Professional Authors

ခေတ်

ဝင်ငွေတွေ များလာတယ်..
သို့သော် အချိန်တွေ ရှားပါးလာတယ်..
အပေါင်းအသင်းတွေ ပေါလာတယ်
သို့သော် မိတ်ဆွေစစ်တွေ ရှားပါးလာတယ်..
ရုပ်ပိုင်းဆိုင်ရာ လှပစေတဲ့ ပြုပြင်မှုတွေ တိုးတက်မှုတွေ ပေါ်ထွန်းလာတယ်
သို့သော် စိတ်ပိုင်းဆိုင်ရာ လှပမှုတွေ ဆုတ်ယုတ်ကုန်တယ်.
ပျားသကာလို ချိုမြလွန်းတဲ့ အပြုံးတွေ လူသားအားလုံးတပ်ဆင်ထားတယ်
သို့သော် ကျောနောက်က လက်ထဲက အဆိပ်သုတ်လိမ်းထားတဲ့ ဓါးတွေကိုယ်ဆီ ဆွဲကိုင်ထားကြတယ်
လူသားတွေ ခေတ်နဲ့အမှီ တိုးတက်နေကြတယ်
သို့သော် ရင်ဘတ်ထဲက ကြင်နာမှု မေတ္တာတရားကတော့ ပါးလှပ်လှပ်ပဲ ကျန်တော့တယ်..

In: ကဗျာ Posted By: Date: Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment