Professional Authors

ကျောင်းသူတို့ဆင်ခြင်စရာ

တက္ကသီလာ ၊ ချစ်ကမ္ဘာဝယ်

ပျော်ရွှင်ခဲ့မူ

အို…….ကျောင်းသူတို့……။

ကောင်းကျိုးမှာ စကား

ငါပြောကြားမည်

မပြောကြားခင်

အမျိုးအစား

ငါခွဲခြားမည်

မှတ်သားညီလော့ ။ ။

တစ်နေ့တစ်ခေါက်

ဟိုဆိုင်ရောက်သူ

ကျောင်းသားများမူ

အမျိုးကောင်းသား

ဇိုး ကျောင်းသားဟုမှတ်..။

မနက်ပိုင်းတင်သုံးခေါက်

လက်ဖက်ရည်ဆိုင်ရောက်မူ

မိဘငွေအား

ဖြုန်းပျော်ပါးသည့်

လူပေါ့ပါးဟုမှတ်..။

ဟိုချောင် ဒီချောင်

ကပ်မြှောင်နေသူ

ကျောင်းသားမူကား

မဟာနဖူးနှင့်

………ဟုမှတ်..။

ဖြူနီပြာဝါ

ရောင်စဉ် ဖြာယှက်

ဆေးဆိုးဆံပင်

ဖင်ကြပ်ဘောင်းဘီ

တွဲသီနားကပ်

လည်ပင်းပတ်သံကြိုး

ဟမ်းချိန်း အမျိုးမျိုး

ဆိုးညစ်ကဲကဲ

လမ်းသရဲ ဟုမှတ်..။

တက္ကသိုလ်ရောက်

ပြီးနောက်မကြာ

စာကြမ်းပိုးပုံ

ဖမ်းကုန်ရှိလတ်

မျက်မှန်တပ်ပြီး

ဖိုင်တွဲကတ်ကို

ချိုင်းကြားညှပ်ကာ

မိန်းမတွေနား

ခဏခဏ သွားလျှင်

စာကလည်းရူး

မောင်နှာဘူး ဟုမှတ်..။

ညဆို ငကြောင်

မိန်းမဆောင်ရှေ့

အုတ်ခုံတွေ့က

မမေ့မလျော့

ဇွဲမလျှော့ပဲ

Hip-Hop တွေဆို

ထိုငတိုအား

အုတ်ခဲကျိုးနှင့်

ထုကုန်လတ်..။

ငွေပြတ်၍သွား

ထိုကျောင်းသားသည်

မိန်းကလေးဆီငွေချေး

ထိုအကြွေးကား

စိတ်ချသေချာ

ဘယ်သောခါမှ

ဆပ်မည်မဟုတ်

ငွေထုတ်၍ မချေးလေနှင့်

ငွေအမြဲပြတ်သူ

မောင်ကြွေးထူ ဟုမှတ်..။

မိန်းကလေးတွေနား

အမြဲသွား၍

အကြွားပိုပို

အမြဲလိုလို

ရှိုးအပြည့်နှင့်

တွေ့လျှင် ဂိုက်ဖမ်း

ရေမွှေးဖြန်းကာ

ခေါင်းပြောင်အောင်ဖြီး

သ သ ပြီးစကားပြော

ထိုလူချောအား

ငပေါကြီး ဟုမှတ်..။

ကောင်မလေးတစ်ယောက်

ရှေ့က ဖြတ်မလျှောက်နှင့်

ကောက်ကောက်ပါအောင်လိုက်

စာပေးစကားပြော

အမြဲမမောသူ

ငန်းကြောထူ ဟုမှတ်..။

ထိုသို့ခွဲခြား

ပြပြီးငြားသော်

မမှားသေးခင်

နင်ဆင်ခြင်လော့

တက္ကသီလာ

မြကျွန်းသာမှ

ကျောင်းသားများအား

ကြည့်ကာယူကြ

ကျောင်းသူမ..။

ကဗျာစပ်သူ

ငါ့ကိုမူကား

ခြွင်းချက် ထား၍

အပစ်မမြင်

ပို…ချစ်ခင်လော့………………။      ။

                                         ၃.၉.၂၀၀၉

                                         စိုးရန်နိုင်ဦး

In: ကဗျာ Posted By: Date: Sep 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment