Professional Authors

အခန်းအမှတ်(၇)

မိုးတံခါးကို ဆွဲဖြိုပစ်

ရွဲစိုနစ်နေတဲ့ ကောက်ကြောင်းကို

ပန်းဆီရောင် ထပ်လောင်းလို့

ပစ်မှားရစေကြောင်း ဆုတောင်းမယ်။

 

ငွေနှင်းရည်ရောင် ဒေါက်ချွန်လေး

သန်းခေါင်ကုတင်ဘေး

စိတ်အေးလက်အေး မှေးစက်သွားတဲ့ည

သီလချိုးနတ်ဆိုးက

ငါ့ကို ရန်လာလာစတယ်။

 

ငါ့လိပ်ပြာကို

ငါဖမ်းဖို့ အသွား

လှစ်ဟထားတဲ့ တံခါးနဲ့

ကြိုးနှစ်စရဲ့ အနား

ဝိုင်နည်းနည်း များတာကြောင့်

ကံတစ်ပါး ငရဲလားပြန်တယ်။

 

အချစ်သက္က၇ာဇ် ဖြိုတဲ့မင်းဆက်များ

နတ်ပြည်သွား တောလားကို

ဘယ်လိုများ မှားခဲ့ကြသလဲ။

ဆန့်ကျင်ဖက် ၀ှက်ဖဲတွေသာ

တချပ်ပြီးတချပ်

ငါ့အနားမှာ ၀ဲတယ်။

 

နှင်းပွင့်လေးရဲ့ သွားကြိတ်သံ

နှင်းဖတ်တွေများဆို

လေမှာ

          ဖူးလို့——————

                  ငုံလို့————-

                         ပွင့်လို့——-

 

ဖျတ်ကနဲဆို

ပုံရိပ်ဖမ်းကိရိယာလေး———————-

———————-

 

ပွင့်အံကျ————————–

 

လာပါ ညီမလေးရယ်

မိုးတံခါးကို ဆွဲဖြိုပစ်

ရွဲစိုနစ်နေတဲ့ ကောက်ကြောင်းကို

ပန်းဆီေ၇ာင်ထပ်လောင်းလို့

ပစ်မှားရစေကြောင်း ဆုတောင်းမယ်။               ။

 

 ကြယ်ဝေး

In: ကဗျာ Posted By: Date: Sep 4, 2011
Comment #1

စကာလုံးတွေ ကောင်းတယ် ဗျာ

Comment #2

အားပေး..သွားတယ်ဗျာ…ကောင်းလို့ပါ

commentinfo By: အသဲကွဲမိုး at Sep 5, 2011
Comment #3

စာသားတွေကြိုက်၏ ။

commentinfo By: chityellusoelay at Sep 5, 2011
Comment #4

လာပါ ညီမလေးရယ်

မိုးတံခါးကို ဆွဲဖြိုပစ်

ရွဲစိုနစ်နေတဲ့ ကောက်ကြောင်းကို

ပန်းဆီေ၇ာင်ထပ်လောင်းလို့

ပစ်မှားရစေကြောင်း ဆုတောင်းမယ်။ ။

commentinfo By: nwenyeinaye at Sep 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment