Professional Authors

အိမ်ပြန်လမ်းတွေတူကြရင်…

နင်ငါ့ဘေးနားမှာ မရှိတော့တဲ့တနေ့က
ငါမျက်လုံးတွေကို မှိတ်လိုက်တော့
နင့်အပြုံးတွေကို တွေ့ရတယ်။

နင်ငါ့ဘေးနားကို ပြန်ရောက်လာတဲ့နေ့က
ငါမျက်လုံးတွေကို မှိတ်လိုက်တော့လည်း
နင့်အပြုံးတွေကို တွေ့ရတာပဲ။

ဖြူစင်မှုတွေနဲ့ သွင်းလောင်းထားတဲ့
ငါ့ချစ်ခြင်းတွေကို
နင်ပိုင်ဆိုင်ထားတဲ့အတွက်
ငါအကုန်ပေးထားတဲ့အတွက်
နင့်မျက်လုံးတွေကိုဖွင့်ထားတဲ့အချိန်တိုင်း
နင့်ဘေးနားမှာ ငါရှိနေချင်တယ်။
နင့်ဘေးနားမှာ ငါကိုရှိနေခွင့်ပေးပါ။

မပြောင်းလဲနိုင်တဲ့ ငါ့ချစ်ခြင်းတွေအတွက်….
ဒါမှမဟုတ်
ဘယ်ချိန်မဆိုရှိနေတတ်တဲ့
ငါ့မျက်လုံးထဲကနင့်အပြုံးတွေအတွက်…..

လရောင်အောက်မှာ နှစ်ယောက်အတူ
ကြယ်တွေငေးရင်း ရေတွက်ပါရစေ…..။
မီးရောင်အောက်မှာ နှစ်ယောက်အတူ
TVကြည့်ရင်း ရန်ဖြစ်ပါရစေ…..။
မနက်တိုင်းမှာ ထမင်းကြော်ကို
နင်စားဖို့အတွက်ကြော်ပါရစေ…..။    ။

In: ကဗျာ Posted By: Date: May 23, 2012
Comment #1

နင်ငါ့ဘေးနားကို ပြန်ရောက်လာတဲ့နေ့က
ငါမျက်လုံးတွေကို မှိတ်လိုက်တော့လည်း
နင့်အပြုံးတွေကို တွေ့ရတာပဲ။

commentinfo By: ရနံ့ at May 23, 2012
Comment #2

so touching to my heart.
really really perfect,
me too,,,
he is always in both my mind & my heart everytime.
noone can take his place coz i give him this chance (only 1) in my life.

commentinfo By: ei lay at May 23, 2012
Comment #3

huh,,
🙁

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment