ကွယ်ရာ
အပြုံးလှလှ တစ်ပွင့်
ကောက်ရထားတယ်…
လ၀န်းလေးကလဲ နွေးလို့
ဆံနွယ်တွေ ဘယ်ဘက် ယိမ်းလိုက်မှန်းတောင်
မဝေခွဲ နိုင်ခဲ့ဘူး…
မျက်ဝန်းတွေအောက်မှာလဲ
ငေးငိုင်နေရတဲ့ အဖြစ်..
ငါ့ရင်ခုန်သံတွေက
ကဗျာဆန်လောက်အောင်
မင်းအချစ်ထဲ ပြိုကျခဲ့ရပေါ့..ချစ်သူ
နေညိုချိန်တွေကို ကြောက်လို့
လေကွယ်ရာက လျောက်နေတာ
မင်းကို မချစ်လို့ မဟုတ်ဘူး..
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        


