Professional Authors

တွေးမိ တွေးရာ

ခင်မောင်တိုး လား ထူး လား တော့ ပီ မသိ။

အသံချို နဲ့ သူသီချင်းများ ကို ပီ ကြိုက်သည်။

သူလာရာ လမ်းဆီ မှန်းရည် စောင့်နေသည်……..

ဘာရယ်မဟုတ်။ စကားပြောချင်လို့ စောင့် နေသူက online မလာ။

စောင့်ရသည့် ဝေဒနာ ခုမှသိသည်။

မိန်းခလေး တွေ အဖြေစောင့်သူများ ရော.. ဘယ်သို့နေပါ။

သူငယ်ချင်းကောင်လေး တစ်ယောက်ကပြောဖူးသည်။

လူနှစ်ယောက်စလုံး ဆီမှာ ခံစားချက်ကိုယ်ဆီရှိပါလျှက်မိန်းခလေး က စဉ်းစား ဦးမည်

ဆိုတာ သဘာဝ မကျတဲ့။ ချက်ချင်းအဖြေ ပေးသင့်သည်တဲ့။ ပီကတော့ no comment.

သူငယ်ချင်းလေး အား လွမ်းပါသည်။ မတွေ့ သည်မှာလည်းကြာပြီ။ သူ ချစ်သူရတော့

ကောင်မလေး သူငယ်ချင်း များကို မဆက်သွယ်ရ ကန့်သတ်ချက် ရော ရသွားတယ်တဲ့။

ပီ သူ ငယ်ချင်းလေး က နူးညံ့သည်။ ပီစွာလန်ကျဲ သမျှ ကို ရယ်ရယ်မောမော ခွင့်လွတ်သည်။

မှတ်မိ သေးသည်။ ကျောင်းကား လာ လျှင် အားလုံး က ပြေးတက်နေရာဦး သည်။ ပီ က

င ပျင်း။ ရ လျှင် ထိုင် သည်။ မရ လျှင် မတ်တပ်။ အမြဲ နေရာ ပြေး ဦး တဲ့ အစ်ကို ကြီး

တစ်ယောက် ကို ပုံဆွဲ စာကြည့်တိုက် မှာသွားကပ်ဖူးသည်။ တော်တော် တူ လို့ ထင်

သည်။ မြနဒီ ဆို တာ ဘယ်သူ လဲလို့ လိုက်ရှာကြသည်။ ပီ အရင်တုန်းက ကျောင်းမှာ မြနဒီ

အမည်နဲ့ စာ ရေးသည်။ ဆရာ မောင်စိန်ဝင်း စာအုပ်ထဲ က အမျိုး သမီး စိတ်ဓါတ်ကို

သဘောကျလို့ ယူထား တာ။ နောက်ပိုင်း သူများဇာတ်ကောင်နမည် ကို အား နားလို့ ပီ

ဗေဒင်ဆရာ သွားမေးပြီး နမည်ပြောင်းလိုက်သည်။ ခိုင်ဆွေဇင်သင်း ဖြစ်သွားရော။

ပြောချင်တာ က သူငယ်ချင်းအကြောင်း……………ရေးတော့ ရောက်တက်ရာရာ.. 🙂

ပီ သူငယ် ချင်းလေး က ရန်ဖြစ်မှာစိုး လို့ စိတ်တွေပူ လို့။ ပီ က တော့ မကြောက်။

အမြင်ကတ်လို့ ၊ ယောက်ကျားလေး ဖြစ်ပြီး ကားကို အတင်းလိုက်တက်ဦး။ပြီး

သူများအတွက်လည်းဦး။ ဟွန်း…. ဘယ်တော့ တွေ့ တွေ့ ပီ က မျက်စောင်းခဲသည်။ သူက

အင်းစိန်မှာဘဲ နေတော့ တစ်ခါ တစ်ခါ တွေ့ သည်။

ဟမ်း ဟမ်း က ပြော သည်။ ပီ ပို့စ်တွေ ဖတ်ပြီး ဘယ်လို့ လည်း ဆိုတာ သိရသည်တဲ့။ သူ

ငယ် ချင်း လေး က ပီ လက်ရေး ကဗျာ စာအုပ် မှာ comments ပေး ဖူးတာက

အပြင်မှာ ကဗျာ ဆန်ဆန်နေတတ်ပြီး ၊ ကဗျာ တွေ ဖတ်မှ ပီကို ပိုသိရသည် တဲ့။ (ဟဲ ဟဲ

ကိုငှက်မလေး အကြံ ပြု ချက်အရ ကြော်ငြာ )

ပီ ဘဝ က တော်တော်ဆိုးပါသည်။ မရှိ မဲ့ ရှိမဲ့ သူငယ်ချင်းလေးတွေက ခွဲသွားကြသည်။

သူတို့ကို လွမ်းရင်း….ပီ မျှော်နေသည့် သူငယ်ချင်း အသစ် က online မလာ။

ရဲရဲ လို့ လည်း

(ကဗျာရွာ
ရုပ်ရှင်
gtalk
facebook
youtube
နေ့ရက်များ ကုန်ဆုံးခြင်း ) မလုပ်တတ်။

စကား ပဲ များ တတ်သည်။ စကားပြောဖေါ် မရှိတော့ ဘာလို ညာလို …ဘာ လိုမှန်းမသိ။

Comment #1

အဲဒါ ခင်မောင်ထူး သီချင်းလေ .. ဆွေဇင်ရဲ့ .. ခေါင်းစဉ်က “မျှော်တော်ယောင်”

commentinfo By: harry at Oct 15, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment