Professional Authors

ကျွန်တော့် ရဲ့ မ…..

တစ်ခါ သုံး ဆိုပေမယ့်
တစ်သက်လုံးလည်း သိမ်းထားနိုင်ပါတယ်
ဒီအသိ ဒီနှလုံးသား တဲ့ .
မ.. ပြောတဲ့ စကား တွေ နာခံ ခဲ့တာပေါ့

အဲဒီနေ့ က ပါ.
ကျွန်တော် တစ်ယောက်တည်း
မုသားတွေ သက်သက် ထည့် ထား တဲ့
လက်ဖက်ရည် ချို ပေါ့ တစ်ခွက်ကို
တစ်ဝ ကြီး သောက်သုံး ခဲ့ ရတယ်

ဆိုက္ကား ဂိတ် တစ်ခု မှာ ထိုး တဲ့ ကျား ပွဲ
အငြင်း အခုံတော့ ရှိစမြဲ ပါ
ဒီလို နဲ့ ပဲ
မ နဲ့ ကျွန်တော် သွားတဲ့
ရာဟု နံ ဘုရား က
ပန်း တွေ လည်း ခြောက်ခဲ့ ရပြီ
ဆီမီးတွေ လည်း ငြိမ်းခဲ့ရပြီ

နွေခေါင်ခေါင် မိုးကြိုးပစ်တဲ့ နေ့
ရပ်ကွက်က ဘုံဆိုင်လေး မှာ
လူရှင်းနေပါတယ်…

သူငယ်ချင်းတွေ ကြားမှာ
အတင်းတွေ စုထား တဲ့ နေ့
အဖု အထစ်လေး တွေနဲ့
ကျွန်တော်တို့
လက်ပြန်တွဲ ခဲ့

အသွေး အသက် မဟုတ်လား
ဈေးသက်သက် ပဲ ဆစ်ကြည့်ကြတော့
မနက်ဖြန် မနက်က
ကျွန်တော် တို့ မ တို့ မင်္ဂလာပွဲ ပါ..။

In: ကဗျာ Posted By: Date: May 26, 2010
Comment #1

ဘာလို နေမှန်းကို မသိပါဝူး . ကိုယ့် ကဗျာ ကိုယ်ဖတ်ပြီ စိတ်ညစ်နေရတရ်…
ဟိုက လို ဒီက လို နဲ့ စိတ်တိုင်း မကျ ခြင်း တွေ အပြည့်ပဲ .

commentinfo By: peaceboy at May 26, 2010
Comment #2

ကျွန်တော် တို့ မ တို့ မင်္ဂလာပွဲ ပါ..။

ဒီမှာ နှစ်ယောက်စလုံးက သတ်သတ်စီဆောင်တဲ့အဓိပ္ပာယ်ထွက်နေတယ်နော်။ တစ်ယောက်နှင့်တစ်ယောက် ပေါင်းစည်းဆောင်မယ်ဆိုရင်တော့ ကျွန်တော်နှင့် မတို့ မင်္ဂလာပွဲလို့ သုံးနှုန်းရင် ပိုကောင်းမယ်ထင်တယ်နော်။ လိုတာတွေတော့ များကြီးပဲ။

commentinfo By: manawphyulay at May 27, 2010
Comment #3

ဘာလိုနေလဲဆိုတော့
ပထမအပိုဒ်လေးဖတ်တုန်းကတော့..တစ်မျိုး
နောက်ဆုံးအပိုဒ်ကျတော့တစ်မျိုး
ကဗျာဆရာပေးချင်တဲ့.ရသ..ကဘာလဲမသိတော့ဘူးဖြစ်သွားတာ..

commentinfo By: နော်ဧရာဝတီ at Jul 8, 2010
Comment #4

inn,,,
ta myo lay pop

commentinfo By: ei lay at Dec 13, 2011
Comment #5

Big smile

commentinfo By: ei lay at Dec 15, 2012
Comment #6

😛

commentinfo By: မေပျို at Jun 27, 2013
Comment #7

<3

commentinfo By: ei lay at Jul 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment