Professional Authors

မိုးကြီးဟု ခေါ်သည်

ဟုတ်တာ မဟုတ်တာအပထား
ကဗျာ တွေ ရေးနေရတာတော့
သေချာတယ်
ကြိုက်တော မကြိုက်တာအပထား
ကိုယ်ကြိုက်တာကိုယ်လုပ်နေတယ်ဆိုတော လူတိုင်းသိတယ်
လိုချင်တာ မလိုချင်တာ အပထား
အလကားရရင်
အကုန်လိုချင်တယ်
ရေတောင်ချွေးထွက်အောင်ကို ချိုးတာ
အဖြေ ရတာမရတာ အပထား
သေချာတာက
ငါ မိန်းကလေးများစွာကို လိုက်ဖူးတယ်
မှန်တာကို ပြောမယ်
သူလက်ခံသည် ဖြစ်မခံသည် ဖြစ်စေ
ကျွန်တော်ရအောင်ပြောတယ်
သူတို့ ကြိုက်သည် ဖြစ်စေ
မကြိုက်သည်ဖြစ်စေ
ကဗျာတွေကို ကျွန်တော် ရေးနေတယ်
ဘယ်လိုပဲ ဖြစ် ဖြစ်
ငါလည်းလူထဲ ကလူပဲ
ငါလည်း ချစ်တတ်တယ်
ငါလည်း ခံစားတတ်တယ်
ငါလည်း ကဗျာရေးတတ်တယ်(ထင်တာပဲ)
လူတွေ ဘယ်လိုပဲပြောပြော
ငါက အစားကြီးတယ်
ပြီးတော့လေကြီးတယ်
ဘော်ဒါတွေ ကတော့
မိုးကြီးလို့ခေါ်တယ်
အမြင်ကျဉ်းတယ်ပဲပြောပြော
ငါမမြင်ရလို့ငါမျက်မှန် ငါတတ်နေတာ
ဘာလိုပဲ ပြောပြော
အခု အချိန်ထိ ငါကမ္ဘာပေါ်မှာ
ရပ်တည်နေတာက အမှန်ပဲ
ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဘယ်သူတွေ ဘယ်လောက်ပြောပြောပါ
ငါကတော့ငါပဲ အေးလေ
ဟုတ်တာပဲ သူများမှ မဟုတ်တာ
ငါကြိုက်တဲ့လူရှိတယ်
ငါ့ကို ကြိုက်တဲ့လူရှိချင်ရှိမယ်
လူဆိုတာလိုတာမရ ရတာမလိုလေ
ငါကြိုက်တာပဲ ငါကြိုက်တယ်
ဘာပဲပြောပြော
အခု ငါကဗျာတွေ ရေးနေတယ်
လေတွေကြီးနေတယ်
ကဗျာတွေ ထဲ မိုးတွေသည်းနေတယ်
တချိန်မှာ ငါချစ်တဲ့လူတွေနဲ့ကော
ငါမုန်းတဲ့လူတွေနဲ့ကော
ငါခွဲရအုံးမှာပဲ
အဲ အဲ ကံကောင်းရင်တော့
ငါတို့အားလုံးနှစ်ထောင့်ဆယ်နှစ်မှာ
အတူတူသေကြရမှာပေါ့
အဲ့ဒီ မှာ က……။

In: ကဗျာ Posted By: Date: Dec 5, 2010
Comment #1

he,,he,,
so funny.
so simple.

u follow many girls,
noone like u? or u broke them?

commentinfo By: ei lay at Aug 9, 2011
Comment #2

ei lay read again.

commentinfo By: ei lay at Jan 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment