Professional Authors

ကျွန်တော်ပြောသော ကျွန်တော့် နတ်သမီး

အရုပ်တစ်ရုပ်လို အသက်သွင်းလို့

နင်ကစားချင်သလိုကစားခဲ့တယ်

ငါဆိုတဲ့အရုပ်ကလဲ နင်ပြုစားချင်သလိုပြုစား

အချစ်ကိုဝန်ချခဲ့တာများတယ်

သူ့ကို…

လှည့်စားတယ် နာမည်မတပ်ကြပါနဲ့

ကျွန်တော်ကိုယ်တိုင်က တိုးဝင်ဖြစ်ခဲ့လို့ပေါ့။

ပွဲပြီးရင်တောင်

အနဲဆုံးတော့ ဖျာလိပ်ပြန်ရဦးမှာမဟုတ်လား

မထူးဘူးအတွေးနဲ့ ငါဆက်ကြည့်နေလိုက်တယ်

အနီးဆုံးမှာနှင်းမှုန်တွေကေ၀၀ါး

အဲဒီညရဲ့ နင့်ကကြိုးက

ငါချစ် ခြင်းကိုစေစားခဲ့တယ်…။

အဲဒီကြိုးက

တင်းပြီးပြတ်ရလောက်အောင်လဲ

ငါမချည်နှောင်ဖြစ်ခဲ့ပါဘူး

ကိုယ့် ရှူးကိုယ်ပတ်သလို

ငါ့မှာသာ ထပ်ထပ်ရစ်

နောက်ဆုံးမှာနစ်ရမယ့်အဖြစ်လေ…။

ဟုတ်ကဲ့

ခင်ဗျားတို့တွေဟားတိုက်ကြပါ…

မရယ်ဖြစ်ခဲ့ရင်တောင်အနဲ့ဆုံးတော့

ပြုးံခဲ့သင့်တယ်မဟုတ်လား

ထားလိုက်ပါ

ကျွန်တော်လိုချင်တာက

အချစ်တစ်ခုထက်မပိုခဲ့တော့

ဒြပ်ထုစီးမျောမှုထဲက ခင်ဗျားတို့အတွက်ဆို

ပြက်လုံးတစ်ခုထက်မပိုနိုင်ဘူးမဟုတ်လား…။

သူမသည်…

ဝင်ခွင့်မရှိသောအိမ်မက်များကိုမက်စေခဲ့သည်

ပြဿဒါးနေ့ရက်များကို ဖန်ဆင်းပေးနိုင်ခဲ့သည်

ထိုသော ထိုသော

နတ်သမီးတစ်ပါးအတွက်

အကျွန်၏ ပြင်းရိငြီးငွေ့ဖွယ်

အချစ်များအားလုံးအား ရင်ခုန်သံဖြင့်သာ

ခေါစာပြစ်လိုက်ပါသည်………

သခင်မ ပျော်ပါးနိုင်ပါအံ့…။

နေညို

In: ကဗျာ Posted By: Date: Jul 8, 2010
Comment #1

ကြိုက်တယ် ဆရာ နေညိုရေ .. တစ်ကယ်ကောင်းတဲ့ကဗျာ ဗျာ … ဒါလေးတွေ ထိတယ် ..

အဲဒီကြိုးက
တင်းပြီးပြတ်ရလောက်အောင်လဲ
ငါမချည်နှောင်ဖြစ်ခဲ့ပါဘူး
ကိုယ့် ရှူးကိုယ်ပတ်သလို
ငါ့မှာသာ ထပ်ထပ်ရစ်
နောက်ဆုံးမှာနစ်ရမယ့်အဖြစ်လေ…။

ဝင်ခွင့်မရှိသောအိမ်မက်များကိုမက်စေခဲ့သည်
ပြဿဒါးနေ့ရက်များကို ဖန်ဆင်းပေးနိုင်ခဲ့သည်
ထိုသော ထိုသော
နတ်သမီးတစ်ပါးအတွက်
အကျွန်၏ ပြင်းရိငြီးငွေ့ဖွယ်
အချစ်များအားလုံးအား ရင်ခုန်သံဖြင့်သာ
ခေါစာပြစ်လိုက်ပါသည်………
သခင်မ ပျော်ပါးနိုင်ပါအံ့…

commentinfo By: သက်ထွေး at Jul 8, 2010
Comment #2

ဟိုက်ပေါ်တော်မူကြီးပါလား…။ အစ်ကို ကဗျာတွေမတင်ဘူးလားဗျာ..။
ဖတ်ချင်နေတာ…။ဘယ်ပျောက်နေတာလဲ။ ကဗျာတွေတင်ပါဦး။အားပေးတဲ့အတွက်ကျေးဇူးပါ

commentinfo By: naynyo23 at Jul 8, 2010
Comment #3

ကဗျာ မရေးဖြစ်လို့ပါ ဆရာသမားရာ .. ရေးဖြစ်ရင် တင်ပါ့မယ် .. ကျွန်တော့်ကို add လိုက်ပါလား .. talky ပွားရတာပေါ့ .. ကျွန်တော့် add က [email protected]

commentinfo By: သက်ထွေး at Jul 8, 2010
Comment #4

စိတ်မဆိုးရင်ပြောချင်တယ်..
(အရုပ်တစ်ရုပ်လို အသက်သွင်းလို့

နင်ကစားချင်သလိုကစားခဲ့တယ်.)…အဲဒီစာသားက…စိုင်းစိုင်းသီချင်းထဲကနဲ့ခပ်ဆင်ဆင်ပဲ

commentinfo By: နော်ဧရာဝတီ at Jul 8, 2010
Comment #5

အင်းမဆိုးပါဘူး မနော်ဧရာဝတီ။ အဲကျွန်တော်က အဲလိုသီချင်းတွေ နားမထောင်ဖြစ်ဘူး …။ တိုက်ဆိုင်သွားတာပါ။

commentinfo By: naynyo23 at Jul 8, 2010
Comment #6

WOW!!!BRAVO!!!

commentinfo By: emayar at Jul 8, 2010
Comment #7

ကောင်းလိုက်တာ..အရမ်းကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #8

သူမသည်…

ဝင်ခွင့်မရှိသောအိမ်မက်များကိုမက်စေခဲ့သည်

ပြဿဒါးနေ့ရက်များကို ဖန်ဆင်းပေးနိုင်ခဲ့သည်

ထိုသော ထိုသော

နတ်သမီးတစ်ပါးအတွက်

အကျွန်၏ ပြင်းရိငြီးငွေ့ဖွယ်

အချစ်များအားလုံးအား ရင်ခုန်သံဖြင့်သာ

ခေါစာပြစ်လိုက်ပါသည်………

သခင်မ ပျော်ပါးနိုင်ပါအံ့…။ ။

မိုက် . . မိုက် . . မိုက် 🙂

commentinfo By: Natthamee at May 10, 2012
Comment #9

WOWWWWWWWWWWWWWW
super like,,
million thanks,

commentinfo By: ei lay at May 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment