Professional Authors

“ပြဌာန်းချက်”

မူးလျှင်မရမ်းရ
ရမ်းလျှင်မမူးရ
မူး၍ရမ်းသူများအား
ဘုံဆိုင်ရန်သူအဖြစ်သတ်မှတ်ခြေမှုန်းကြ။

  “ နှစ်လုံးတစ်ပိုင်းအကုန် အရက်ဝိုင်းမှချမှတ်သည့် ဇိုးသမားတို့၏ သံဓိဌာန် ( ၆ ) ရပ်”

၁ ။ ကျွန်ုပ်တို့သည် အရက်သမားနောက်ပေါက်တို့  ကောင်းစားရေးအတွက် ရှိသမျှအရက်တို့ကို အကုန် မြိုဆို့ ကြ၏ ။

၂ ။ ကျွန်ုပ်တို့သည် အေးဆေးငြိမ်သက်မှု လိုလားသည် “မူးဆူ” များအားမလိုလား ။

၃ ။ ကျွန်ုပ်တို့သည် ဘုံဆိုင်အတွင်း အပြင် ငြိမ်းချမ်းရေးအား ထိပါးနှောက်ယှက် သူတို့ အား ဘုံဆိုင်ရန်သူအဖြစ်သတ်မှတ်၍
     အရက်မရောင်းရန် တားမြစ်သည် ။

၎ ။ အရက်အတုလိမ်ရောင်းသော ဆိုင်များအားလည်း လိမ်လည်မှုဖြင့်ရဲလက်အပ်မည်။

၅ ။ ကျွန်ုပ်တို့ရေချိန်မကိုက်သေးချိန်၌ အိမ်ပြန်ရန်လာခေါ်သူများအား အပြစ်ရှိသူဟု သတ်မှတ်၍ ၄၅ ခွက် ဒဏ်ခတ်မည်။

၆ ။ အရက်သမားထုကြီး၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော နည်းနည်းသောက်များများမူးများအား “လူမမည်” အမည်တပ်၍
     အရက်သောက်ခွင့် ထာဝရပိတ်သည် ။

In: Others Posted By: Date: Feb 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment