လေလှိုင်းပေါ်ကချစ်သူ
ရှေးရှေးဘ၀ကမြင်ခဲ့ဖူးပါတယ်ချစ်သူ
မြင်ဖူးလို့လားမမေးပါနဲ့ချစ်သူ
အချစ်ဆိုတာ
အကြောင်းပြချက်မရှိချစ်မြတ်နိုးခြင်းလို့
အနက်ဖွင့်ဆိုနိုင်ပါတယ်…။
မင်းနဲ့တွေတိုင်းရင်ခုန်နေပါတယ်ချစ်သူ
ဘာပဲဖြစ်ဖြစ်ချစ်နေဖို့
မင်းရယ်သံတွေကြားမှာ
အားတင်းလျက်ပါချစ်သူ
ငါ့နှလုံးသားရဲ့ အာဇာနည်မလေးရေ
မအောင်မြင်ခဲ့ရင်တောင်ဂုဏ်သရေရှိရှိ
ငါကျရှုံးပါရစေ…။
online ပေါ်ကချစ်ရသူရေ…
ဆုံတွေဖို့ဆုတောင်းရင်း
ကြယ်တွေကြွေဖို့ ညတိုင်းစောင့်နေခဲ့တယ်
လွမ်းနေပါတယ်ချစ်သူ
မင်း offline ပေါ်မှာရှိနေရင်ပေါ့
ပို့မယ်မပို့မယ်မသေချာတဲ့မင်းရဲ့ g.mail
မျှော်လင့်ရင်း ရူးနေတတ်ပြီ
ဖြစ်နိုင်ရင် ဘိုင့်ဆိုတာ
မင်းရဲ့ mail box မှာ
မတွေ့ ချင်ဆုံး စကားလုံးပါ
နောင်တဆိုတဲ့အရာ
ကိုယ့်ကိုလက်ဆောင်အဖြစ်မပေးမချင်း
လေလှိုင်းပေါ်က
ကိုယ့်ရင်ခွင်မှာ.
ခဏနေပေးပါလား ချစ်သူ…။
ဇင်သော့
Comment #2
ကဗျာလေးကခံစားရတယ်………..
တွေ့ ချ င်တဲ့လူကိုအမြဲမျှော်နေရလို့………..
By: ပေါက်စ at Oct 14, 2010
Comment #4
ရေစက်ရှိလို့ ဖူးစာဆုံနိုင်မယ်ဆိုရင်
မြင်ဖူးလို့လားမမေးပါနဲ့ချစ်သူ
အချစ်ဆိုတာ
အကြောင်းပြချက်မရှိချစ်မြတ်နိုးခြင်းလို့
အနက်ဖွင့်ဆိုနိုင်ပါတယ်…။အဲနေရာအကောင်းဆုံပဲကြိုက်တယ်ဗျာ။
By: မျောက်အကောင်းစား at Sep 8, 2011




11611 masterpieces
34811 comments
3729 members
974 pc authors
Comment #1
ကဗျာလေးကခံစားလို့အရမ်းကောင်းပါတယ်