Professional Authors

အဝေးကချစ်သူ … ( လူဆိုး )

မြူနှင်းလေးတွေ တစ်ဖျောက်ဖျောက်ကျလို့
လူသားအားလုံးကိုပျော်ရွှင်စွာနဲ့ နှိုးထစေပြီး
အရမ်းကိုလှပနေတဲ့ မနက်ခင်းလေးရေ …
မင်းရဲ့ ဆန်းပြားလွန်းလှတဲ့ အလှကိုခံစားရင်း
နှစ်ယောက်အတူတူ ကော်ဖီတွဲသောက်ဖို့ရာ
ငါ့ရဲ့ချစ်သူက  .. ငါနဲ့အဝေးကြီးဟာ ။

ကမ္ဘာမြေကြီးရဲ့အပေါ် အလင်းလက်ဆုံးဖြာကျလို့
လူသားအားလုံးကို သွားရေးလာရေးပြေလည်စေပြီး
အရမ်းကိုလှပနေတဲ့ နေ့လည်ခင်းလေးရေ …
မင်းရဲ့တောက်ပခြင်းဆိုတဲ့ နေရောင်ခြည်ကို ခံစားရင်း
နှစ်ယောက်အတူတူ အပန်းဖြေနားနေဖို့ရာ
ငါ့ရဲ့ချစ်သူက  ..   ငါနဲ့အဝေးကြီးဟာ ။

တိမ်ပြာတွေညို့မှိုင်းလို့ ဆည်းဆာညနေခင်းလေးမှာ
ရင်ခုန်စရာ အချစ်သီချင်းတွေသီကြူးလို့
တစ်ယောက်ရဲ့လက်ကိုတစ်ယောက်ဆွဲပြီး
ချစ်သူရဲ့ ပခုံးလေးပေါ်ခေါင်းလေးမှီရင်း
တူယှဉ်ကာ တွဲလျှောက်ဖို့ရာ
ငါ့ရဲ့ချစ်သူက  ..  ငါနဲ့အဝေးကြီးဟာ ။

In: ကဗျာ Posted By: Date: Jul 30, 2011
Comment #1

အော်……..ဝေးပီင်္းရင်နီးရမယ်လေ……… အားတင်းထား …

commentinfo By: May Kha at Jul 30, 2011
Comment #2

အော်……..ဝေးပီင်္းရင်နီးရမယ်လေ……… အားတင်းထား …
ငဘုံတလှည့်..ငပျံတလှည့်တဲံ ဘ၀ဆိုတာ…..

commentinfo By: May Kha at Jul 30, 2011
Comment #3

အားတင်းထားပါတယ်ဗျာ ..ဒါပေမဲ့ဝေးနေတော့
လွမ်းတာကအချိန်တိုင်းလိုပဲ … 🙁

commentinfo By: chityellusoelay at Jul 30, 2011
Comment #4

ကိုယ်ချင်းစာပါတယ်……….

commentinfo By: May Kha at Jul 30, 2011
Comment #5

ချစ်သူနဲ့ဝေးနေရတဲ့ဘဝကဘယ်မှာများပျော်ရွှင်နှိုင်မလဲဗျာ ..
ကိုယ်ချင်းစာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော် … 😛

commentinfo By: chityellusoelay at Jul 30, 2011
Comment #6

hint,,,hint,,,
ti yin le p yaw.
myan myan ni aung hma ma loak tar g ko.

commentinfo By: ei lay at Jul 30, 2011
Comment #7

တိန် … ဒီကလည်းနီးအောင်လုပ်နေပါတယ်ဗျ …
အချိန်ပိုင်းလေးပဲလိုတော့တာ …ဟိဟိ

commentinfo By: chityellusoelay at Jul 30, 2011
Comment #8

အားပေးသွားပါတယ်
ချစ်သောသူများ အမြန်ဆုံး ပျော်ရွှင်နိုင်ကြပါစေ။

commentinfo By: မယ်မနော at Jul 31, 2011
Comment #9

lots of best wishes.

commentinfo By: ei lay at Jul 31, 2011
Comment #10

ကြိက်တယ်

commentinfo By: Red Demon at Jul 31, 2011
Comment #11

ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။
ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။
ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။

commentinfo By: မြေနံ့ at Jul 31, 2011
Comment #12

အဲလိုမပြောပါနဲ့ဆို …အဝေးကြီးဆိုတာသိလိုက်ရရင်
ငိုချင်လာလို့ … ဟီးးးးးးးးးးးးးးးးးးးးးးးးးးး

commentinfo By: chityellusoelay at Jul 31, 2011
Comment #13

ဘယ်လိုလုပ်မလဲ…။ဒါဆို…။အဲ့ဒါကိုပဲပြောချင်နေလို့လေ…။ဟီး………။
ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။ဟီး…..။သူများစိတ်မချမ်းသာတာမျိုးဆိုသိပ်လုပ်ချင်တာ…။
အကျင့်ကိုကမကောင်းတော့လေ..။ဟီး…။

commentinfo By: မြေနံ့ at Jul 31, 2011
Comment #14

ဟွန့် ..လူချိုး …သူများထက်ဆိုးတယ် … အဝေးကြီးဆိုတော့အများကြီး
လွမ်းရတာပေါ့ဗျာ … သတိရတာကလဲအချိန်တိုင်းပဲ ..
ပြောနေရင်းတောင်သတိရသွားပီ …ဟီးးးးးးးးးးးးးးးးး

commentinfo By: chityellusoelay at Jul 31, 2011
Comment #15

လုပ်ထား လူဆိုးရေ….။

Comment #16

အကိုနော် ..စကားကိုရှင်းအောင်မပြောပြန်ဘူး …
မလုပ်နှိုင်သေးဘူးလို့ ….ဟိဟိ ..( စတာနော် )

commentinfo By: chityellusoelay at Jul 31, 2011
Comment #17

မြူနှင်းလေးတွေ တစ်ဖျောက်ဖျောက်ကျလို့
လူသားအားလုံးကိုပျော်ရွှင်စွာနဲ့ နှိုးထစေပြီး
အရမ်းကိုလှပနေတဲ့ မနက်ခင်းလေးရေ …
မင်းရဲ့ ဆန်းပြားလွန်းလှတဲ့ အလှကိုခံစားရင်း
နှစ်ယောက်အတူတူ ကော်ဖီတွဲသောက်ဖို့ရာ
ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #18

ဟုတ်တယ်ဆည်းဆာရေ ..ခုထိဝေးတုန်းပဲဗျာ … 🙁

commentinfo By: chityellusoelay at Aug 2, 2011
Comment #19

မဝေးတော့ပါဘူးနော် .. နှစ်လပဲကျန်တော့တာပါကိုရယ် ..
အားတင်းထားနော် …

commentinfo By: zinchit at Aug 3, 2011
Comment #20

cmt တွေ များလိုက်တာ ဘာများထပ်ပေးရမှန်းတောင် မသိတော့ပါဘူးဗျာ..great great..!!

commentinfo By: ဖိုးနမ်း at Aug 3, 2011
Comment #21

ကိုဖိုးနမ်းလာကြည့်တယ်ဆိုရင်ပဲ ..လူဆိုးကျေနပ်ပါတယ်ဗျာ …
ကျေးဇူးတင်ပါတယ်အကို … အားတင်းထားတယ် ..ချစ်သူရေ ..
ပြန်တွေ့ရင်တော့ကိုပြောထားသလိုနော် ..ဟွန့်

commentinfo By: chityellusoelay at Aug 4, 2011
Comment #22

ဟယ်လူဆိုး ..နင်ကတစ်နေကုန်လုံးကိုဝေးနေတာပဲ ..။

commentinfo By: သက်ထား at Aug 7, 2011
Comment #23

🙂

commentinfo By: chityellusoelay at Aug 7, 2011
Comment #24

@_@
@_@

commentinfo By: ei lay at Nov 2, 2012
Comment #25

have no idea how to cancel noti mails from this site. :S

commentinfo By:ိdemon at Nov 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment