Professional Authors

အကယ်ဒမီလမ်းခွဲ

ချစ်သူ ..
လူမသိတဲ့ လမ်းခွဲမှတ်တမ်းတခုအတွက်
မျက်ရည်ကျဖို့လိုအပ်မှန်းသိခဲ့ရင်

မင်းတင်တဲ့ ရွှေမင်းသားလို
ငါလဲ အသဲအသန်ငိုပြခဲ့မှာပေါ့
အခုတော့ ..
အရှုံးတွေကို သိုသိုသိပ်သိပ် ဖွက်ထားတဲ့
နှုတ်ခမ်းပါးက အပြုံးတချက်က
နှလုံးသွေးစက်တွေနဲ့ အလှမပျက်ခဲ့ဘူးဆိုတော့လဲ ..။

ချစ်သူ ..
ဘယ်သူမှမသိတဲ့ အဆုံးသတ်တခုအတွက်
တဖက်သတ်ခံစားနေဖို့ လိုအပ်တယ်ဆိုရင်
လူမြင်ကောင်းတဲ့ ဇာတ်ရုပ်တစ်ခုကို
ဟုတ်သလိုလို ငါလဲ ဖန်တီးထားခဲ့မိမှာပေါ့
အခုတော့ ..
ပင်ပန်းတကြီး သိမ်းဆည်းထားတဲ့ အိပ်မက်ကလေးရဲ့
လက်ကျန်မျှော်လင့်ချက်လေးတစုံက
ရင်ခုန်သံတွေ တိုးတိတ်ညင်သာလွန်းတော့လဲ ။။
In: ကဗျာ Posted By: Date: Dec 22, 2010
Comment #1

အရမ်းကောင်းတယ် မိုးဇတ်ရေ……. အားပေးသွားတယ်နော်..။

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #2

နှုတ်ခမ်းပါးက အပြုံးတချက်ရဖို့
နှလုံးသွေးစက်တွေနဲ့ မချိပြုံးတော့ မပြုံးလိုက်ပါနဲ့ ကိုမိုးဇက်ကြီးရာ
လာ ညီ အစ်ကို့ကို ဘီယာတိုက်မယ် . .. လိုက်ခဲ့ ……
(သူတော်ကောင်းကြီး အရက်တိုက်မိလို့ ငရဲကြီးဦးမယ်) 😛

Comment #3

ကိုကြီးမိုးဇက်ရေ…..
သောက်ကြမယ်လေ…..
ကွဲနေမှတော့မထူးတော့ပါဘူး
ခပ်ပြင်းပြင်းလေးနဲ့ စိမ်ထားမယ်…….

commentinfo By: moehtetaung18 at Dec 23, 2010
Comment #4

ချစ်သူ ..
ဘယ်သူမှမသိတဲ့ အဆုံးသတ်တခုအတွက်
တဖက်သတ်ခံစားနေဖို့ လိုအပ်တယ်ဆိုရင်
လူမြင်ကောင်းတဲ့ ဇာတ်ရုပ်တစ်ခုကို
ဟုတ်သလိုလို ငါလဲ ဖန်တီးထားခဲ့မိမှာပေါ့
ကောင်းတယ် ကိုမိုးဇက် အားပေးသွားတယ်ဗျာ…

commentinfo By: genius.jinx28 at Dec 23, 2010
Comment #5

နှောင်းလူ နဲ့ မင်းခန့်ကျေးဇူး ။ အားပေးလို့။
လာသွားမယ်။ လိပ်ပြာနဲ့ မိုးထက် မင်းတို့ခေါ်တာနော်။ စိမ်ပစ်လိုက်မယ် ။ ဟဲပီးနယူးရီးယားအကြိုပေါ့ကွာ။ 😀
ငရဲကြီးပလေ့စေ။ သွားမယ်ကွာ။

commentinfo By: moezat at Dec 23, 2010
Comment #6

မျိုးကြီးရဲ့ကတီပါလမ်းခွဲပီးတော့…ကိုမိုးဇက်ရဲ့အကယ်ဒမီလမ်းခွဲပေါ့…:P
ဒါပေမဲ့..ကောင်းပါတယ်။ 😀

commentinfo By: ရွှေငါး at Dec 29, 2010
Comment #7

ဟုတ်ပါ့ ညီမလေးရေ။။။

commentinfo By: moezat at Dec 29, 2010
Comment #8

အကယ်ဒမီ လောက်ပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment