Professional Authors

လွမ်းတဲ့သမီး (ဖြိုးဖြိုး)

/* မေမေ့မွေးနေ့အတွက် အမှတ်တရရေးပေးထားတဲ့ ကဗျာလေးပါ
အမှန်က သူများတွေလို အကောင်းစား ကဗျာလေးတွေ ရေးပေးချင်တာပါ မရေးတတ်လို့ ရေးတတ်သလိုလေးရေးပြီး အမေ့ကိုပေးတာပါ.. (:
အမေကတော့ ကောင်းတယ်လို့ပြောတဲ့အပြင် အမှတ်တွေလည်းအများကြီးရလိုက်ပါတယ် (ကြွားတာာာာာာာာာာာ:P)*/

အမေ့ရင်ခွင် ဧရိယာပြင်ပရောက်နေတဲ့ သမီး
သုညတွေ တပွေ့တပိုက်နဲ့ပေါ့..
အဲဒီ သမီးပဲပေါ့ မေမေ
အားလုံးကို ဆုံးရှုံးလိုက်ရတဲ့ အချိန်မှာ
မေမေ့ရင်ခွင်ကို လွမ်းသတဲ့…
ဆိုင်ထမင်း ဟင်း ချည်းစားနေရလို့
အမေ့လက်ရာကို လွမ်းသတဲ့…
လျှောက်ရင်း လျှောက်ရင်း လမ်းဆုံးသွားလို့
အမေ့အိမ်ကို လွမ်းသတဲ့….
………………..
……………..
………….
အမေ့ကို လွမ်းသတဲ့

ကြည့်ပါဦး မေမေ
လွမ်းတယ်လို့ ပြောနေတဲ့ ဒီကဗျာထဲမှာတောင်
သမီးလက်ရာ ကျွေးချင်လို့လွမ်းတာ မပါဘူး…
မနက် ဘုရားရှိခိုးချိန် ဆွမ်းတော်မပြင်ပေးရလို့ လွမ်းတာမပါဘူး..
ညဘက် အမေ့အတွက် အိပ်ရာပြင်ပေးချင်လိုက်တာ ဆိုတာလည်း မပါဘူး..
……………………
……………..
…………..
ဆိုတာလည်း မပါဘူး..

အယူချည်းသာရှိခဲ့တဲ့ ဒီသမီး
အဲဒီ သမီးပါပဲမေမေ
နောက်ဆုံးတော့လည်း
“ခလုတ်ထိမှ၊အမိတ” ဆိုတာမှန်ကြောင်း
အကြွင်းမရှိ
သက်သေပြနိုင်လေခြင်း လို့ပဲဂုဏ်ယူလိုက်ရတော့တယ် မေမေ..

{December 3, Friday, 2010 >> 3:25 AM,}, ဖြိုးဖြိုး

mom)))) ရွေးချယ်ခွင့်မရှိပါဘဲ ရလိုက်တဲ့ အမေ့သမီး ဆိုတဲ့ဘ၀လေးက တအားမိုက်လို့ သမီးတအားကြိုက်ပြီး တအားပျော်ပါတယ်.. (: (:

Happy Birthday, mom..
peace b upon mom..
(အဝေးကြီးကနေလှမ်းပို့လိုက်တဲ့ သမီးရဲ့ “peace” လေး လမ်းခုလပ်မှာ ဘေးရန်ကင်းဖို့လည်း ဆုတောင်းပေးလိုက်ကြောင်းပါ.. (: )

In: ကဗျာ Posted By: Date: Dec 3, 2010
Comment #1

အယူချည်းသာရှိခဲ့တဲ့ ဒီသမီး
အဲဒီ သမီးပါပဲမေမေ
နောက်ဆုံးတော့လည်း
“ခလုတ်ထိမှ၊အမိတ” ဆိုတာမှန်ကြောင်း
အကြွင်းမရှိ
သက်သေပြနိုင်လေခြင်း လို့ပဲဂုဏ်ယူလိုက်ရတော့တယ် မေမေ..

ကောင်းပါတယ်အစ်မရေ…ဒီလောက်နဲ့ တင်အစ်မ မေမေအများကြီးဝမ်းသာသွားမှာပါဗျာ…..
🙂

commentinfo By: moehtetaung18 at Dec 3, 2010
Comment #2

ကောင်းလှချည်လား ဒီ poem corner နေရာလေးမှာ ရသစုံ ခံစားရပါတယ်ဗျာ…
တကယ်ပါဗျာ

Comment #3

ဖြိုးဖြိုးရေ…..
မရေးတတ်လို့သာပါပဲ
နောက်ထပ်ရေးပါအုံးလို့တောင်းဆိုပါရစေ
တခြားလူတွေရဲ့ကဗျာတွေကိုလည်း ဒိုင်ခံတင်ပေးနေလို့ ကျေးဇူး……….

ကြည့်ပါဦး မေမေ
လွမ်းတယ်လို့ ပြောနေတဲ့ ဒီကဗျာထဲမှာတောင်
သမီးလက်ရာ ကျွေးချင်လို့လွမ်းတာ မပါဘူး…
မနက် ဘုရားရှိခိုးချိန် ဆွမ်းတော်မပြင်ပေးရလို့ လွမ်းတာမပါဘူး..
ညဘက် အမေ့အတွက် အိပ်ရာပြင်ပေးချင်လိုက်တာ ဆိုတာလည်း မပါဘူး..
……………………
……………..
…………..
ဆိုတာလည်း မပါဘူး..

အရမ်းကောင်းတယ်….ကြိုက်တယ် ဖြိုးဖြိုးရေ……

commentinfo By: moezat at Dec 4, 2010
Comment #4

အင်း မှန်လိုက်တဲ့ အလွမ်း

Comment #5

အမှတ်တမဲ့ဖြစ်ဖြစ် .. အမှတ်တရဖြစ်ဖြစ် .. သတိရခြင်းဆိုတာ မြတ်နိုးစရာကောင်းပါတယ် .. အခုလို .. တမြတ်မတနိုးနဲ့ .. အမေ့မွေးနေ့အတွက် ကဗျာရေးပေးတယ်ဆိုတော့ ပိုကောင်းတာပေါ့ .. ကဗျာလေးကလည်း ကောင်းပါ၏ 🙂

commentinfo By: သက်ထွေး at Dec 6, 2010
Comment #6

ma phyo!! you rock! the poem is awesome!

commentinfo By: Sandi at Dec 14, 2010
Comment #7

“ကြည့်ပါဦး မေမေ
လွမ်းတယ်လို့ ပြောနေတဲ့ ဒီကဗျာထဲမှာတောင်
သမီးလက်ရာ ကျွေးချင်လို့လွမ်းတာ မပါဘူး…
မနက် ဘုရားရှိခိုးချိန် ဆွမ်းတော်မပြင်ပေးရလို့ လွမ်းတာမပါဘူး..
ညဘက် အမေ့အတွက် အိပ်ရာပြင်ပေးချင်လိုက်တာ ဆိုတာလည်း မပါဘူး..”

စာသားလေးတွေက ချစ်စရာကောင်းတယ် ခင်ဗျ

commentinfo By: SimpleSimplest at Mar 31, 2011
Comment #8

ဖြိုးဖြိုးရေ………..
လူချင်းမရင်းနှီးပေမဲ့ ကဗျာတွေကိုစိတ်ဝင်စားတက်တဲ့ မင်းကိုခင်နေတာကြာပြီ……
အမေတစ်ယောက်အတွက်သမီးတစ်ယောက်ရဲ့ ဆန္ဒမှာဒီထက်မကတဲ့ 
ဒိုင်ယာလော့ တွေရှိနေနိုင်ရင်တောင်အမေကတော့ ဒီလောက်နဲ့ ကျေနပ်နေပါလိမ့် မယ်လို့ ကျနော်ထင်တယ်……
ဘာလို့ လဲဆိုတော့ 
အမေကအမြဲတမ်းရိုးပြီးတော့ ဆန်းတဲ့ မေတ္တာတရားတွေပိုင်ဆိုင်နေလို့ ပါပဲ

မင်းလူန
ဒါနဲ့ အကောင့် ပေးခဲ့ ပါတယ်မဖြိုးဖြိုး။
ကဗျာအကြောင်းလေးပဲဖြစ်ဖြစ်ဆွေးနွေးချင်တဲ့ အခါပေါ့ ……….
[email protected]

commentinfo By: kathitni1980 at Apr 5, 2011
Comment #9

အမေ့ရင်ခွင် ဧရိယာပြင်ပရောက်နေတဲ့ သမီး
သုညတွေ တပွေ့တပိုက်နဲ့ပေါ့..
အဲဒီ သမီးပဲပေါ့ မေမေ
အားလုံးကို ဆုံးရှုံးလိုက်ရတဲ့ အချိန်မှာ
မေမေ့ရင်ခွင်ကို လွမ်းသတဲ့…
ဆိုင်ထမင်း ဟင်း ချည်းစားနေရလို့
အမေ့လက်ရာကို လွမ်းသတဲ့…
လျှောက်ရင်း လျှောက်ရင်း လမ်းဆုံးသွားလို့
အမေ့အိမ်ကို လွမ်းသတဲ့….။
အားပေးရတာ ဝမ်းသာလို့မဆုံးပါပဲ…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011
Comment #10

အင်း ထပ်ပေးမိပြန်ပြီ ( ကွန်မန့် )။ ဒီကဗျာလည်း သဘောကျမိပါကြောင်း

commentinfo By: ChIr0N at Sep 3, 2011
Comment #11

ကြည့်ပါဦး မေမေ
လွမ်းတယ်လို့ ပြောနေတဲ့ ဒီကဗျာထဲမှာတောင်
သမီးလက်ရာ ကျွေးချင်လို့လွမ်းတာ မပါဘူး…
မနက် ဘုရားရှိခိုးချိန် ဆွမ်းတော်မပြင်ပေးရလို့ လွမ်းတာမပါဘူး..
ညဘက် အမေ့အတွက် အိပ်ရာပြင်ပေးချင်လိုက်တာ ဆိုတာလည်း မပါဘူး..
တကယ်ကို ကောင်းတယ်ဗျာ
မျက်ရည်တောင်ဝဲမိမတတ်ပဲ

Comment #12

ကဗျာလေးက ..အရမ်းကောင်းတယ်ကွယ်… အရမ်းမှန်လွန်းလို. မေ.မေ.ကို အရမ်းလွမ်းသွားပြီ………

commentinfo By: kyiphyu at Feb 29, 2012
Comment #13

ကဗျာလေးက၇င်ထဲကိုအ၇မ်းအေးမြစေတယ်မမရေ

commentinfo By: ဖြိုးရတနာဝင်း at Nov 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment