Professional Authors

ငြိမ်းချမ်းရေးပန်းတိုင်သစ်ဆီသို့ – ကဗျာချစ်သူ(ဘုတလင်)

*ခင်မင်သူပေါများသမို့

သူ..ကြီးရဲ့အသုဘ

စည်ကားပါဘိ

ကားတန်းကြီးကတစ်မျှော်တစ်ခေါ်

သူ..ကြီးသာသိရင်ဖြင့်

ဝမ်းသာပီတိဘယ်လောက်ဖြစ်ရှာဘိ

သြော်…ကိုယ့်အသုဘကိုတောင် ကိုယ်မသိကြပါလား…။

*ပင်လယ်ကမ်းခြေအလွမ်းပြေလောက်ပါရဲ့

အလှအပတွေရဲ့အောက်မှာ တွေဝေနေဆဲ

နာဂစ်မုန်တိုင်းဝုန်းဒိုင်းကြဲလို့

ဘာမှန်းမသိတခဏအတွင်း

ချစ်ခင် ကြင်ဖော်မကူနိုင်ရှာကြပဲ

ဝက်ဝက်ကွဲမျှသေပွဲဝင်ခဲ့ကြတာ

သြော်…ကိုယ့်မနက်ဖြန်ကိုတောင် ကိုယ်မသိနိုင်ကြပါလား…။

*လူ့ဘ၀ဆိုတာခဏလေးပါ

မသေသမျှနေရကာလ

ဘာ့ကြောင့်အမုန်းပွားနေကြပါလိမ့်

လူမျိုး၊ လူခြား မခွဲခြားဘဲ

ဘာသာတရားမခွဲခြားဘဲ

မိတ်ဆွေမပျက်လက်တွဲကြလျှက်

ဘာ့ကြောင့်အတူတွဲ မနေနိုင်ကြတာလဲ…။

*လူမျိုးတိုင်း လူမျိုးတိုင်း

ဘာသာတိုင်း ဘာသာတိုင်း

ချစ်ခင်မှု၊ ကြင်နာမှု၊ နွေးထွေးမှုတွေ

လူမျိုး ဘာသာအလျှောက်အလှပတရားတွေရှိနေကြတာပါ

သဘာဝကဖန်တီးပေးတဲ့ဒီကမ္ဘာပေါ်မှာ

လွတ်လပ်စွာနေပြီး အကြင်နာတွေနဲ့ပြည့်နေရင်

ဘယ်လောက်ကောင်းမလဲ…။

*ဘာသာစစ်ပွဲရပ်စဲကြပါ

လူမျိုးစစ်ပွဲရပ်စဲကြပါ

လှပတဲ့သဘာဝတရားရဲ့အောက်မှာ

လွတ်လပ်စွာကိုးကွယ်ကြ

လွတ်လပ်စွာအတူနေကြလို့

ငြိမ်းချမ်းတဲ့ကမ္ဘာလေးတည်ဆောက်ဖို့

ဘာသာရေး၊လူမျိုးရေးသွေးခွဲစကားတွေ

မပြောကြပါပဲ…အတူလက်တွဲနေကြပါစို့…။

 

              ကဗျာချစ်သူ(ဘုတလင်)

 

 

 

 

In: ကဗျာ Posted By: Date: Apr 25, 2013
Comment #1

Phat shu arr pay twar par ei

commentinfo By: ei lay at Apr 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment