို့တော့ မလိုဘူးထင်ပါတယ်။

 

သို့ပေမယ့် ကျွန်တော်ဝေဖန်မှာက ကဗျာဝေဖန်ရေးခင်ဗျ။

 

 

 

စာတွေက ဟို စစ ဒီစစ နဲ့(ခန်းစီးအောက်က လိုက်ကာ၊ ပြတ်တိပြတ်တောင်းလေးများ) အပြီးမသတ်နိုင်တာတွေများနေတယ့်အချိန်

 

နောက်ထပ်ခေါင်းစဉ်တစ်ခုနဲ့ ထပ်မိတ်ဆက်လိုက်ရတော့

 

ကျွန်တော့်ပရိတ်သတ်စစ်တွေကို တော့ အားနားမိတယ်ဗျာ… ။   ။ (စကားချပ်)

 

 

 

 

 

                ဒီစာက မရေးရရင်မနေနိုင်အောင် ဖြစ်လာလို့ ရေးလိုက်တာပါ။

 

ဆိုတော့ကာ ရေးချင်လာရတယ့် အကြောင်းလည်းရှိမည်ကိုး…

 

ဟုတ်ပါတယ်… ဒါကတော့ တာဝန်တစ်ခုကိုထမ်းဆောင်ခြင်း ဆိုပါတော့ဗျာ…

 

တာဝန်ဆိုရအောင်လည်း မည်သူကမှ လုပ်ပါဟု ခိုင်းစေခြင်းတော့မဟုတ်ရိုး အမှန်ပါ…

 

ဒါဆို ကိုယ်ဘာသာကို ထွန်ကျူးနေတယ်လို့တော့ ထင်ကောင်းထင်ပါမယ်။ ဒီလိုတော့လည်းမဟုတ်ရပါ။

 

သို့ဆို ဘယ်လိုနည်း။

 

 

 

              ဒီမေးခွန်းကိုဖြေဖို့ အရှုပ်ကို ကိုယ့်ဘာသာဖြည်ဖို့သာ ရှိတော့သည်။

 

ကဗျာဝေဖန်ရေးစတင်ဖို့ လှုံဆော်ခဲ့သူ ဆရာကြီးထီလာစစ်သူကြောင့်ဟုတော့ ယေဘူယျ ပြောနိုင်သည်။ သို့ဆို

 

ဆရာကပဲ ဝေဖန်ခိုင်းလို့တော့မဟုတ်။ ဆရာ့ စာကို ဖတ်ပြီး ဝေဖန်ချင်စိတ်တွေ ပေါ်လာလို့သာ ဝေဖန်မိခြင်းဖြစ်သည်။

 

 

 

              ၁၉၈၅ ဇန်နဝါရီ (၉)ရက်နေ့ နှင့် (၁၀) ရက်နေ့ထိ ဝေဖန်ရေးစာပေစာတမ်းဖတ်ပွဲကို ရန်ကုန်မြို့တော်တွင်

 

ကျင်းပခဲ့သည် ဆို၏။ ထိုစာတမ်းဖတ်ပွဲ၏ ဒုတိယနေ့တွင် “ဆရာက ကဗျာဝေဖန်ရေးစာပေ” ကို ဖတ်ကြားခဲ့သည် ဆို၏။

 

 

 

              ထို စာတမ်းတွင် မြန်မာကဗျာသည် ရသ စာပေတွင်ပါဝင်ကြောင်း မြန်မာကဗျာ၏ အလှသည် ရသဖြစ်ကြောင်းဖြင့် စတင်မိတ်ဆတ်ခဲ့သည် ဆို၏။ (မြန်မာ ကဗျာဝေဖန်ရေးစာပေ ထီလာစစ်သူမှ)

 

 

 

              ထိုစာအုပ်ကို ဖတ်ရှုမိပြီးသည့် နောက်  မိမိလည်း ကဗျာကို ဝေဖန်ကြည့်ဖို့ ကြိုးစားအားထုတ်ချင်မိလာသည်။ ထိုသို့ဆိုသော် မတောက်တခေါက်ပညာ နှင့် ဆရာလုပ်ချင်သည်ဟု ထင်မြင်ကြလိမ့်မည်ဖြစ်သည်။ သို့သော် စာတစ်ပုဒ်ဖတ် မှတ်ပြီးလျှင်လိုက်ပါ ပြုမူတတ်ချင်မှုသည် လူတိုင်းလိုလို

 

တွင် တော့ ရှိကြလိမ့်မည်ထင်ပါသည်။ အကျွန်တော်လည်း လူတွေထဲက လူတစ်ယောက်ပင်မဟုတ်ပါလော။

 

 

 

 

 

              သို့နှင့် ကဗျာကိုဝေဖန်ဖို့ဆိုတော့ အခြားအခြားသော ဆရာ့ဆရာ့ ကြီးများ၏ ကဗျာများကိုကား ကျန်တော့၏ ပညာနှင့် ဥာဏ်ရည်က မမှီရိုးအမှန်ပင်… သို့ဆို အဘယ်ကို ဝေဖန်မည်နည်း။ ဟုတ်ကဲ့ ကျွန်တော်

 

ကျွန်တော့်ကဗျာတို့ကို သာ ဝေဖန်ဝံ့ပါသည်။ ထိုသို့ဆို ရယ်ဖွယ်များလိမ့်မည်ဟု ကျွန်တော်ကိုယ်တိုင်လည်း သိရှိပြီးဖြစ်သည်။မည်သူက မိမိ၏ ကဗျာကို လက်ခံပါ၏လော…

 

 

 

              ကျွန်တော်ဆိုလိုသည်က… ကျွန်တော်သည် မိမိ၏ ကဗျာများကိုသာ ဝေဖန်စမ်းစစ်ခြင်းဖြင့် မိမိကဗျာ အရည်အသွေးကို တက်လှမ်းစေလိုချင်သည့် စိတ်သာ ရှိပါသည်။ ထို့ကြောင့် မိမိ၏ ကဗျာဆိုး ကဗျာ ညံ့တချို့ကိုသာ

 

ဝေဖန်ရင်း ဆရာ တင်ပြထားသလို အထက်တန်းဆင့် ကဗျာများရေးဖွဲ့ နိုင်ရန်တွက် ကြိုးစားကြည့်ချင်မိခြင်းသာလျှင်

 

ဖြစ်ကြောင်း ဦးစွာ ပြောထားချင်ပါသည်။

 

 

 

————————————————————————————————————————————————

 

 

 

 

 

(၂)

 

 

 

                 အထက်ဖော်ပြခဲ့သော အကြောင်းအရာများသည် စာရေးဆရာမရှိ၍ စာရှည်အောင်ရေးနေခဲ့ခြင်းတော့မဟုတ်ပါ။ မိမိပေါ်အထင်မှား မည်ဆိုး၍ မိမိ ဂုဏ်ငယ်မှုကို ဝန်ခံခြင်းနှင့် မိမိဘာသာ

 

အရည်အချင်း စစ်ခြင်းဖြစ်ကြောင်း ဦးစွာ ရှင်းလို၍ ဖြစ်ပါသည်။

 

 

 

                 တစ်ခုတောင်းပန်လိုသည်က ဆရာ့ကိုသာ။ ဆရာက ရှေးရှေးက  ကာရန်၊ နဘေ တို့နှင့်သီကာကျူးထားသော ကဗျာကောင်း တို့ကိုဝေဖန်ထားသော်လည်း ကျွန်တော်က ခုခေတ်ပေါ်ကဗျာတို့နှင့် ဝေဖန် မိခဲ့၍ ဝေဖန်မိနေ၍  ဖြစ်ပါသည်။  ။ (စကားချပ်)

 

 

 

 

 

————————————————————————————————————————————————

 

 

 

(၃)

 

 

 

 

 

                               ပထမဦးဆုံး အောက်ပါ ကဗျာလေးကို စတင်ဝေဖန်ကြည့်ချင်ပါသည်။

 

 

 

 

 

မုန့်ဟင်းခါးသည်ကဗျာ၏ အစတွင်ရိုးရှင်းသော ဝါကျ ဖွဲ့ပုံတို့ဖြင့် သဘာဝဝုတ္တိ လင်္ကာကိုသာ သုံးထားကြောင်း

 

တွေ့ရှိရသည်။ သို့သော် နောက်ဆုံးစာကြောင်းအရောက်တွင်မှ ကဗျာတစ်ပုဒ်လုံးကို ခြုံ၍ ဝင်္ကဝုတ္တိ အလင်္ကာ ကိုသုံးထားကြောင်းလည်း တွေ့ရှိရသည်။ စာသား၏ ရုတ်ချည်းပြောင်းလဲမှုအရ အဗ္ဘုတ ရသ ကိုပါထည့်သွင်းထားကြောင့်တွေ့နိုင်ပေသည်။ ကဗျာတစ်ပုဒ်လုံး၏ အဆုံးကိုတော့ သိင်္ဂါရ ရသ နှင့် အဆုံးသတ်ထားသည်။

 

 

 

ကဗျာ ၏ ရှေ့လည်နောက်တို့တွင်မုန့်ဟင်းခါးစားနေပုံနှင့် မုန့်ဟင်းခါးသည် စကားပြောနေပုံကို သဘာဝကျကျ တင်ပြထားပေသည်။ သို့သော်ကဗျာသည် သဘာဝကျမှုအဆင့်နှင့်သာ ရပ်တန့်သွားသည်ကို လည်း သိသာ ထင်ရှားစေနေပြန်ပေသည်။ ထို့ကြောင့် ထိုကဗျာလေးသည် အညံ့စားကဗျာစာရင်း အဆင့်တွင်သာ ပါဝင်ပေသည်။

 

 

 

 

 

—————————————————————————————————————————————————

 

 

 

 

 

                       ဒုတိယကဗျာ တစ်ပုဒ်ကိုထပ်မံ ဝေဖန်ကြည့်ကြပါစို့။

 

 

 

 

 

စနေ ဆိုသော ကဗျာတွင် အစကတည်းက ဝင်္ကဝုတ္တိ အလင်္ကာ နှင့် အတိံသယဝုတ္တိ အလင်္ကာ တို့နှင့် စတင်ဖော်ကျူးထားလေသည်။ (ယနေ့မော်ဒန်ကဗျာအများစုတွင် ထို အလင်္ကာများသည် အများဆုံးတွေ့ရလေသည်။)

 

ထိုကဗျာတွင် မြေပြင်မှ (ငလျှင်) လှိုင်းတံပိုးများ ထကြွပုံ နှင့် လေပြင်းများတိုက်ခတ်ပုံတို့ ကို ဖတ်ရှုမိခြင်းဖြင့် ကြောက်မက်ဖွယ် ဘယာနက ရသ ကိုလည်း ခံစားမိစေပြန်သည်။

 

 

 

ထိုကဗျာတစ်ပုဒ်လုံးကို ခြုံကြည့်လျှင် စနေတစ်ခုတွင် တွေ့ကြုံ ရသော နမိတ်ဆိုးတို့ကို အလင်္ကာ ရသတို့နှင့်တန်ဆာ ဆင်မြန်းထားသော်လည်း သဘာဝကျမှုကိုထပ်ပိုမို ပေးစွမ်းနိုင်စွမ်း မရှိတော့ပဲ ၇န်တန့်သွားသည်ကို ထပ်မံမြင်တွေ့နိုင်ပေသည်။ ထို့ကြောင့် ထိုကဗျာလေးသည်လည်း အညံ့စားကဗျာစာရင်း တွင်သာ ပါဝင်သည်ဟု ဆိုချင်ပါသည်။

 

 

 

                ယခု ဝေဖန်ခဲ့သည်များမှာ ကဗျာကို ဝေဖန်စေချင်သည့် ရည်ရွယ်ချက်ဖြင့် မိမိကဗျာများကို မိမိ တတ်စွမ်းသလောက်နှင့် ဥပမာ ဝေဖန်ခဲ့ခြင်းဖြစ်ပါသည်။ ဝေဖန်မှုများသည်အကျဉ်းမျှသာ ဖြစ်ပါသည်။ ဂုဏ်၊ ဒေါသ သင့်မှု  စသည် စသည် အခြား အခြား တို့ပါဝင်မှု မရှိသဖြင့် ကျေနပ်မှု ရှိမည်မဟုတ်ဟု တော့ ထင်ပါသည်။

 

 

 

—————————————————————————————————————————————————

 

 

 

(၄)

 

 

 

                ကျွန်တော်တို့သည် ကဗျာသာမက၊ အခြားအခြား သော ဝတ္ထုတိုများနှင့် စသည် စသည်တို့ကိုလည်း ဝေဖန်သုံးသပ်နိုင်ဖို့လိုအပ်ပေသည်။ မိမိ၏ ဘဝတွင် အကောင်းအဆိုးတို့ကို ဝေဖန်သုံးသပ်၍ လောကတွင် ရပ်တည်ကြသကဲ့သို့ မိမိ၏ စာ ကိုလည်း ဝေဖန်ရင်း စာပေလောကတွင် ရပ်တည်သင့်ပေသည်။

 

 

 

                တခါတခါ ကျွန်တော်တို့သည် ဓားများနှင့်တူပေသည်။ မသွေးပဲထားသော ဓားသည် သံချေး၏ အနိုင်ယူမှုကို ခံရပေသည်။ ထိုသို့မဖြစ်အောင် မိမိ၏ ဓားကို ကိုယ်တိုင် သွေးနေသင့်ပေသည်။ သို့မှသာ ခုတ်တိုင်းပြတ် ထိတိုင်းရှမည့် ဓားများဖြစ်လာပေမည်ဖြစ်သည်။.

 

 

 

                ယခုမူ ကျွန်တော်တို့သည်ကား ကလောင်သွေးရမည့် သူများဖြစ်ပေသည်။ ထို့ကြောင့် မိမိ ကလောင်သွား မထစ်သွားစေရန် မိမိ ဖတ်ဖူး မှတ်ဖူး တွေ့ဖူး ကြုံဖူး သမျှ အဝဝကို  ချရေးသားခြင်းဖြင့်သာ ကလောင်ထက်အောင် သွေးနေသင့်ပေသည်။ ဆိုခဲ့သလို ကလောင်ကို ဒီအတိုင်းသွေးနေရုံနှင့်ကားမပြီးသေး။

 

လူလောကတွင် ရပ်တည်နိုင်ဖို့ လူဝင်ဆံ့ဖို့ ရှောင်သင့်ရှားသင့်သည်များကို သိမှတ် ဝေဖန်စမ်းစစ်ရသကဲ့သို့

 

ကျွန်တော်တို့ရပ်တည်နေသော စာပေလောကတွင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။

 

 

 

                သို့ဆို ကျွန်တော်တို့သည် ဝေဖန်ရေးဆီသို့ ဟူသော ခေါင်းစဉ်အောက်သို့ မလျှောက်ချင်လည်း လျှောက်ဖို့ လိုအပ်လာလေပြီ ဖြစ်သည်။ တချို့ကရှိသည်။ မိမိစာ မိမိကဗျာကို အဆိုးဝေဖန်သည်ကိုမကြိုက်။

 

ထိုသို့သော်သူသည် လောကတွင် ကိုယ့်ငါးချဉ်ကိုယ်ချင် ကိုယ်လမ်းကိုယ်ဖောက် စစ်ကိုင်းရောက်ရောက် တယူသန်များသာ ဖြစ်သကဲ့သို့ စာပေလောကတွင်လည်း ထိုနည်းတူစွာ ဖြစ်ပေလိမ့်မည်။

 

 

 

                ထို့အတူ ဝေဖန်သူများဘက်တွင်လည်း မိမိဝေဖန်သောစာ ကို ပုဂ္ဂိုလ်ရေးမပါ အရှိကိုအရှိတိုင်း အမှန်ကိုအမှန်တိုင်း ဝေဖန်နိုင်ဖို့လည်း များစွာလိုအပ်လှပေသည်။ရိုးသားဖို့လည်းလိုအပ်လှသည်။ အမှန်ကို ဝေဖန်ဖို့လည်း သတ္တိ၇ှိဖို့ လည်း လိုအပ်လှပေသည်။ သို့မှသာ စာပေရေးသာသူတို့တွက် လမ်းမှန် နည်းမှန် နှင့် စာပေဘဝလမ်းတွင် အရှည်တည်၍ စာကောင်းပေကောင်းများကို ရေးဖွဲ့နိုင်လာမည်ဖြစ်သည်။

 

 

 

 

 

                မည်သို့ပင်ဆိုစေကာမူစာပေလောကတွင် ဝေဖန်ချင်သူများလည်း ၇ှိသလို ဝေဖန်မှုကိုလည်း လိုလားသူများလည်းရှိစမြဲပင်။ ကျွန်တော်ကတော့ အစကတည်းကဆိုခဲ့သလို မိမိတတ်ရှိသိမှတ်ခဲ့သည်များကို ဝေဖန်ရင်းနှင့် ရှေ့ဆက်သွားဖို့သာ မျှော်လင့်မိသည်။ ထို့အတူ မိမိစာ မိမိကဗျာ စသဖြင့် ကို ဝေဖန်မည့်သူများရှိခဲ့လျှင်လည်း အသင်လက်မကမ်းလည်း ကျွန်ုပ် လက်ကမ်းလျက်ပါ ဟုဆိုချင်ပါသည်။

 

 

 

 

ဆား

In: ဆောင်းပါး Posted By: Date: May 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment