Professional Authors

မှန်လိုနေဖို့ငါမကြိုးစားခဲ့မိဘူး…..

ချောက်ကမ်းထဲတွန်းချချင်လို့လား

မလိုပါဘူးကိုယ့်ဘာသာခုန့်ချပေးပါ့မယ်

မင်းတို့လက်တွေနဲ့ထိတွေ့မှု

ဒီထက်ပိုမခံစားချင်တော့လို့ပါ

ခံစားတက်တဲ့နှလုံးသားရှိတာ

ကိုယ်ချင်းမစာတက်တဲ့သူတွေတွက်တော့

အလွန်ကိုခံညားတဲ့ညမှာ

စားသောက်လို့ကောင်းတဲ့ဟင်းလျာလိုပါပဲ….

မုသားတွေကိုဆင်မြန်းပြီး

ပျော်ပါးနေလိုက်ကြတာ

ကမ္ဘာပျက်မတက်ပါပဲလားကွယ်…..

သစ္စာတရားဆိုတာကတော့

မစားချင်တော့လို့ဖယ်ထားတဲ့

ဟင်းတစ်ခွက်လိုဖြစ်ခဲ့ရပြီ…..

မေတ္တာတရားဆိုတာကတော့

ဟဟ  ….မင်းတို့နဲ့ဝေးရာကို

ထွက်ဖို့..အထုတ်ပိုးတွေပြင်ဆင်နေပြီ

မှန်လိုနေ..မှန်လိုကျင့်ဖို့

ငါမကြိုးစားချင်ဘူး……………

မင်းတို့ယုတ်မာတိုင်းငါမှမယုတ်မာတက်ပဲကိုကွယ်…………….

In: ကဗျာ Posted By: Date: Jan 25, 2011
Comment #1

မိုးခါးရေမသောက်ချင်ဘူးဆိုပါတော့ 🙂 အဲ့ဒါဆိုရင် ခံဖက်ကကြီးပဲနေမှနော်

commentinfo By: သြရသ at Jan 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment