Professional Authors

အမုန်းမိုး၇ွာစေ

ဘ၀နဲ့တွေးပြီး
ဘ၀နဲ့၇င်းထားခဲ့ပေမယ့်..အ၇ာမထင်ခဲ့ဘူး…။
နင့်ဘေးနားကမီးအိမ်လေးကအလင်းဖျော့တော့တော့ပဲပေးနိုင်ပေမယ့်
ငါမဟုတ်တဲ့အခြားတစ်ယောက်၇ဲ့နှလုံးသားကို
နင်၇ှာပုံတော်ဖွင့်ဖို့အတွက်ကူညီနိုင်ခဲ့တယ်….။
ကြွတက်နေတဲ့နင့်အာ၇ုံကြောတွေ
ငြိမ်သက်စေဖို့ငါကစတေးခံဖြစ်ခဲ့၇တယ်..။
မာယာတွေဖုံးလွှမ်းနေတဲ့
နင့်၇ဲ့အတ်တကြောင့်ငါ့မာနတွေကို
မျက်ကွယ်ပြုခဲ့၇တယ်….။
ဟန်ဆောင်တာတွေသိနေပေမယ့်
မသိချင်ယောင်ဆောင်ကာ
ငါ့နှလုံးအိမ်ထဲမှာနင့်ပုံ၇ိပ်တွေကိုနေ၇ာပြည့်ဆေးခြယ်ခဲ့တယ်…။
ဖြစ်နိုင်၇င်မိုးကောင်းကင်ကြီး၇ယ်…
ကျွန်တော့်၇င်ဘတ်ကိုဟက်တတ်ခွဲအမုန်းနဲ့ပတ်ခဲ့တဲ့တစုံတယောက်အပေါ်ကိုအမုန်းမိုးများ၇ွာချပေးပါ………။

In: ကဗျာ Posted By: Date: Jan 2, 2011
Comment #1

ဘာရယ်မဟုတ်ပါဘူး
ဒီကို ကျနော် ခဏရောက်ခဲ့တယ်
ဘ၀ရဲ့အလွမ်းအမောတွေ
နည်းနည်းစီ ပြေလွှင့်ခဲ့တာပေါ့…..။

ဘာရယ်မဟုတ်ပါဘူး
ကျနော် ပြန်ခဲ့တယ်
ရင်ထဲက တစ်ခုခု ကျန်ရစ်ခဲ့သလိုလိုနဲ့လေ…..။

commentinfo By: pole at Jan 2, 2011
Comment #2

ရေးတဲ့ပုံစံလေးလှတယ်…..
🙂

commentinfo By: moehtetaung18 at Jan 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment