Professional Authors
စကားခင်း ရင်း နဲ့ စစ် တစ်ပွဲ တစ်ခု တိုက်ကြည့်ခြင်းတစ်မျိုး…
ယနေ့ ……….
ယနေ့  ဆိုတာ မနက်ဖြန်ရဲ့ အစပြိုးနိဒါန်းတစ်ခုဖြစ်တယ်….
—အေး……………..
ပလပ်ပေါက်တစ်ခုကနေ သွယ်တန်းထားတဲ့ ကြိုးတစ်စုံကိုပေါ့….
ငါ့ဦးနှောက်ထဲကို ထိုးသွင်းခဲ့တယ်…..
သစ်ပင်တစ်ပင်မှာ လျှက်သွယ်ရင်းနဲ့ ပေါ့……
ပို့ လွှတ်လိုက်တဲ့ လျှပ်စီး တစ်စုံ ကို ငါ သိုဝှက်မှီတန်းနေရင်းနဲ့ 
သစ်ပင်တစ်ပင်မှာ ….သစ်ရွက် မထွက် ခဲ့ဖူး…
ဒါပေမယ့်   ကမ္ဘာ ရဲ့ အသီးအပွင့် တွေ ကို စားသုံးမယ့် သစ်ရွက်တွေ ကြွေ လွှင့် ခဲ့ တယ်…..
ပထမဆုံး ကြုံတွေ့ မှု တစ်ခု လည်းဖြစ်တယ်…..
(   ပထမဆုံး ဆိုတာမျိုးရှိရင် ဒုတိယ ဆိုတာ ရှိစမြဲ ပါ…)
(   ဒုတိယ ဆိုတာ ရှိခဲ့ ရင်ကော………)
ငါ ဆုတောင်းခဲ့ပါတယ်……….
လီယိုနာ ဒါဗင်ချီ က…. မိုနာလီဆာ ကိုေ၇းဆွဲသူတစ်ယောက်ပါ….
တစ်ခြားတစ်ဖက်မှာ..Glaider ကို ဖန်တီးသူတစ်ယောက်လည်း ဖြစ်တယ်….
ငါတို့ တွေ ရဲ့ တစ်ခြားတစ်ဖက်မှာ အ၇ာ ၀တ္တုတစ်ခုကို ချုပ်ကိုင် ထားသော်လည်း
ကျန်တစ်ဖက်မှာ အရာတစ်ခု ဟာ ဆုံးရှုံးနေဆဲပဲ…..
ရရှိနေခြင်းလည်းဖြစ်တယ်…..ဒါဟာ
ရှိနေခြင်း တစ်ခုဟာ ပျက်နေခြင်း တစ်ခုလည်းဖြစ်တယ်…….
သို့ ပေမယ့်….ငါရဲ့ ပထမဆုံးက တစ်ခြားတစ်ဖက်မဟုတ်သလို
သစ်ပင်တစ်ပင်ကို လွန်ဆွဲနေခဲ့သလိုပဲ………
တစ်ကမ္ဘာ နဲ့ တစ်ကမ္ဘာ….ထိတွေ့ မှု မသိသေးတာပဲ ဖြစ်မှာပေါ့………
အရာအားလုံး အစပြုဖို့ ပဲလိုအပ်နေတာပါ………………………………
ငါ့ဘက်မှာတော့ ……………………….သဲသောင်ပြင်နဲ့ ရေ……………..
—မင်းဆီမှာကကော……………………
                                                                                    အာကာ..
In: ကဗျာ Posted By: Date: Jan 26, 2014
Leave Comments
Name*
Email*
Website
Email me whenever there is new comment