Professional Authors

အဖိုးအခ – နရီထက်

ကဗျာကောင်းကောင်း တစ်ပုဒ်ရဖို့
အသဲကွဲခံ ခံစားချက်တွေ ဖော်ကျူးရစ်လို့
ပရိသတ်တွေက အားပေးလိုက်တယ်ဆို
တုန့်ပြန်မှုရဲ့ အဖိုးအခတစ်ခု. . .

ကျောက်ကောင်းကောင်းရဖို့
အရည်အသွေး စစ်ပြီးကာမှ
ကြေးရတက်နှင့် ဖြတ်လိုက်တာ
ကြေးစားတစ်ခုရဲ့ အဖိုးအခတစ်ခု. . .

ပညာတတ်ဖြစ်ချင်တာလား
နေရာကောင်းကောင်းယူချင်တာလား
ဂုဏ်ဒြပ်တစ်ခုကို အတင်းယူလို့
နောက်ဆုံးကျ ထင်သလောက် ပွဲမထိုးခဲ့တာ
စာအုပ်တစ်အုပ်ရဲ့ အဖိုးအခလား
အချိန်တစ်ခုရဲ့ အဖိုးအခလား
ပြုကျင့်လိုက်တဲ့ အဖိုးအခတွေလား

အတုဆိုတာ အစစ်မဟုတ်မှန်း
သိသော်ရှိ လက်တည့်စမ်းကြည့်တယ်
ကျော်ကြားမှုကို မြတ်နိုးလာလို့
တကယ့်တမ်းကြ
ရင်ထဲမှာ ပူဆွေးရတယ်
မမြဲတဲ့ အကြောင်းတရားတွေနှင့်
ရင်ထဲမှာ သိုးသိပ်ထားတဲ့
အဖိုးအခတစ်ခု

ဆုံးဖြတ်ချက်တစ်ခုမှာ
စိတ်ခံစားမှုက အရေးပါခဲ့ရင်
တကယ့် ရလာဒ်ကို ရလိုက်သူက
ဆိုးကျိုးတစ်ခုရဲ့ အဖိုးအခလား
ဝဋ်လည်တတ်တယ် သတိထား
နောက်ဆက်တွဲတစ်ခုရဲ့
အဖိုးအခတွေလား. . .

သင့်တင့်လျောက်ပတ်တဲ့ အဖိုးအခ
ဖြူစင်မှန်ကန်တဲ့ အဖိုးအခ
ရသင့်ရထိုက်တဲ့ အဖိုးအခ
ပျော်မွေ့ကြည်နူးစရာ အဖိုးအခတွေကြား
ငါလေး ကဗျာကောင်းတစ်ပုဒ်နှင့်
ခဏလေး မှေးစက်ချင်တယ်. . .

နရီထက်
( ၂၀ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 20, 2010
Comment #1

*ပညာတတ်ဖြစ်ချင်တာလား
နေရာကောင်းကောင်းယူချင်တာလား
ဂုဏ်ဒြပ်တစ်ခုကို အတင်းယူလို့
နောက်ဆုံးကျ ထင်သလောက် ပွဲမထိုးခဲ့တာ
စာအုပ်တစ်အုပ်ရဲ့ အဖိုးအခလား
အချိန်တစ်ခုရဲ့ အဖိုးအခလား
ပြုကျင့်လိုက်တဲ့ အဖိုးအခတွေလား*

great words

commentinfo By: moenet at Oct 20, 2010
Comment #2

*ပညာတတ်ဖြစ်ချင်တာလား
နေရာကောင်းကောင်းယူချင်တာလား
ဂုဏ်ဒြပ်တစ်ခုကို အတင်းယူလို့
နောက်ဆုံးကျ ထင်သလောက် ပွဲမထိုးခဲ့တာ
စာအုပ်တစ်အုပ်ရဲ့ အဖိုးအခလား
အချိန်တစ်ခုရဲ့ အဖိုးအခလား
ပြုကျင့်လိုက်တဲ့ အဖိုးအခတွေလား*

great words!

commentinfo By: moenet at Oct 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment