Professional Authors

ကျွန်မ အချစ်ကိုညာခဲ့ မိတယ်..

ကျွန်မ အကျင့်က နာရီဆိုရင် အကြိုက်ဆုံး Branded ကိုမှ တစ်သက်လုံး သုံးချင်သူပါ။
မပျက်စီးသေးသရွေ့  ပေါ့လေ…

ဒါပေမဲ့  Branded ကိုမ၀ယ်နိုင်သေးလို့ နာရီမပတ်ပါဘူးလို့ ဝန်ခံရမှာကို
ရှက်စရာလို့ ထင်မိခဲ့ တယ်။နာရီမရှိလို့သူတစ်ပါး ကို အချိန်မေးရ မှာမျိုးမလိုလားခဲ့ဘူး..။
အဲဒါကြောင့် fancy နာရီ တွေကိုပဲ တစ်မျိုးပြီးတစ်မျိုး သုံးခဲ့ မိတယ်

ဒါကြောင့် အများအမြင်မှာ ကျွန်မက fancy နာရီ ကိုမှ သဘောကျတတ်သူ ဖြစ်နေခဲ့ ပါပြီ..။

အဲဒီလိုပါပဲ…အချစ်မှာလဲ..

..
ကျွန်မချစ်ခဲ့ မိပါတယ်..။သူငယ်ချင်းအရင်းကြီးကိုချစ်ပါတယ်လို့ 
ဝန်ခံရမှာ ကို မ၀ံ့ ရဲခဲ့ ပါဘူး..။
သူအထင်သေးသွားမှာ…သူငယ်ချင်းအဖြစ်က ရပ်စဲလိုက်မှာ…
ဥပေက္ခာ ပြုသွားမှာကို ကြောက်ခဲ့ မိပါတယ်..။
သူသိသွားပြီး ကျွန်မအချစ်ကိုဟားမှာကိုလဲ မလိုလားခဲ့ ဘူး..။

ဒါကြောင့်ပဲ… အချစ်အတုတွေဖန်တီးပြီး..Unrequited Love တွေနဲ့ ရူးပြခဲ့ တယ်..။
သူငယ်ချင်းတွေကြားမှာပေါ့..
အဲဒီနည်းလမ်းနဲ့ ဖုံးကွယ်လို့ ရမယ်ထင်ခဲ့ တယ်…
သူ့ ကိုမေ့ပစ်နိုင်မယ်ထင်ထားခဲ့ ပါတယ်..။သူနဲ့သူငယ်ချင်းအဖြစ်ရှိနေရင်းနဲ့ ပေါ့…။

တကယ်တမ်းတော့ကျွန်မ အထင်တွေမှားခဲ့ ပါတယ်..။
သူငယ်ချင်းတွေကြားမှာ…ကျွန်မက ချစ်လွယ်မုန်းလွယ်သူ..အချစ်များသူတစ်ယောက်အဖြစ်သတ်မှတ်ခံရတာကလွဲပြီး
ကျွန်မသူ့ ကို မမေ့နိုင်ခဲ့ ပါဘူး…။

အခုအချိန်မှာတော့  ကျွန်မနားလည်သွားခဲ့ ပါပြီ..။
အချစ်ဆိုတာ…ဖုံးကွယ်ထားဖို့ မလိုအပ်ပါဘူး…။
ချစ်နေဖို့ ပဲ လိုအပ်တာပါ…။

ကျွန်မအချစ်တွေကို သူယုံကြည်သည်ဖြစ်စေ…မယုံကြည်ဘူးပဲ ဖြစ်စေ….
ကျွန်မသူ့ ကိုပဲ ချစ်သွားတော့ မှာပါ…
ဘယ်သူ့ ရှေ့ မှောက်မှာမဆို ကျွန်မအချစ်တွေကို ဖွင့်ဟဖို့  ၀န်ခံဖို့ သတ္တိတွေရှိနေခဲ့ ပါပြီ…။

သူ့ အချစ်တွေကို မျှော်လင့်မနေတော့ ဘဲနဲ့ ပေါ့..။

In: ဆောင်းပါး Posted By: Date: Jun 12, 2010
Comment #1

တူညီတဲ့ ခံစားမှုပါပဲ

commentinfo By: thukhacho at Jun 16, 2010
Comment #2

တခါတလေမှာလေ ကိုယ့်အတွက်မဟုတ်တဲ့လူ ဖြစ်နေတတ်တယ် ။ ရတုတို့ ချစ်မိသူကပေါ့။ရတုတို့ ချစ်မိသူက ရတုတို့အတွက် မဟုတ်နေတာမျိုးပေါ့။ ဒီလိုပါပဲ။တည့်တည့်တိုးပြီးမှ မျက်နှာလွဲလိုက်ရတာမျိုးပေါ့။

commentinfo By: yatu at Jun 20, 2010
Comment #3

Unrequited Love ဆိုတဲ့စကားလုံးလေးရဲ့ မြန်မာလိုဘာဆိုတာကျွန်တော်က သေသေချာချာ မသိတော့
ဖတ်ပြီးခံစားရတာ ……………………………………………………………..

commentinfo By: kopauk mandalay at Jul 2, 2010
Comment #4

တော်တော်တော့ ခက်ခဲမှာပဲနော်။ ဟန်ဆောင်ရတာလေ။ တကယ်လို့  အဲဒီသူက ရှိနှင့်ပြီးသားဆိုရင် မျှော်လင့်စရာလည်းမရှိလို့ သွားပါလေရော…နော်။ ဗလာပြောတဲ့ Unrequited love …တဖက်သတ်အချစ်၊ အုံ့ ပုံးအချစ် ဆိုတာမျိုးဖြစ်သွားတော့ ကိုယ့်ကိုယ်ကိုလည်းမုန်းမိတယ်။ မချစ်မယ့်သူကို ကိုယ့်အချစ်တွေ ပေးမိလို့  လေ။

commentinfo By: Atheana at Jul 2, 2010
Comment #5

သေချာတာပေါ့ ဟန်ဆောင်ရတာခက်ခဲ တယ်ဆိုတာ..။သူကကျွန်မကို ကျွန်မရဲ့ fancyနာရီ တွေအကြောင်းမကြာခဏမေးတတ်တယ်…။ဘယ်သူကိုချစ်နေတာလဲ ဆိုပြီးတော့ ပေါ့..။အဲဒီလိုမေးလာတိုင်းလဲကျွန်မ အဖြေမှားတွေကိုပဲပေးနေမိတယ်…ဒါပေမဲ့ ကျွန်မ သူ့ကိုအမေးချင်ဆုံးမေးခွန်းက
နင်ငါ့ကို နဲနဲ လေးတောင်မှ မချစ်ခဲ့ ဖူးဘူးလား လို့ ပေါ့
ဒါပေမဲ့ ၇နှစ်ကျော်ခဲ့ ပြီးတဲ့ သူငယ်ချင်းသံယောဇဉ်လေးပြတ်သွားမှာစိုးလို့ 
မမေးဘဲနေခဲ့ ရတာပါ

commentinfo By: Blar at Jul 3, 2010
Comment #6

ဒါပေမယ့် တခါတလေလဲ တို့ စဉ်းစားမိတယ်။ မမေးလိုက်မိဘဲ ဒီတိုင်းကြီး ဇာတ်ရှည်သွားမှာထက်စာရင် သေချာရေရာတဲ့ အဖြေတစ်ခုခု တော့ ကွဲပြားသင့်တယ်လို့ ထင်တယ်လေ။ ရလာတဲ့ ရလဒ်က ကိုယ့်အတွက် အကောင်းမဟုတ်နိုင်ရင်တောင်မှပေါ့။ ဒါမှ ကိုယ်လည်း မေ့သင့်တာတွေမေ့၊ လွှင့်ပစ်သင့်တာတွေလွှင့်ပစ်၊ သိမ်းဆည်းသင့်တာတွေ သိမ်းဆည်းပြီးတော့…ကိုယ့်လည်း ဆက်ရှင်သန်ရအုံးမယ်လေ။

commentinfo By: Atheana at Jul 3, 2010
Comment #7

ကျေးဇူးတင်ပါတယ် သူငယ်ချင်း
ငါ မေးလိုက်ပါ့မယ်။

commentinfo By: Blar at Jul 6, 2010
Comment #8

ကိုယ့်အတွက်မဟုတ်ရင်လည်း စိတ်မညစ်လိုက်နဲ့ အုံးနော်။ ဒီအတိုင်း သူငယ်ချင်းပဲပေါ့။ မင်းအတွက် အရှုံးမရှိနိုင်ပါဘူး။ အမြတ် သို့ မဟုတ် အရင်း ပဲရှိမှာပါ။

commentinfo By: Atheana at Jul 6, 2010
Comment #9

ဒါပေမဲ့ 
သူ့ ဘက်က အထင် သေးသွားမှာကို ကြောက်တာ
နောက် ပြီး
ငါ့ ကို သူငယ်ချင်းတစ်ယောက်လို မခင်တော့ မှာကိုကြောက်တာ

commentinfo By: Blar at Jul 6, 2010
Comment #10

Atheana
ငါမေးဖို့ အတွက် အင်အားမရှိဘူဟာ…
ငါ က မိန်းကလေးဖြစ်နေတာကို
အရိပ်အမြွက်ပြရုံ လေးပဲ ရတာပေါ့

commentinfo By: blar at Jul 17, 2010
Comment #11

ဒီကဗျာလေးနဲ့ မှတ်ချက်တွေ ဖတ်ကြည့် ဆို၇င် လုံလောက် ပီ ထင်တယ်.. သူ ဖန်စီနာ၇ီလေးအကြောင်းမေးဖူးတယ်ဆိုတော့ သူ့ ကို ၇ည်၇ွယ်တယ်ဆိုတာ သူသိမှာပါ

commentinfo By: သော်တာ at Sep 11, 2010
Comment #12

why did u lie?
why did u pretend?
why did u find many loves?

love combines all of honest,simple,faith,believe,truth.

no need to shy if u really love someone.
no need to avoid if u really want love.
nothing can get easily,
if u r eager,u’ll get ur goal.

never forget that true love can’t exchange.
never forget that true love isn’t goods.

commentinfo By: ei lay at Mar 27, 2012
Comment #13

. (Y)

commentinfo By: Hamburger at Nov 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment