Professional Authors

နွေ

နွေ

လေတစ်​ချက်​အ​ဝှေ့မှာ
သွေ့​ခြောက်​​နေတဲ့ နွေညက
စိတ္တဇဆန်​ဆန်
လွင့်​​မြောလို့

နာရီနဲ့အမျှ
ရင်​​မောစရာဒီရာသီက
ရွက်​ဝါ​တွေခါချပြန်​​တော့လဲ
နွေရက်​​တွေဟာ
တကယ်​ကို
က​ဝေဆန်​လွန်းတယ်

ဘယ်​လို​ပြောရမလဲ
သည်​လို​နွေရက်​​မျိုးတွေဟာ
မြွေဆိုးလို
ငါ့စိတ်​အ​တွေးကိုကိုက်​​တော့
ငါ့နှလုံး​သွေးဟာ
ပြာညိုမှိုင်းလို့ .. .

ကိုချို

In: ကဗျာ Posted By: Date: Feb 19, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment