အို ဗယ်လင်တိုင်း
မင်းနဲ့ငါသွားခဲ့တဲ့နေရာတွေ
မင်းချစ်သူသစ်ကို ခေါ်သွားနိုင်ပါတယ်
ငါမရှိတော့တဲ့အရပ်မှာ
မင်းစိတ်ကြိုက်ပျော်ရွှင်ပါ။
“အချစ်ဆိုတာ…..” အစချီတဲ့ဖွင့်ဆိုချက်တွေ
ကလေးကလား ပြောမနေတော့ဘူး
အချစ်ဆိုတာ ငါသိနေတာပဲလေ
မင်းမဟုတ်တဲ့လူတစ်ယောက်နဲ.လည်း
ငါပျော်အောင်နေနနိုင်တာပဲလေ
ရိပ်ရိပ်လေးဆွေးနေရတာကလွဲရင်ပေါ့။
မင်းသိချင်ရင်တော့
အချစ်ဆိုတာ အရိုးဆုံးဖွင့်ဆိုပြပါ့မယ်
စိတ်နာဖို.အကြောင်းတွေ တပုံကြီးကိုစိတ်မနာနိုင်တာအချစ်ပေါ့
လိပ်ပြာမလုံတဲ့မင်းစိတ်ကို လိပ်ပြာလုံပျော်နေစေချင်တာအချစ်ပေါ့
မင်းနဲ.ငါရှစ်နှစ်သံယောဇဉ်ကို
မင်းကိုမေ့စေချင်ပြီး ငါတစ်သက်လုံးသတိရနေစေချင်တာအချစ်ပေါ့
ကဲ၊ရှင်းပြီလားပိုရှုပ်သွားပြီလား။
သွေးစက်လက်မေတ္တာတရားကို
နာကျင်စွာကိုင်ထားရချိန်
အလိုက်မသိပဲ မင်းပြောပြနေခဲ့တာ
ချစ်သူသစ်ကငါနဲ့ မွေးနေ.တူသတဲ့လား
ခါးလိုက်တာကွယ်
ငါ့မွေးနေ.ကိုငါ မုန်းလိုက်တာ။
သူများရည်းစားဖြတ်လုတဲ့ကောင်ကသွေးအေး
ငါ့ကိုသူ.ဖုံးနံပါတ်ပေးမယ်
မင်းကိုလည်း ခွင့်လွှတ်တယ်ဆိုပဲ
ငါကဘာလုပ်ရမှာလဲ
မင်းကိုလည်းမျက်ရည်ခံမထိုးပါဘူး
သူ.ကိုလည်းဖုံးကနေမဆဲပါဘူး
ငါ့ဘာသာပဲ ကြေကွဲနေလိုက်ပါ့မယ်။
ဗယ်လင်တိုင်းဒေးနီးရင်တော့
သတိရတယ်၊သတိရတယ်၊သတိရတယ်
ဘယ်လိုနေရမှာလဲ
ဖေဖေါ်ဝါရီမှာ မင်းမွေးနေ.ရှိတယ်
ဖေဖေါ်ဝါရီမှာချစ်သူများနေ.ရှိတယ်
ဖေဖေါ်ဝါရီမှာ မင်းငါ့ကိုပထမအကြိမ်လမ်းခွဲဘူးတယ်
ငါချော့ကလက်မစားတာသုံးနှစ်ရှိပြီ
မင်းပျော်ပါရဲ.လား
မင်းပျော်ဖို.ငါ ချောကလက်မစားတာဆိုရင်
လူတွေရယ်ကြမှာပေါ့လေ။
မင်းအတွက်ခင်းထားတဲ့လမ်းတွေ
မင်းမဟုတ်တဲ့လူတစ်ယောက်နဲ.လျောက်ရချိန်
ငါမဟုတ်တဲ့လူတစ်ယောက်နဲ.
မင်းလျောက်နေသောလမ်းချောမွေ.ပါစေ
စိတ်ထဲကပဲဆုတောင်းလိုက်တယ်။
သုံးနှစ်တာစောင့်စားပြီးတဲ့နောက်
မင်းရောက်အောင်ပြန်မလာတော့တာသိရချိန်
(တကယ်တော့ အစကတည်းကသိနေတာပါ)
ကြေကွဲမှုကခါးသီးလွန်းတယ်
ဖေဖေါ်ဝါရီကိုမုန်းတယ်။
ဆယ်စုနှစ်တစ်ခုစာသံယောဇဉ်ကို
တစ်လလောက်နဲ. အပိုင်ချည်သူကိုလည်း အံ့သြပါတယ်
ဝဋ်ကြွေးပဲနေမှာပါလေ
ကံကိုပုံချလို.မရတာကတော့
ငါ့ကြေကွဲမှုတစ်ခုထဲရှိမယ်ထင်ရဲ့
ဖြစ်ချင်ရာဖြစ်ဆိုပြီး မုန်းလို.မရနိုင်အောင်ချစ်နေတဲ့ငါကလည်း
ဒီကမ္ဘာရဲ့ အလွဲတစ်ခုပဲနေမှာပါ။
တကယ်တော့
ဖေဖေါ်ဝါရီကိုငါ မုန်းသင့်ပါသလား
ချစ်သူတွေချစ်ကြတာကိုငါ
မနာလိုဖြစ်ခဲ့ပါသလား
ဟင့်အင်း
ငါပြောချင်တာက
အချစ်ကိုအလေးအနက်ထားကြဖို.ပါ။
ချစ်သူကချစ်သူကို
ချောကလက်လေးကျွေးလိုက်တာမဟုတ်ဘူး
သစ္စာတရားကို တရားဝင်သက်သေပြလိုက်တာပါ
မင်းတို.ကျွေးလိုက်တဲ့ချောကလက်လေးတွေ
တချိန်ချိန်မှာ သူတို.အတွက်ခါးမသွားပါစေနဲ.
ဘ၀ကခါးလွန်းချိန်
သူတို.ရင်ထဲမှာ အချစ်ရဲ့အချိုဓာတ်နဲ. ရင်ဆိုင်ဝံ့ကြပါစေ။
ချစ်သူကိုချစ်တယ်ဆိုတာက
အတ္တကိုဖယ်ချဖို. လမ်းစလေးပါ
ကိုယ့်ဖို.ကိုတွေးကြတဲ့လောကကနေ
ကိုယ့်ချစ်သူဖို.တွေးလာတာကစ
“ပရ”အတွက်အခြေခံ
နည်းနည်းလောက်ပြန် သုံးသပ်ရအောင်ပါ။
လူဆိုတာက
ပထမဆုံးကိုယ့်ကိုကိုယ် ဗဟိုပြုတယ်
နောက်မှ ငါ့မိသားစု၊ငါ့ရပ်ကွက်၊ငါ့မြို.၊ငါ့နိုင်ငံ
တဆင့်တဆင့်တိုးကြံတယ်
ဒါဆိုရင်တို.လက်ခံရမှာက
ချစ်သူကိုချစ်တာ အပြစ်မှမဟုတ်တာ။
သူငယ်တန်းကလေး
ကကြီးခခွေးမသင်ခင်
ဝလုံးလေးတွေဝိုင်းအောင်ရေးရသလိုမျိုး
ချစ်သူကိုမြတ်နိုးတတ်မှ
ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို
တဆင့်တိုးပြီးချစ်တတ်ကြမှာပါ။
ချစ်သူတွေ
ချစ်တတ်သူတွေ
သူတို.တွေလည်းချစ်ကြပါစေ
အမုန်းနဲ. (ငါနေသလို) နေရတာစာရင်
အချစ်နဲ.နေရတာက ပိုကောင်းလို.
ဗယ်လင်တိုင်းဒေး
ဒီကဗျာကို
ချစ်သူတွေကိုယ်စားငါရေးရပါတယ်။
တကယ်တော့ ချစ်သူများနေ.ဟာ
တစ်ဦးတစ်ယောက်အတွက်ထက်သာပါတယ်
ကမ္ဘာပေါ်ကမေတ္တာတရားကိုအခြေခံ
အားလုံးကလက်ခံကြတဲ့ အဖြစ်
ချစ်တတ်သူတွေ အားလုံးကိုယ်စားပါလေ။
နိုင်ငံကငယ်ပြီး ကမ္ဘာကကျယ်တဲ့အခါ
ဖြစ်မလာတာကို မကျေနပ်
ချစ်တတ်သူတွေကို ပတ်မရမ်းခဲ့ဘူး
အကျဉ်းနဲ.အကျယ်
ဘယ်အရာကိုမျက်မှောက်ပြုရမလဲ
လိပ်ပြာလုံစွာပဲဖြေပါတယ်။
ချစ်သူကိုချစ်တတ်မှ မိသားစုကိုချစ်တတ်မယ်
မိသားစုကိုချစ်တတ်မှ နိုင်ငံကိုချစ်တတ်မယ်
ဒီလောက်လွယ်တဲ့ပုစ္ဆာ
ငါမေ၀၀ါးခဲ့ပါဘူး
နှင်းဆီလည်းလှ စံပယ်လည်းလှပါတယ်
ဘယ်အရာကပိုလှလဲမမေးကြနဲ့
သဘာဝချင်းမတူရင် နှိုင်းယှဉ်ဖြေလို.မရလေဘူး။
ချစ်သူက မုန်းရင်တောင် အချစ်ဆိုတာကိုမမုန်းခဲ့ဘူး
တစ်ခုမကောင်းလို. အားလုံးကိုအပြစ်တင်တဲ့အလုပ်
ငါဘယ်တော့မှမလုပ်ဘူး
အချစ်ဟာကမ္ဘာ.အရေး
အချစ်ဟာလူတိုင်းအရေး
ငါ့သွေးဟာချစ်ဖို. ရှင်သန်နေသေးတယ်။
ဘ၀ရဲ့ပုစ္ဆာများစွာမှာအချစ်ကိုမမေ့ကြပါနဲ့
ငါကတော့
အများကောင်းစားဖို. မအော်ရဲသေးပါဘူး
ချစ်သူကိုပဲလွမ်းနေမယ်
တိတ်ဆိတ်တဲ့ချောင်လေးထဲမှာ
ငါတစ်ယောက်ထဲ အတ္တကြီးနေလိုက်ပါ့မယ်
ငါ့ကိုခွင့်မလွှတ်ကြပါနဲ.လေ။
တိမ်တွေက ရွာကျရင်တာဝန်ကျေတယ်
ပန်းပွင့်ဖို.က မျိုးစေ့တွေမြေတွေနေတွေကျန်သေးတယ်
အချစ်ကတိမ်တွေလို ရွာကျခွင့်ပြုခဲ့ပါတယ်
နှလုံးသားတွေထဲမှာ မြင့်မြတ်မှုတွေပွင့်ဖူးဖို.
အခြားသောတရားတွေကိုမေ့
အချစ်တရားကိုလက်ညိုးထိုး
မယိုးစွပ်လိုက်ကြပါနဲ.။
အချစ်က စစ်မှန်လာတဲ့အခါ
မေတ္တာဘက်ကိုနွယ်လာတယ်
အတုံ.အတင်ကိုမရှာဘူး
ပေးဆပ်မှုမှာမွေ.လျှော်လာတယ်
ဒါ လူ.သဘာဝမှာတိုးတက်ဖြစ်ထွန်းလာတာ။
အချစ်မှာ ပျော်စရာမတွေ.ဘူးပေမယ့်
ချစ်ခြင်းကို ငါယုံကြည်ပါတယ်
ကမ္ဘာမြေက အလှဓာတ်တွေက
အချစ်နဲ.တည်ဆောက်ထားကြတာ
ဖြစ်နိုင်ရင်
ပရိုမီးသီးယပ်လို
ကမ္ဘာအတွက် အချစ်မီးသစ်ကို ငါညှိထွန်းပေးချင်သေးတယ်။
လူ.ဘ၀ရဲ့အနှစ်အသားမှာကိုက
အချစ်က တသွေးထဲရောပါနေတာ
လူသားတွေကို
မြင့်မြတ်မှုကိုသင်ကြားပေးတဲ့ ဗီဇစိတ်တွေမှာ
အချစ်က ထိပ်ဆုံးကပါခဲ့တယ်။
မုန်းနေရတာစာရင်ချစ်နေရတာမကောင်းဘူးလား
နာကျည်းခြင်းစာရင်ခွင့်လွှတ်ခြင်းက မမြတ်ဘူးလား
ရယူခြင်းစာရင်စွန်.လွှတ်ခြင်းက မသင့်တော်ဘူးလား
ငါမှားနေရင်လည်း ပြင်ပေးကြပါ
ဘ၀မှာ တစ်ခါလောက်တော့ ချစ်ကြစမ်းပါ။
ငါ့မှာမချစ်တဲ့ချစ်သူကိုတောင်ချစ်နေရသေးတာ
ချစ်တဲ့ချစ်သူကို တန်ဖိုးထားကြပါလေ
ချစ်တတ်သူများအတွက်ဗယ်လင်တိုင်းဒေး
အလွမ်းကဗျာကိုရေးပါတယ်။
(သူငယ်ချင်းတစ်ယောက်ကဝေဖန်ပါတယ်၊သက္ကမိုးညိုမှာ မော်နီရဲ့ကဗျာလက် မရှိတော့ဘူးတဲ့။
သူပြောတာလည်းဟုတ်တယ်ထင်ပါတယ်။ဒီကဗျာကိုကိုယ့်ဘာသာကိုအားမရလို. တစ်ဝက်လောက်နဲ့ရပ်လိုက်ပါတယ်။တင်သာတင်ပေးလိုက်ရပါတယ်၊ကဗျာကိုလုံးဝမကြိုက်ပါဘူး။
နောက်ပြီးတော့ သက္ကမိုးညိုအနေနဲ. “မော်နီ”ကို ပြန်လည်ရှာဖွေဖို.လိုပြီလို.ယူဆပါတယ်။
ဒါကြောင့် နောက်ပိုင်း ကဗျာအရေးကျဲပါလိမ့်မယ်။
မကြိုက်ပဲနဲ့မတင်မိအောင်ကြိုးစားပါ့မယ်။ အာလုံးလည်း အားမနာတမ်းဝေဖန်ပေးနိုင်ပါတယ်။)
Comment #4
ကဗျာလေးက တောတော်ကောင်းတယ် သိလား …
 By: အိမ်ကျယ်လေး at Feb 9, 2011
                        By: အိမ်ကျယ်လေး at Feb 9, 2011
                    Comment #5
ပြိးတော့ ကူးသွားတယ်နော် .. 😛
 By: အိမ်ကျယ်လေး at Feb 9, 2011
                        By: အိမ်ကျယ်လေး at Feb 9, 2011
                    Comment #7
“မင်းသိချင်ရင်တော့
အချစ်ဆိုတာ အရိုးဆုံးဖွင့်ဆိုပြပါ့မယ်
စိတ်နာဖို.အကြောင်းတွေ တပုံကြီးကိုစိတ်မနာနိုင်တာအချစ်ပေါ့
လိပ်ပြာမလုံတဲ့မင်းစိတ်ကို လိပ်ပြာလုံပျော်နေစေချင်တာအချစ်ပေါ့”
ကိုမော်နီ…..အားပေးသွားတယ်နော်။
ကဗျာတွေအရေးဆက်ရေးပါနော်….။
အမြဲအားပေးမဲ့သူ…..ကဗျာချစ်သူတစ်ယောက်လုံးရှိတယ်လေ….။
ကိုမော်နီပျော်ရွှင်ပါစေ………။     ။
 By: ကဗျာချစ်သူ at Feb 10, 2011
                        By: ကဗျာချစ်သူ at Feb 10, 2011
                    Comment #8
“အချစ်ဆိုတာအရိုးဆုံးဖွငိ့ဆိုပြပါ့မယ်
စိတ်နာဖို့အကြောင်းတွေတပုံကြီးကိုစိတ်မနာနိုင်တာအချစ်ပေါ့
လိပ်ပြာမလုံတဲ့မင်းစိတ်ကိုလိပ်ပြာလုံနေစေချင်တာအချစ်ပေါ့”
ချစ်သူကိုချစ်တယ်ဆိုတာက
အတ္တကိုဖယ်ချဖို. လမ်းစလေးပါ
ကိုယ့်ဖို.ကိုတွေးကြတဲ့လောကကနေ
ကိုယ့်ချစ်သူဖို.တွေးလာတာကစ
“ပရ”အတွက်အခြေခံ
နည်းနည်းလောက်ပြန် သုံးသပ်ရအောင်ပါ။
သူငယ်တန်းကလေး
ကကြီးခခွေးမသင်ခင်
ဝလုံးလေးတွေဝိုင်းအောင်ရေးရသလိုမျိုး
ချစ်သူကိုမြတ်နိုးတတ်မှ
ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို
တဆင့်တိုးပြီးချစ်တတ်ကြမှာပါ။
ကိုမော်နီ ခံစားချက်ကို
အရမ်းသဘောကျပါတယ်
ခံစားချက်ချင်းတူနေတာလဲပါတာပေါ့
ကဗျာတွေကိုအားပေးသွားမှာပါ
ဆက်ရေးပေးပါ………
 By: Su Susuwai at Feb 13, 2011
                        By: Su Susuwai at Feb 13, 2011
                    Comment #10
ကိုမော်နီကို လက်သိပ်မကောင်းသေးဘူးဆိုပါ့လား
လက်မကောင်းတော့တာလို.ပြောရင်ပြောပါရှင်
သူ.ရဲ့ အရင်ကကဗျာတွေဖတ်ကြည့်ပါဦး chitsoelinnn ရေ
 By: မွန်မွန် at Feb 15, 2011
                        By: မွန်မွန် at Feb 15, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ဒီကဗျာကတော့ တကယ့်ခံစားချက်ကြီး ဖြစ်မယ်လို့ ကဗျာစာသားတွေ အရသိနေရတယ်…သိပ်ခံစားမှုများရင် စာသားတွေဖောင်းကြွတတ်တယ်….ဝေဖန်မှုပါ…ဒါပေမယ့် ခင်ဗျား စာသားတွေကိုကြိုက်တယ်….စာသားထက် ခံစားမှုကို ပိုကြိုက်တယ်… အားပေးနေပါတယ်… ကြိုးစားပါဦး…