Professional Authors

သင်းကွဲငိုသံတွေတွဲချုပ်ခဲ့တဲ့ ဝေဒနာပေါင်းချုပ်

အပေအတေဆိုတဲ့ ရင်ခွင်ပျက်ထဲကမေတ္တာအစုပ်တွေ
(ဟုတ်တယ်…..)
ကျွန်တော်ဆိုတာက တန်းဖိုးမဲ့တဲ့ အရုပ်တစ်ရုပ်..၊
ပုံပြင်တစ်ပုဒ်နဲ့ ချုပ်ရိုးဖြေ ဖို့ကလည်းမလွယ်
ဒီသချိုင်္င်းက လူဂုဏ်ထန် တွေနေတဲ့အရပ်
ဘဝဆိုတဲ့နွေက
အတော်အတန်လေး
ပူပေးဖို့မေ့နေခဲ့တယ်ထင်ရဲ့
ကျွန်တော် အခုရောက်နေတာက
ပစ္စုပ္ပန် မဟုတ်ဘူး…။

အပြောင်းအလဲတွေကလဲ
ကာလအပိုင်းအခြားထဲမှာ ကြေမွလို့
ဆုံးဖြတ်ရခက်တဲ့အထဲ
ဒီအယူအဆက လာမဲနေတယ်.၊
(တော်ပြီဗျာ…)
ခင်ဗျားတို့ဘာမှမသိပဲလာမပြောနဲ့
ကျွန်တော်အခုရောက်နေတာက
ပစ္စုပ္ပန်မဟုတ်ဘူးဗျ…။    ။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Aug 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment