Professional Authors

ကျိုးကြောင်းဆီလျော်သော(မင်းလူန)

မျက်နှာချင်းဆိုင်ပြီး
မျက်လုံးချင်းဆုံ
ပြီးတော့ 
တစ်ယောက်အမှားတစ်ယောက်
မသိဟန်ဆောင်
လက်သိပ်ထိုးပြီးငရဲအိုးကိုမိးပျိုးနေရတာ
တစ်ကယ်တော့ 
ခါး
သက်
………..
လောကရယ်
စာမျက်နှာနံပါတ်တစ်အရ
အမှားတွေကိုသွန်းလောင်းထုဆစ်တက်သူ
လူဆိုတဲ့ 
ပုံဆောင်ခဲမှာ
မီးများ
………
သဲထဲရေသွန်ခဲ့ မှု့ များ
အကျိုးမပေးတဲ့ စေတနာအနာတရများ
အိပ်မတ်ကိုရေးစပ်သီကုံးမှု့ များ
ခတ်တယ်ကွယ်
ပြသတင်ဆက်ခွင့် ရ
ကဗျာမှာ
ကဗျာဆရာရဲ့ 
ထမင်းနပ်တွေအကြောင်းတောင်မပါခဲ့ ရဘူး
                                                      မင်းလူန

In: ကဗျာ Posted By: Date: Mar 26, 2012
Comment #1

သဲထဲရေသွန်ခဲ့ မှု့ များ
အကျိုးမပေးတဲ့ စေတနာအနာတရများ
အိပ်မတ်ကိုရေးစပ်သီကုံးမှု့ များ
ခတ်တယ်ကွယ်
ပြသတင်ဆက်ခွင့် ရ
ကဗျာမှာ
ကဗျာဆရာရဲ့ 
ထမင်းနပ်တွေအကြောင်းတောင်မပါခဲ့ ရဘူး

commentinfo By: May Kha at Mar 26, 2012
Comment #2

အဲ့တာတော့ မပြောတတ်တော့ဘူး
ကိုမင်းလူနရဲ့ ရေးဟန်ကို ကြိုက်တယ်
ကိုမင်းလူန ရဲ့ ဒီကဗျာလေးဟာ ကောက်ကြောင်းတစ်ခုကနေ
ကောက်ကြောင်းတစ်ခုကို ဆွဲယူသွားခြင်း က ရိုးစင်းပေမယ့် သေသပ်တယ်ဗျာ
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Mar 26, 2012
Comment #3

တစ်ယောက်အမှားတစ်ယောက်
မသိဟန်ဆောင်
လက်သိပ်ထိုးပြီးငရဲအိုးကိုမိးပျိုးနေရတာ
တစ်ကယ်တော့ 
ခါး… သက်

commentinfo By: ကံ့ကော်မောင် at Mar 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment