Professional Authors

ဖြစ်သလိုများ

တကယ်ပါ..ခုလဲ ဖြစ်သလို
နောင်လဲ ဖြစ်သလို
သတိထားကြည့်မိတိုင်းဖြစ်သလိုပဲ
နောက်လှည့်ကြည့်ရင်လဲ ဖြစ်သလို
ရှေ့လှမ်းကြည့်ရင်လဲ ဖြစ်သလို
ဘေးဘယ်ညာကလဲ ဖြစ်သလို
ကျွန်တော်ကိုယ်တိုင်လဲ ဖြစ်သလို
သူများတကာတွေလဲ ဖြစ်သလို
နေသားကျနေတာတွေက ဖြစ်သလို
အရိုးစွဲနေတာတွေက ဖြစ်သလို
ပြင်ဆင်ဖို့ စိတ်ကူးမရတာတွေကဖြစ်သလို
မျက်မှန်းတန်းမိနေတာတွေက ဖြစ်သလို
ဒီလိုနဲ့
မိုးလင်းနောက်တစ်နေ့များစွာက ဖြစ်သလို
မိုးချုပ်နေ၀င်ချိန်တိုင်းကလဲ ဖြစ်သလို
ဖြစ်သလို ..ဖြစ်သလိုတွေ
ဖြစ်သလိုပဲ ..ခဏခဏ..ခုလိုမျိုး…..
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

In: ကဗျာ Posted By: Date: Apr 11, 2013
Comment #1

အားပေးနေပါတယ်ခင်ဗျ…

သိပ်တော့မကြိုက်ဘူးခင်ဗျ ကျွန်တော်မမှီတာ ဖြစ်ပါလိမ့်မယ်

ခင်မင်လေးစားလျက်ပါခင်ဗျ

commentinfo By: အသဲကွဲမိုး at Apr 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment