Professional Authors

ညနဲ့အတူ

နီယွန်မီးများလောင်ကျွမ်း

မြို့ပြရဲ့မာယာတော

ဟိုမှာဒီမှာအလင်းရောင်မဲ့

ညရဲ့ ကဗျာ ပိုးဖလံလူများ

အသပြာဟာ သူတို့အတွက်သခင်

ကျိုးပဲ့ကြေမွ ဂုဏ်သိက္ခာတံခါးများ

အဆိပ်မဲ့တဲ့ မြွေတွေလိုရွေ့လျား

ညတစ်ညဟာ အလိုက်သိစွာ မိုက်မှားပြီ။

ဗျစ်ရည်ခါးစီးဆင်းမှုမှော်ချောင်း

ရမ္မက်ရဲ့မြူ ပိန်းပိတ်အောင်မှောင်

သွေးပွက်ဆူနံရံများပြိုလဲ

ညနဲ့အတူနာရီများ ပျောက်ဆုံးနေ ။ ။

 

In: ကဗျာ Posted By: Date: Jan 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment