Professional Authors

အပိုလူ (မင်းကိုချစ်တဲ့သူ)

ပျော်ရွင်ခြင်းတွေ ပြည့်လျှံသူတွေက
မနက်ဖြန်တွေကို ဆေးခြယ်ကြတယ်
ပျော်ရွင်ခြင်းတွေ ဆိတ်သုဉ်းသူက
မနက်ဖြန်တွေကို မုန်းတီးကြတယ်
ငါမှာတော့ ဒီနေ့ကိုမနည်းရုန်းနေရသူပေါ့…

လိုရာဆုတောင်းတော့လည်း
တောင်းတဲ့ဆုမပြည့်ခဲ့ဖူးပါဘူး
မလိုချင်တာတွေပဲ ရခဲ့သူပါ
အစီအစဉ်တကျ မဖြစ်နိုင်တဲ့ဘ၀မှာ
ဖြစ်လာတဲ့အတိုင်း အစီအစဉ်ကျအောင်
နေရတာပေါ့…

ထင်သလို မဖြစ်လာနိုင်တော့လည်း
သူလိုငါလို ထင်ရာဆိုင်းယုံပေါ့
ဘာမှမရနိုင်တော့လဲ ဘာမှမလိုချင်တော့ဘူး
ဘာမှမလိုအပ်တဲ့ ဘ၀မှာတော့
စိတ်ညစ်စရာတွေ ရှားပါလာတာပေါ့…

ငါဟာ အပိုလူတစ်ယောက်ပါ
ငါ့ကိုလိုအပ်ရင်တော့ ပြောပါ
လိုသလို ယူသုံးကြပါ
မလိုအပ်တော့ရင်လဲ ပြောပါ
ငါအလိုက်သိသိ ထွက်သွားပေးပါ့မယ်…

ဒါပေမယ့် ကျေးဇူးပြုပြီး…
ငါ့ကို ခဏဖြစ်ဖြစ်လူရာသွင်းပေးပါ
လူဖြစ်လာခဲ့တဲ့ ဒီကမ္ဘာကြီးမှာ
ငါအသက်ရှင်ချိန်လေး တစ်ခါလောက်ဖြစ်ဖြစ်
လူတစ်ယောက်ကို ငါယုံကြည့်ချင်တယ်…

အသက်တွေကြီးလာလေ
လူတွေကမယုံရလေပဲ
အားလုံးကတကိုယ်ကောင်းသမားတွေပါပဲ
တိုက်ဆိုင်မှုတွေရှိရင်တော့ခွင့်လွှတ်ပါ
ဒါပေမယ့် ငါတကယ်ရည်ရွယ်ခဲ့တာပါ…

မှတ်ချက်။  ။ စိုင်းစိုင်းရဲ့ စာသားကို ယူသုံးထားပါသည်…

In: ကဗျာ Posted By: Date: Apr 23, 2013
Comment #1

ကဗျာအရာရောက်ပါတယ်
လူရာလည်းသွင်းပါတယ်

commentinfo By: မေပျို at Apr 23, 2013
Comment #2

အသက်တွေကြီးလာလေ
လူတွေကမယုံရလေပဲ
အားလုံးကတကိုယ်ကောင်းသမားတွေပါပဲ
တိုက်ဆိုင်မှုတွေရှိရင်တော့ခွင့်လွှတ်ပါ
ဒါပေမယ့် ငါတကယ်ရည်ရွယ်ခဲ့တာပါ…

commentinfo By: cynthia at Apr 24, 2013
Comment #3

Hote de.
Hote de.
Hote de.
Tat Shi Lu tarr ta yout so tar laee ko ti say chin de.

commentinfo By: ei lay at Apr 24, 2013
Comment #4

လာရောက်ဖတ်ရှုသူအားလုံကို ကျေးဇူးအထူးတင်ပါ၏…

commentinfo By: deadxromeo at Apr 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment