Professional Authors

ဟင်္သာ တချင်း ( မောင်သိန်းဇော်)

မမြန်ချင်နေပါစေ
မမြုပ်ရင်တာဝန်ကျေပြီဆိုတဲ့
ဧရာဝတီကြီးရယ်၊ ငါရယ်
၂၀၀၁ ထဲ စီးဆင်းဆဲ . . .

မြစ်က မြို့ကို ထမ်းလိုက်
မြို့က မြစ်ကို ထမ်းလိုက်နဲ့
ဟင်္သာတွေ ဘယ်လောက်လွမ်းလွမ်း
သင့်မေတ္တာ မပင်ပန်းခဲ့ဘူး။

ရေက မြေကို လွှမ်းလိုက်
မြေက ရေကို လွှမ်းလိုက်နဲ့
သူတို့ ဘ၀တွေ
အချိန်က ဖုံးအုပ်သွား –
ဗျိုး . . .
“ကိုလင်းခက်”
ခု ကျွန်တော်ရောက်နေတဲ့
ကမ်းတစ်ဖက်မှာ
ဟင်္သာငှက်တွေ မမြင်ရပေမဲ့
အတောင်ခတ်သံတွေ ကြားရတယ်။ ။

မောင်သိန်းဇော်
၂၀၀၁၊ ဟင်္သာတ
တောင်ကုန်းအဟောင်းများ ကဗျာစာအုပ်မှ

Credit: https://sites.google.com/site/poetmyatwai

Leave Comments

Name*

Email*
Website
Email me whenever there is new comment