Professional Authors

အမှတ်တရ

နွေနဲ့လွဲတဲ့နောက်တော့
မိုးသီချင်းလဲ မကြားချင်တော့ပါဘူး
နှင်းဦးမှာသာ ငါ့ကိုခေါ်စမ်းပါ…

မေရေ
သူငယ်ချင်းဆိုတာထက်
ငါပို အိပ်မက်မိတာလဲရှိရဲ့
သိသိနဲ့ ပဲ ဆက်ရှောင်လွှဲပေါ့ကွယ်…

ဆူးအပြည့်နဲ့လူလဲ
အသဲကွဲတာပါပဲ
အလွန်ဆုံး သီအိုရီတစ်ခု ဖောက်လွဲရုံပေါ့…

ဆန္ဒတွေ မွေးနေ့မွေးရက်
မထပ်မချင်း ရင်ခွင်မလင်းခဲ့ဘူး
အသည်းဦးမှာ အလင်္ကာတချို့နဲ့ပေါ့…

ရှိနေမှာပါ ဆက်ကိုရှိနေမှာပါ
ထာဝရဆိုတာ ခဲဖျက်မတိုးဘူးလေ
တွေတွေဝေေ၀ တစ်ပွင့်နဲ့ပဲ
လွင့်ဝဲခဲ့တယ်…

ပျော်နေပါ မေ..
ဒီကောင်လဲသတိရနေပါရဲ့
ခွဲခွာခြင်းမရှိပဲ
နောက်တစ်ခေါက် ရာသီခေါက်ရိုးကျိုးအကျိုးမှာ
သတိရစရာတွေ ပို့လာအုန်းပေါ့ကွယ် 

In: ကဗျာ Posted By: Date: Jun 30, 2012
Comment #1

🙂
🙂
🙂

commentinfo By: ei lay at Jun 30, 2012
Comment #2

ရှိနေမှာပါ ဆက်ကိုရှိနေမှာပါ
ထာဝရဆိုတာ ခဲဖျက်မတိုးဘူးလေ
တွေတွေဝေေ၀ တစ်ပွင့်နဲ့ပဲ
လွင့်ဝဲခဲ့တယ်…
…….
နှစ်သက်စွာအားပေးနေလျှက်

commentinfo By: အသဲကွဲမိုး at Jun 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment