Professional Authors

ချစ်လို့တောင် မ၀သေးဘူး….

မထားခဲ့ပါနဲ့….
ရင်ခွင်မှာအမှောင်ဖုံးမှာကြောက်လို့
ငါ့အချစ်တွေတောင်
နေမ၀င်ခဲ့ဘူးလေ…….
ကြယ်လေးတွေကိုမှချစ်တယ်ဆိုရင်
ငါ့မျက်ရည်တွေဥ ပေးထားမှာပေါ့……

လွမ်းပါရစေဦး….
ဝေးဝေးကလွမ်းနေပေမယ့်..
ရင်ထဲအမြဲရှိခဲ့တာ မင်းမှမသိခဲ့တာ…
ကျေနပ်တယ်ရယ်မဟုတ်ပေမယ့်
ထားရာမှာပဲနေရမှာပေါ့…
အမေ့ခံဆိုတဲ့ဘ၀မှာလဲ
ငါ…နေပျော်ပါတယ်………

မင်းသိလား…
ဇီဝကလက်မှိုင်ချထားတယ်
ဒီဒဏ်ရာမပျောက်မှန်းသိပေမယ့်..
နာကျင်နေရတိုင်းအမှတ်ရတတ်တော့
မင်းကို မမေ့ချင်တာနဲ့…
ငါ..ဒဏ်ရာတွေမှာ
မွေ့လျော်ခဲ့တာလေ…

တကယ်ပါ…
ထားမသွားနဲ့ဦး….
လွမ်းနေချင်သေးတယ်….
မင်း..သတိမရပေမယ့်..
ငါမှမမေ့သေးတာ…
နာကျင်နေရလဲ ကျေနပ်နေတုန်းပဲမို့….
ခဏလောက်ပဲဖြစ်ဖြစ်…
ချစ်ခွင့်လေးတော့ပေးလှည့်ဦး..
ငါ…မင်းကို…
ချစ်လို့တောင် မ၀သေးဘူး…………။                  ။

In: ကဗျာ Posted By: Date: Jan 26, 2012
Comment #1

လွမ်းပါရစေဦး….
ဝေးဝေးကလွမ်းနေပေမယ့်..
ရင်ထဲအမြဲရှိခဲ့တာ မင်းမှမသိခဲ့တာ…

commentinfo By: kantkawmg at Jan 26, 2012
Comment #2

ထားမသွားပါနဲ့လို့..ဆုတောင်းပေးသွားပါတယ်
..
မမိုး အားပေးနေတယ်နော်

commentinfo By: အသဲကွဲမိုး at Jan 27, 2012
Comment #3

chit loh taung ma wa tay bu,,,
bar tway lar pyaw nay dar le?
hint,,,
htar ke phoe kyoe sar nay de pop lay,,
tay hma pe ya me,,,

commentinfo By: ei lay at Jan 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment