Professional Authors

အစိမ်းရောင်မင်းသမီး…….သို့

စိမ်းစားသီးအလား
ငါ့နှလုံးသားကို
ချိုမြိန်စွာ စားသုံးသွားတဲ့
အစိမ်းသက်သက်…
အပြုံးတော်ရှင်မလေးရေ…။

စိမ်းရွှေစွာ တီးခတ်လာတဲ့
မင်းနှုတ်ခမ်းနှစ်လွှာကြားက
အစ်ကို…..ဆိုတဲ့
သံဇဉ်ချိုချိုလေးတွေနဲ့အတူ
လက်ချိုးလို့  တေးသီ
ရင်ကြော့ကာ  ခေါင်းမော့
မာယာအစုံ ကကွက်အဖုံဖုံတွေ
နာကျင်စွာ  မေ့တန်ကောင်းပါလည်း
ငါ့ရင်မှာ သတိတရရှိနေဆဲပါပဲ…..။   ။   ။။  ။။

In: ကဗျာ,Others Posted By: Date: Jun 8, 2011
Comment #1

သတိတရရှိနေဆဲပါပဲ….

Leave Comments

Name*

Email*
Website
Email me whenever there is new comment