Professional Authors

မဲ့ပြုံး

သူ့ နှုတ်ခမ်းက
အပြုံးတစ်ပွင့်
ခုန်ဆင်းသွားတယ်

ငါ လျင်လျင်မြန်မြန်ပဲ
ကောက်ယူ စားသုံးလိုက်တယ်
ရင်ထဲမှာ အမည်မသိ
ခံစားချက် ကိန်းအောင်းသွားတယ်
ကြည်နူးခြင်းလား
ဝမ်းသာခြင်းလား
ကျေနပ်ခြင်းလား

သူ့မျက်နှာကို
မျှော်လင့်ချက်နဲ့
မော့ကြည့်လိုက်တယ်
မျက်လုံးထဲမှာတော့
ငါ မင်းကို ……သိပ်ချစ်နေတယ်ဆိုတဲ့
ပန်းချီကားနဲ့

ဒါပေမယ့်
ငါ မှားခဲ့တယ်
မင်း…..နှုတ်ခမ်းထောင့်က
သင်္ကေတတစ်ခုကို
သတိမထားခဲ့မိလို့ပေါ့………..

Comment #1

အခု သတိထားမိပြီးလား ကိုလိပ်ပြာ….

commentinfo By: genius.jinx28 at Jan 3, 2011
Comment #2

သိသိကြီးနဲ့ မျက်စိမှိတ်ထားတုန်းပဲ ရဲလေးရာ…………

Comment #3

မချစ်မိခင်ထဲက အကို သတိထားခဲ့မိဖို့ကောင်းတယ်နော်……

commentinfo By: mainkalay at Jan 3, 2011
Comment #4

ဟုတ်တယ်ဗျာ ဒါပေမယ့် လက်လွှတ်ရမှာကြောက်တာကို………… ဘာပဲပြောပြော ရဲလေးရော မိုးလေးရော ကျေးဇူးတင်ပါတယ်ဗျာ…လာရောက် အားပေးလို့

Comment #5

ကိုလိပ်ပြာ ဆက်မှိတ်ထား မသိသလို့ပဲနေ ကြားလား ……… ကြား၇င်ကြားတယ် ပြော. သူများတွေ ကြားကုန်တော့မယ်

commentinfo By: genius.jinx28 at Jan 3, 2011
Comment #6

နဒီ့လည်းပြန်ပြောကြဦး။

commentinfo By: layykyoe at Jan 3, 2011
Comment #7

marr pi pop hote lar?

commentinfo By: moesatlay at Jan 10, 2011
Comment #8

သူမှာလား မင်းမှန်လား
း)

commentinfo By: ms smile at Jan 20, 2011
Comment #9

i know i m wrong.
but i’ll continue this wrong way.
he,,he,,
it calls love.

commentinfo By: ei lay at Jul 18, 2011
Comment #10

2013 feeling is better.

commentinfo By: ei lay at Apr 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment