Professional Authors

ဘ၀၏ နတ်သမီး

            ( ၁ )
ပျံနေတဲ့ ငှက်ကလေးတွေအတိုင်း
လွင်ပြင်ကျယ်ကျယ်
ငါဖြတ်ရဲတယ်
နင်သာ ငါ့အနားအမြဲရှိရင်ကွယ် … ။

ကူးခတ်နေတဲ့ ငါးကလေးတွေအတိုင်း
သမုဒ္ဒရာပြင်ထဲ
ငါဖြတ်ရဲတယ်
နင်သာ ငါ့အနားအမြဲရှိရင်ကွယ် … ။

ပြောင်းလဲနေတဲ့  ဖြစ်စဉ်တွေအတိုင်း
လောကဓံထဲ
ငါဖြတ်ရဲတယ်
နင်သာ ငါ့အနားအမြဲရှိရင်ကွယ် … ။

            ( ၂ )
နင်သာ ငါ့အနားရှိရင် …
…………………………
နွေဟာ ပူလောင်နေမလား
အေးချမ်းစေတယ် … ။
မိုးသက်လေပြင်း ကျရောက်နေမလား
ငြိမ်းချမ်းစေတယ် … ။
ဆောင်းဟာ အေးစက်နေမလား
နွေးထွေးစေတယ် … အကြင်နာတွေနဲ့   ။

            ( ၃ )
တိတ်တိတ်လေးနေပါ
အိပ်ယာဝင်တဲ့ အခါ
မင်းနားထောင်ဖို့ 
ပုံပြင်ဟောင်းတစ်ပုဒ်ပါ … ။

ဘ၀ ခဏတာ
ဝမ်းနည်းနေတဲ့ အခါ
မင်းငိုကြွေးဖို့ 
ပခုံးတစ်ဖက်ပါ … ။

လောကဒဏ် ကြမ်းတမ်း
စိတ်ဓာတ် လဲပြို
မင်းအရှုံးပေးဖို့ 
ညည်းဆိုတဲ့ အခါ
ငါဟာ နင့်ဘေးနားမှာ
မားမားမတ်မတ်
ဒိုင်းတစ်လက်ဖြစ်ချင်တယ် … ။

In: ကဗျာ Posted By: Date: Jul 23, 2013
Comment #1

Woeeeeee. 😉

commentinfo By: ei lay at Nov 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment