Professional Authors
ပုံမှန်နေထိုင်မှုထက် ကျော်လွန်၍………
  • မျှော်လင့်ချင်းတွေသာ  ပိုင်ဆိုင်သူပါ……..
  • ပြက္ခဒိန်ရဲ့  ရက်စွဲတွေမှာ  တို့ ရဲ့  ဒဏ္ဍာရီတွေ မဟောင်းသေးပါဘူး
  • နေ့ ရက်တွေ ကြားထဲမှာ အိမ်မက်တွေကူးသန်းခဲ့ ကြတယ် စိတ်ချင်းဖလှယ်လို့ 
  • ဒါတွေဟာ အိမ်မက်မဟုတ်တဲ့ အိမ်မက်တွေလား နားလည်မှု သံယောဇဉ်  အရာမယွင်းအောင် ချစ်ခဲ့သူပါ  အမှောင်ညမှာ ကြယ်၊လ မရှိလည်းမင်းကို  လွမ်းနေခဲ့သူပါ  ..။     
  • မျက်ဝန်းနက်နက် အပြုးချိုချိုလေးမှာ  ဟုတ်  ဆိုတဲ့ စကားတလုံးလေးလောက်နဲ့ တင် အလွမ်းသင့်ခဲ့သူလား……….  နှစ်ယောက်လုံးခံစားဖို့  မရည်ရွယ်ခဲ့သူပါတကယ်ဆို မစားသုံးသင့်တဲ့ အသီးကိုမှ ချိုမြိုင်စွာ   တို့ နှစ်ဦး စားသုံးခဲ့တယ်နော်
  • အခုတော့ အဆိတ်သင့် သူလို အလွမ်းဆိုတာကို  ထမ်းပိုးလို့  နေ့ ရက်တွေက ၀ါးမြို့ နေလေရဲ့
  • ကွာခြားမှုထက် ဝေးကွာမှုကိုမနှစ်မြို့ စွာ  အလွမ်းတွေ ဖြတ်သန်းစီးဆင်းနေတယ် ကံတရားကို  အပြစ်ဖွဲ့ လို့   တွေဆုံမှုကို တမ်းတရင်း မနေ့ က ကျန်ခဲ့ တဲ့ အလွမ်းဟာ ဒီနေ့ ကို သယ်ဆောင်လို့  လေထဲက အသံကိုကြားချင်နေလေရဲ့……………………………..
In: ကဗျာ Posted By: Date: Dec 6, 2010
Comment #1
တွေဆုံမှုကို တမ်းတရင်း မနေ့ က ကျန်ခဲ့ တဲ့ အလွမ်းဟာ ဒီနေ့ ကို သယ်ဆောင်လို့  လေထဲက အသံကိုကြားချင်နေလေရဲ့……………………………..
တကယ်တိုက်ဆိုင်ခဲ့တဲ့ကဗျာလေးပါဗျာ……..
ကျေးဇူးတင်ပါတယ်………….
commentinfo By: moehtetaung18 at Dec 7, 2010
Comment #2
ဟုတ်ကဲ့ ကျနော်ကိုလည်း အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။
commentinfo By: လူသစ် at Dec 7, 2010
Comment #3
# ပက္ခဒိန်ရဲ့  ရက်စွဲတွေမှာ တို့ ရဲ့  ဒဏ္ဍာရီတွေ မဟောင်းသေးပါဘူး
# နေ့ ရက်တွေ ကြားထဲမှာ အိမ်မက်တွေကူးသန်းခဲ့ ကြတယ် စိတ်ချင်းဖလှယ်လို့ 
# ဒါတွေဟာ အိမ်မက်မဟုတ်တဲ့ အိမ်မက်တွေလား နားလည်မှု သံယောဇဉ် အရာမယွင်းအောင် ချစ်ခဲ့သူပါ အမှောင်ညမှာ ကြယ်၊လ မရှိလည်းမင်းကို လွမ်းနေခဲ့သူပါ ..။
commentinfo By: moehtetaung18 at Dec 7, 2010
Leave Comments
Name*
Email*
Website
Email me whenever there is new comment