Professional Authors

စာမုဆိုးများ

အားပေးသွားတယ်နော် ….. အရမ်းကောင်းလွန်းပါတယ်
(ကေ့ ကဗျာတွေကို ဖတ်လို့ ကျေးဇူးတင်ပါတယ်ရှင်……)
ကိုမိုးဇက်ကြီးရေ အားပေးသွားတယ်နော် ……..
(အေ့ ……… ကောင်းလွန်းပါတယ်ဗျာ)
ကိုမင်းလူနရေ ဟိုက်ကုကဗျာလေးနဲ့ comment လေးရေးပေးသွားတယ်နော်
ကိုမိုးထက်ကြီးရာ ကဗျာလေးတွေ ကောင်းလှချည်လားဗျာ

ကျွန်တော်လည်း အားပေးသွားတယ်နော်……… 3မိနစ်လောက်လို့ ဆိုတဲ့သူနဲ့
ဒီကြားထဲ တဟတ်ဟတ် ရီတတ်တဲ့ ဇာတိနဲ့၊ ဇရာ၊ ဗျာတိ၊ မရဏဆိုပြီး တရားအကြောင်းတွေ ထိပ်တင်

အချစ်ကို ဦးစားပေးပြီး အသည်းကွဲနေတဲ့ သူတွေကလည်း တပုံတပင်

သီချင်းလေးသီဆိုရင်း စိတ်ကူးထဲ လိုက်မယ်ဆိုတဲ့သူနဲ့
အို စုံလို့ပါပဲဗျာ……..

ဗျည်းအက္ခရာတွေ လိုရာထုဆစ်
စိတ်ကူးဟောင်းတွေ အရောင်တင်
ရင်တွင်းစကားတွေ နှိုက်ယူစားသုံးနေကြ……

အတွေးထဲနန်းတော်ဆောက်တဲ့သူ……
တဲကုပ်ဆောက်တဲ့သူတွေနဲ့ ဗျည်းအက္ခရာတွေ
တောင်ရောက်လိုက် မြောက်ရောက်လိုက်
စိတ်ကူးတွေလည်း အပေါ်ရောက်လိုက်
အောက်ရောက်လိုက် …………

မိမိလိုရာ မွမ်းမံပြင်ဆင်ရင်း
ချပြအသုံးတော်ခံကြတဲ့
ကျွန်တော်တို့ ခင်ဗျားတို့အားလုံးဟာ
စိတ်ကူးကို လေးအသွင်ဆောင်

စကားလုံးတွေကို ပစ်ခွင်းနေတဲ့

စာမုဆိုးတွေ ………

Comment #1

မုဆိုးမဟုတ်ဘူးထင်တယ်။။။ ပန်းပုသမားတွေထင်တာပဲ.. အဟဲ.. 🙂

commentinfo By: moezat at Dec 30, 2010
Comment #2

ကိုလိပ်ပြာ ဘယ်သူတွေကိုပြောနေတာလဲ

commentinfo By: genius.jinx28 at Dec 30, 2010
Comment #3

အကုန်လုံးကိုပြောနေတာဟ ငတိလေးရ…………

Comment #4

ဟားးးးးးးးးး မသိပါဘူး ၊ ကျွန်တော် တို့ကို ပြောနေတယ် ထင်နေတာ

commentinfo By: genius.jinx28 at Dec 30, 2010
Comment #5

လူကြီးကို နောက်တယ်ပေါ့ ဒီမှာ ဂိမ်းကစားနေတာကို အာရုံပျက်တယ်………..

Comment #6

စာမုဆိုး………
မကောင်းဘူး………:)

commentinfo By: moehtetaung18 at Dec 30, 2010
Comment #7

ကောင်းဘူးလား ………. ရှက်လိုက်တာ …………… ဒီမျက်နှာကြီး ဘယ်နားသွားထားရမလဲ မသိဘူး အီးးး

Comment #8

အကို ဘယ်နားမှာထားချင်လဲပြော…

commentinfo By: genius.jinx28 at Dec 30, 2010
Comment #9

ညီဘယ်ကနေ သုံးနေတာလဲ သိချင်လို့

Comment #10

ဟားးးးးးးးး ညီ သုံးနေတာက ၇န်ကုန်မှာ ဆိုတော့ အကိုမျက်နှာကို ၇န်ကုန်မှာလာထားမလို့လား

commentinfo By: genius.jinx28 at Dec 30, 2010
Comment #11

ဂိမ်းပဲဖြစ်ဖြစ် ဒါမှမဟုတ် သတင်းပဲဖြစ်ဖြစ် ထူးခြားတဲ့ ဆိုဒ်လေးတွေ ရှိရင် မျှပေးစမ်းပါ ညီရာ ဒီမှာ ပျင်းလွန်းလို့ အရည်တွေပျော်ပြီး သေတော့မယ်………………..

Comment #12

y8.com ကို သွားလိုက်အ ကို ဂိမ်းတွေ ၇ှိတယ်

commentinfo By: genius.jinx28 at Dec 30, 2010
Comment #13

အဟား ကောင်းတယ် လိပ်ပြာေ၇……..။

commentinfo By: နှောင်းလူ at Dec 30, 2010
Comment #14

အားပေးကြတဲ့ ညီအစ်ကိုတွေအားလုံးကို လိပ်ပြာကျေးဇူးအထူးတင်ပါတယ် ခင်ဗျ…………..ညီအစ်ကိုတွေအားကိုးနဲ့ ဆက်မိုက်နေဦးမယ်နော်
😛

Leave Comments

Name*

Email*
Website
Email me whenever there is new comment