မာနခဲလေးသို့…… (မိုးဇက်)
ကောင်မလေး……
ကွာဝေးလွန်းတဲ့ တို့နှစ်ယောက်ကြား
နှလုံးသားချင်း နီးဖို့ လိုအပ်မှန်း
နင်သိလာပြီ မဟုတ်လား?
“အသက်မှရှိသေးရဲ့လား” လို့ မေးတဲ့နင့်စကား
နားဝင်ခါးရင်ခါးမယ်
သေချာပါတယ်
နင်လည်းငါ့ကိုလွမ်းနေတယ်ဆိုတာ……
“နင်လွမ်းတတ်လာပြီလား ကောင်မလေး”
ငါဒီလိုမေးရင်
“ဟင့်အင်း ဟင့်အင်း”
ဒီလို နင်ငြင်းမှာသေချာတယ်….
နင်နဲ့ငါ့ကြား
ပိုခြားသွားစေမယ့်
နင့်မာနတရား
နင်လွှတ်ချထားခဲ့လိုက်ပါ
ခံစားချက်ကိုဖုံးကွယ်
(ငါ့ကို) ဆက်ညာမနေပါနဲ့ ကောင်မလေးရယ်…..
သိပ်ခက်တယ်ကောင်မလေးရယ်
ကမ္ဘာတစ်ခြမ်းဆီကနင့်ကို
အရမ်းကိုလွမ်းနေမိတယ်လို့ပြောချင်ပေမယ့်
ပြောညံ့လိုက်တာလို့ပြောမယ့် နင့်မှတ်ချက်ကြောင့်
အလွမ်းတွေကိုသိမ်းထုတ်
ငါ အဆက်အသွယ်မလုပ်ပဲနေနေတာပါ…..။
ပြန်ဆုံဖြစ်ခဲ့ရင်ဆိုတဲ့အတွေး
ခပ်ရေးရေးပါပဲ ကောင်မလေးရယ်
ငါနဲ့နင့်ကြား
ရေမြေတွေခြားနေသ၍
နေ့ နဲ့ ည ၊ ည နဲ့ နေ့
ပြန်ဆုံတွေ့ခွင့်ရှိပါ့မလား
ပြန်လာခဲ့ပါကောင်မလေးရယ်
မိုင်ထောင်ချီဝေးနေတဲ့
ကမ္ဘာရဲ့တစ်ဘက်မှာ
ငါနင့်ကို အရမ်းလွမ်းနေလို့ပါ……။
Comment #2
😛
chit chin hmar “mar na” tway g lun yin ok bu,
sate nyit sa yar g.
ta moe out hmar tu tu shi nay naing de a twat dot ,,,
a yann pyaw par de,
By: ei lay at Sep 15, 2012
Comment #3
အသက်မှရှိသေးရဲ့လား” လို့ မေးတဲ့နင့်စကား
နားဝင်ခါးရင်ခါးမယ်
သေချာပါတယ်
နင်လည်းငါ့ကိုလွမ်းနေတယ်ဆိုတာ……
By: anna at Sep 15, 2012
Comment #5
both title & poem r so much perfect
By: ei lay at Feb 27, 2013




Comment #1
ပြန်လာခဲ့ပါကောင်မလေးရယ်
မိုင်ထောင်ချီဝေးနေတဲ့
ကမ္ဘာရဲ့တစ်ဘက်မှာ
ငါနင့်ကို အရမ်းလွမ်းနေလို့ပါ……။
like