Professional Authors

အချိန်တန်ရင် ……….


မ မျက်နှာလေးကို မတွေ့ရဲ့နေ့
မ နဲ့ စကားမပြောရတဲ့ရက်တိုင်းဟာ
ရေမရှိတဲ့ သဲကန္တာရလို
အချစ်မရှိတဲ့ ဘ၀ဟာ
ကျွန်တော့်အတွက်တော့ ရည်မှန်းချက်ပျောက်ဆုံးခဲ့ပြီ ………

အချိန်တန်ရင် ဒီရင်ကို
စုံကန်မှာမယ်ဆိုတာ သိသိနဲ့လဲ
ချစ်မိခဲ့တယ် ……..

မ ရက်စက်တယ်ဗျာ
မ ကျွန်တော့်ကို အဆက်အသွယ်ဖြတ်ထားလဲ
ကျွန်တော့်ရင်ထဲမှာ မပဲရှိတယ်
နေရာတိုင်း အချိန်တိုင်း
မရဲ့ ပုံရိပ်တွေကိုမြင်ယောင်နေမိတယ် ……..

မက ကျွန်တော့်ကို မတွေ့ရလဲ
နေနိုင်ပေမယ့်
ကျွန်တော်ကတော့ မနေနိုင်ဘူး….. မ

မ အတွက် အမြဲတိုင်း စဉ်းစားပေးခဲ့တယ်
အဲ့အတွက်ကြောင့် ကျွန်တော့်ဘ၀မှာ
ငါ့အတွက်ဆိုတာတောင် မရှိတော့ဘူး ….. မ

စိတ်ညစ်တယ်
စိတ်ညစ်တော့ သတိရတယ်
သတိရတော့ လွမ်းမိတယ်
လွမ်းမိတော့ ချစ်ခဲ့တာကိုစဉ်းစားတယ်
စဉ်းစားရင်း မ ကျွန်တော့် ရင်ခွင်ထဲကို
ပြန်လာမယ့် အချိန်ကိုမျှော် နေမိတယ် ……….

စိတ်ညစ်တယ်
စိတ်ညစ်လေ ပိုချစ်လေပဲ

In: ကဗျာ Posted By: Date: Aug 25, 2012
Comment #1

Wow..
Yin khone twar p.
Thz so much

commentinfo By: ei lay at Aug 26, 2012
Comment #2

ပြန်လာမယ့် အချိန်ကိုမျှော် နေမိတယ် ………

♫ ♪ ♫ ♪ ညတိုင်းပဲ မ ကိုအိပ်ပျက် ခံပြီးလွမ်းတာ ကျွန်တော့်ရဲ့အဖြစ်ကိုသနားပါဗျာ……..♪ ♪ ♫ ♫.

commentinfo By: moezat at Aug 26, 2012
Comment #3

😛
😛
😛

commentinfo By: ei lay at Aug 27, 2012
Comment #4

^__^
^__^
^__^

commentinfo By: ei lay at Nov 5, 2012
Comment #5

I miss u.

commentinfo By: ei lay at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment