Professional Authors

ပုံပြောသူ ၁၂ (အောင်ချိမ့်)

အသက်ရှင်ကျန်ခဲ့တာဟာ
ဝမ်းသာစရာပါ
အနည်းဆုံးဖြင့် ငါ့မှာ
မငြီးငွေ့ နိုင်ပါဘူး။

သွားလေသူ ချစ်မိတ်ဆွေများအား
လွမ်းလျက်
တ, လျက်
ဂုဏ်ယူလျက်။

လူ့ အလို နတ်မလိုက်နိုင်တာ အမှန်ပဲ
ငါ့အသက်ရှူမှုထဲမှာ ဆားမြက်နေပုံရှိရဲ့ ။

ငါနဲ့ တွဲလျက်သားခုံနံပါတ်က
သူစိမ်းတစ်ရံစာ…
အဲဒီလူရဲ့ 
ကိုယ်နံ့ ပဲ။

အောင်ချိမ့်

Leave Comments

Name*

Email*
Website
Email me whenever there is new comment