Professional Authors

တေလေငှက်၏ရူးမိုက်ခြင်း

လှည့်ကြည့်ရင် ငါ့ခြေရာနဲ့ ငါ့အရိပ်ပဲရှိတယ်
ဟန်ဆောင်ဖုန်းကွယ်တတ်မှုတွေလဲမရှိဘူး..
မာန်မာနတွေလဲ မရှိဘူး လောဘဇောတွေလဲမရှိဘူး
မနာလို ၀န်တိုတာတွေလဲမရှိဘူး
ဘာမှ မရှိတဲ့ငါ့ဘ၀က ခြောက်ကပ်ကပ်နဲ့ အထီးကျန်ဆန်ပါတယ်ကွာ…
ဝင်လာရဲမှ ၀င်လာပါ…..တိတ်ဆိတ်တဲ့ ဒီအခန်းကျဉ်းလေးထဲမှာ
ငါတစ်ယောက်တည်း အဓိပ္ပါယ်မဲ့တဲ့ နေ့တွေကို ဖြတ်သန်းလာတာ
အချိန်တွေဘယ်လောက်ကုန်သွားမှန်း ငါ့ကိုငါတောင် မသိတော့ပါဘူး
မူယာတွေမရှိဘူး မာယာတွေလဲ ခန်းခြောက်နေတယ်…
ရက်စက်တတ်တဲ့ နှလုံးသားနဲ့….အနိုင်ယူလိုချင်တဲ့ စိတ်တွေလဲ
သော့ခတ်သိမ်းဆည်းထားတယ်….ဒါပေမဲ့
ငါနေတာ ခရောင်းတောလမ်း……မင်းကြိုက်တဲ့ ပန်းမွှေ့ယာမဟုတ်တဲ့
ဆူးမွှေ့ယာ မှာ တစ်ယောက်တည်းနော်…မိုက်ရူးရဲဆန်စွာ ပါရမီဖြည့်ဖို့
မင်းကြိုးစားတော့မလို့လား….ငါ့ဘက်က စိတ်ချ
မင်းလာမယ်ဆို ထာဝရ…ဖြည့်စွမ်းမဲ့ မင်းအနား
ယိုင်လဲတိုင်း ငါ့ကို မှီတွယ်နိုင်တယ်…
ငါတတ်တာ ဒါတစ်ခု…ဖြူစင်တဲ့ အချစ်တစ်ခုပဲ
ပေးဆပ်မယ်…မင်းအတွက် အရူးမူး

(ဒဏ်ရာ)

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

wowwwwwwww
heart hti twar p kwar,,
koh bet kou pe tay char aung loak par naw,,
he,,he,,

commentinfo By: ei lay at Feb 27, 2012
Comment #2

ကလောင်နာမည်နဲ့ကို ကြိုက်သွားပြီ

commentinfo By: sone.pyuu at Feb 27, 2012
Comment #3

ei lay nout 1 khar htet p u twar par d,

commentinfo By: ei lay at Mar 2, 2012
Comment #4

ကဗျာထဲ က စိတ်ဓာတ်ကိုကြိုက်တယ်ဗျ

commentinfo By: sharon myorr myor at Mar 21, 2012
Comment #5

read 7 times.

commentinfo By: ei lay at Mar 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment