Professional Authors

ပျောက်ဆုံးခဲ့သော တစုံတရာ

ဒီလို မိုးတွေစွေလာရင်
ငါ အိမ်ကို ပြန်လွမ်းတတ်ခဲ့..
ငါတို့ ညီအကို မိုးရေထဲမှာ
ဘောလုံးအတူ ကန်နေတုန်း…
ငါ ဂျူးရဲ့  မမအိမ်စိုးမေကို
စ စွဲလန်းတတ်တုန်း…
ငါတို့ မိသားစု ကော်ဖီ တယောက်တခွက်စီနဲ့ 
တနင်္ဂံင်္င်္င်္င်္င်္င်္နွေ နေ့ လည် သင်္ကြန်မိုးထဲ
အတူတူ စိမ့်ဝင်နေတုန်း…
ငါ့ဖေဖေ ထစ်ချုန်းမိုး သီချင်းသံကို
အံအား တကြီး မေးမြန်းနေတုန်း..
အဲ့ဒီ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်
ငါ့ဘ၀ ရဲ့  စိတ်ကူးယဉ်စရာ
ဆယ်ကျော်သက် အရွယ်…။
အိပ်မက်တွေ သန့် ရှင်းနေတုန်း
အချိန်တွေ ငါပြန်လွမ်းတတ်တယ်…။
ဒီလိုနေ့ တွေထဲ
ငါရရှိခဲ့တဲ့ ငွေကြေးနဲ့ အောင်မြင်မှုလို့ 
ထင်လောက်စရာ တစုံတရာ ဟာ..
ငါပျောက်ဆုံးခဲ့ တဲ့ ရိုးသားမှုနဲ့ 
အဖြုရောင် အိပ်မက်တွေကို
ဘယ်လို….
 အစားထိုးပေးနိုင်မှာလဲ…။

In: ကဗျာ Posted By: Date: Oct 3, 2010
Comment #1

when getting old, lost many thing. But can get chance to do some good thing.

commentinfo By: mie mie at Oct 8, 2010
Comment #2

မရောက်သေးသောအနာဂတ်အတွက် စိတ်ကူးအိပ်မက်တွေတည်ဆောက်မိတယ်
ေ၀၀ါးနေပေမယ့် အနာဂတ်အိပ်မက်တွေကို တပ်မက်ရင်း
လက်ရှိပျော်ရွှင်မှုတွေပျောက်ဆုံးသွားတယ်
ပျော်ရွှင်မှုတွေ မျှော်လင့်မိတဲ့အခါ လက်ဝယ်ပိုင်ဆိုင်ခွင့်မရှိတော့ပဲ
အတိတ်မှာပဲ သူတို့အိပ်စက်နေကြတော့တယ်

commentinfo By: apollo at Jan 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment