ခါးသီးမှု
ခါးသီးတယ်ဆိုတာ ဘာလဲ…
ငယ်စဉ်က ဒုက္ခဆိုတာဘာမှန်းမသိတော့
မေးခဲ့ဖူးတယ်…
လိပ်ပြာကလေးကတော့ပြောပါတယ်
ကြွေလွင့်သွားတဲ့ ပွင့်ဖတ်တွေအောက်မှာ
မြှုပ်နှံလိုက်ရတဲ့ ပန်းပွင့်တွေရဲ့
ဝိဥာဉ်ဟာ ခါးသီးမှုတဲ့…
ကောက်ရိုးကလေးကတော့
နေပူပူအောက်မှာ တစ်ဝမ်းတစ်ခါးအတွက်
ရုန်းကန်နေရတဲ့ လယ်သမားကြီးရဲ့
အကြွေးတွေက ခါးသီးမှုတဲ့…
ပင်လယ်ကြီးကလည်းပြောပါတယ်
ဇင်ယော်တွေ သုတ်ချီသွားလို့
အသက်ပေးလိုက်ရတဲ့ ငါးကလေးတွေရဲ့
ငိုကြွေးသံက ခါးသီးမှုတဲ့…
 ………………………………………..
………………… 
ခါးသီးမှုဆိုတာ ဘာလဲ…
ချိုမြိန်မှုဆိုတဲ့ အဓိပ္ပာယ်ကိုတောင်
ရေရေရာရာ မမှတ်မိတော့တဲ့ဘ၀မှာ
…………
ခါးသီးမှုရဲ့ အဓိပ္ပာယ်လည်းပျောက်ဆုံးခဲ့ရတယ်…
Comment #2
…………
ခါးသီးမှုရဲ့ အဓိပ္ပာယ်လည်းပျောက်ဆုံးခဲ့ရတယ်…
ကောင်းတယ်……
ခါးသီးမှူ
                        By: moehtetaung18 at Dec 23, 2010
                    Comment #3
ကောင်းတယ်ဗျာ.. ကောင်းတယ် အားပေးသွားတယ်
                        By: genius.jinx28 at Dec 23, 2010
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
ကောင်းတယ်….. ခါးသီးမှုဆိုတာ နာကြီးမှုလို့ အကြမ်းဖျင်းပြောလို့ရတယ်ထင်တယ် ဒါပေမယ့် အဲဒီ့စကားတစ်ခွန်းနဲ့တော့ မလုံလောက်သေးတာ အမှန်ပဲဗျ………