Professional Authors

အဝေးကချစ်သူရေ

ထာဝရအတွက်အပ်နှင်းထားတဲ့ချစ်ခြင်းများ

နားလည်မူတွေနဲ့အားပေးတိုင်ပင်ခဲ့တဲ့အချိန်

အတူတူလမ်းမတွေထက်မှာလက်တွဲ

လျှောက်လှမ်းခဲ့ဘူးတဲ့အချိန်များ

ပျော်ရွင်စွာနေထိုင်ခဲ့ဘူးတဲ့နေရာလေးများ

ဘ၀ရဲ့စာမျက်နှာထက်ကအလှပဆုံးနေ့ရက်များ

အနာဂတ်လမ်းအတွက်ရရှိခဲ့တဲ့အကောင်းဆုံးအဖြေများနဲ့

အခုလိုဝေးနေချိန်ခဏတွေကိုရင်ဆိုင်ကာ

ကျော်လွှားလို့ဖြတ်သန်းလို့

ထွန်းလင်းလာမယ့်အာရုံဦးလေးနဲ့အတူ

နေညိုချိန်များပြီးဆုံးပြီးအမှောင်ညတွေ

ကုန်ဆုံးကာဆုံနိုင်မယ့်နေ့လေးအတွက်

ရင်ခုန်စွာယုံကြည်နေပါတယ်

ထာဝရအတွက်အချစ်တခုသာ

ဖြစ်ပေါ်ခဲ့ဘူးတဲ့နှလုံးသားကအသိဆုံးပါ

မြတ်နိုးမူအသင်္ချေများနဲ့ရတုအဆက်ဆက်

လက်တွဲကာ….အပြေးလေးလှမ်းလာမယ်

ယုံကြည်စွာနဲ့စောင့်မျှော်နေသောမင်းသမီးလေးအတွက်

ထာဝရအတွက်ချစ်ခြင်းများနဲ့အသက်တမျှမြတ်နိုးမူတွေ

ထွေးပိုက်ကာ..ထပ်မဝေးတော့ပါဘူး..မြတ်နိုးရသူရယ်

In: ကဗျာ Posted By: Date: Jan 7, 2011
Comment #1

nice,
nice,
nice,

commentinfo By: ei lay at Aug 24, 2011
Comment #2

d a tine phyit yin dot a yan ko kaung hmar pe.

commentinfo By: ei lay at Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment