မချစ်တက်သေးခင် ထ္မင်းတည်းပေးပါနော်
ကိုယ်လည်းပြောတယ် သူလည်းသိတယ်
အစကတော့ ငါတို့နှစ်ယောက် တကယ်ချစ်ခဲ့တယ်..
သို့သော် ချစ်လမ်းတွေပိတ်နေလို့ ဖုန်းလိုင်းတွေပျက်နေလို့
ရုံးရောက်တော့လည်း ကော်နက်ရှင် ကျနေတော့..ဟူး…
စိတ်ပျက်ပျက်နဲ့ ထိုင်ခုံပေါ်မှာ သက်ပြင်းချခဲ့တယ်..။
ဟိုရောက်တော့လည်း လုပ်ငန်းတစ်ခုတည်ထောင်ဖို့
အရှုံးတွေနဲ့စရသလို ဘ၀တစ်ခုထူထောင်ဖို့
ထမင်းချက်နည်း သင်တန်းတစ်ခု စရတယ်
ကုန်ဈေးနှုန်းမသိမှာစိုးလို့ ဈေးသွားနည်းလည်း
အနီးကပ် သင်ရတယ် စရိတ်စကတွေကြီးမြင့်လာလို့
ချစ်ခြင်းအကြောင်း မေ့ထားလိုက်ပြီး အပြင်မှာ
အကြမ်းဖက်မှုတွေကို ထိတ်လန့်နေရတုန်း
တိုးလာတဲ့ ရန်သူက ခွန်ကောက်တက်တဲ့…။
အိမ်ရှင်မက လိုငွေပြမှုတွေနဲ့ လောဘကိုမြင့်တင်ပြီး
လိုအပ်ချက်မာနအတွက် ကြွားဝါးခြိမ်းခြောက်ခံရ
ဘယ်လိုဘဝထဲ ငါ…ခြေဆုံပစ်ဝင်ခဲ့သလဲ
ဓနမရှိပေမဲ့ ဘဝသင့်တော်တဲ့ ပညာတက်ဖို့အတွက်
လိုအပ်တဲ့ခရာတံဆိပ် စရိတ်စတာဟာ
ငါ့ ဘဝပျက်လုနီး ကြောက်ခမန်းထလို့ မြင့်မြတ်စေခဲ့တယ်
အတုအပမဲ့ ပညာတက်လိုသူတွေများတော့
ခဝါသည် ကလိန်ကျသလို ပညာအတုယောင်တွေနဲ့
စင်မြင့်မှာ တေးသွားညည်းတွားနည်း…
အဲဒါတွေက တနည်းနည်းနဲ့ တန်ပြန်ခြိမ်းခြောက်ခြင်းပဲတဲ့..။
အမှောင်ထုရဲ့ ငမိုက်သားကို
ငါကျော်ဖြတ်လာပြီး မိုးလင်းကတည်းက
ငါကိုယ်တိုင်ကြွေးဟောင်း ပြန်ပေးဆပ်ဖို့
ငါကိုယ်တိုင်ကြွေးသစ်တွေ လက်သစ်လောင်းဖို့
ဝဋ်ကြွေးတွေနဲ့ ကြွေးဆိုးသွေးဆိုးတွေ လျှော်ကြေးပေးပစ်ဖို့
ကမ္ဘာကျော်သန်းကြွယ်သူဋ္ဌေးတစ်ယောက်လို ငါတွေးခေါ်နေတုန်းလေ…။
သဏ္ဍာန်မတူသော အချို့အခြေအနေတွေက
အတင်းအကျပ်ဖိအားပေးလို့ အိမ်ရှင်မတောင်
အချစ်အတွက်လောက် အလေးထားလို့
ထမင်းအိုးပျောက်တဲ့ ဒီခေတ်ထဲ နှုတ်ထွက်သွားတာမျိုးနဲ့
ဘဝတစ်ခုရင်ဆိုင်ရသလို ဒီလောကတွင်းက မောင်းထုတ်ခံရ
သူကိုယ်တိုင်..အနာပေါ် ဒုတ်ကျသလို အပြစ်တွေက
ကင်ဆာလိုလို၊ တီဘီလိုလို အိပ်ခ်ျပိုးတွေ စုံလို့
မရိုးသော ချစ်ဇာတ်ခုံထဲ မလွယ်ကူပေမဲ့
တစ်နေ့နေ့ ချစ်ဇာတ်လမ်း မစခင် ကိုယ်ရင်တွင်းဖြစ်
ပြောပါရစေ မချစ်တက်သေးခင် ထမင်းအိုးလေး တည်ပေးပါအုန်းနော်..
သို့သော် ငါ့မှာ အကျည်းတန်းမှုတွေနဲ့ ဘဝဇာတ်ခုံပေါ်မှာ ခြိမ်းခြောက်မှုတွေအပြည့်
ငါကိုယ်တိုင် ပေးဆပ် အကြွေးဆပ်ရင်း ရှင်သန်လျက်ပဲ…။
တက္ကသိုလ်မြတ်မင်း
Comment #4
ပြောပါရစေ မချစ်တက်သေးခင် ထမင်းအိုးလေး တည်ပေးပါအုန်းနော်..
သို့သော် ငါ့မှာ အကျည်းတန်းမှုတွေနဲ့ ဘဝဇာတ်ခုံပေါ်မှာ ခြိမ်းခြောက်မှုတွေအပြည့်
ငါကိုယ်တိုင် ပေးဆပ် အကြွေးဆပ်ရင်း ရှင်သန်လျက်ပဲ
ပျော့တူးမနပ်လေ ကြိုက်လား အဲ့လိုဆိုရင်တည်ပေးမယ်တဲ့
 By: ဒေါ်ရွှေအ at Oct 23, 2011
                        By: ဒေါ်ရွှေအ at Oct 23, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ဟိုရောက်တော့လည်း လုပ်ငန်းတစ်ခုတည်ထောင်ဖို့
အရှုံးတွေနဲ့စရသလို ဘ၀တစ်ခုထူထောင်ဖို့
ထမင်းချက်နည်း သင်တန်းတစ်ခု စရတယ်
ကုန်ဈေးနှုန်းမသိမှာစိုးလို့ ဈေးသွားနည်းလည်း
အနီးကပ် သင်ရတယ် စရိတ်စကတွေကြီးမြင့်လာလို့
ချစ်ခြင်းအကြောင်း မေ့ထားလိုက်ပြီး အပြင်မှာ
အကြမ်းဖက်မှုတွေကို ထိတ်လန့်နေရတုန်း
တိုးလာတဲ့ ရန်သူက ခွန်ကောက်တက်တဲ့…။
ကဗျာလေး ကို သဘောကျတယ်